၁ ရာချုပ် 1:34 - မြန်မာ့စံမီသမ္မာကျမ်း အာဗြဟံသည် သားဣဇက်ကို ရ၏။ ဣဇက်၏သားများမှာ ဧသောနှင့် အစ္စရေး တို့ဖြစ်ကြ၏။ Common Language Bible အာဗြဟံ၏သားဣဇာက်တွင် ဧသောနှင့် ယာကုပ်ဟူ၍သားနှစ်ယောက်ရှိ၏။- Garrad Bible အာ ဗြ ဟံ့ သား ကား၊ ဣ ဇာက်၊ ဣ ဇက် သား များ ကား ဧ သော နှင့် ဣ သ ရေ လ တို့ တည်း။ Judson Bible အာဗြဟံသားကား ဣဇာက်၊ ဣဇာက်သားကား ဧသောနှင့် ဣသရေလတည်း။ |
ထိုအခါ ထိုသူက “သင်၏အမည်ကို ယာကုပ် ဟုမခေါ်တော့ဘဲ အစ္စရေးဟုခေါ်ရမည်။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်လည်းကောင်း၊ လူနှင့်လည်းကောင်း ပြိုင်၍နိုင်လေပြီ”ဟု ဆို၏။
ယာကုပ်ကလည်း “အရှင်၏အမည်ကို သိပါရစေ”ဟု ဆိုလျှင် ထိုသူက “အဘယ်ကြောင့် ငါ၏အမည်ကိုမေးသနည်း”ဟု ဆိုပြီး ထိုအရပ်၌ ယာကုပ်ကို ကောင်းချီးပေးလေ၏။
မိဒျန်၏သားများမှာ ဧဖာ၊ ဧဖေရ၊ ဟာနုတ်၊ အဘိဒနှင့်ဧလဒါ တို့ဖြစ်ကြ၏။ သူတို့အားလုံးသည် ကေတုရ၏သားမြေးများ ဖြစ်ကြ၏။
အာဗြဟံသည် သားဣဇက်ကိုရ၏။ ဣဇက်သည် သားယာကုပ်ကိုရ၏။ ယာကုပ်သည် သားယုဒနှင့်သူ၏ညီအစ်ကိုများကိုရ၏။
ယုဒသည် ယာကုပ်၏သား၊ ယာကုပ်သည် ဣဇက်၏သား၊ ဣဇက်သည် အာဗြဟံ၏သား၊ အာဗြဟံသည် တေရ၏သား၊ တေရသည် နာခေါ်၏သား၊
ဘုရားသခင်သည် အရေဖျားလှီးခြင်းနှင့်ဆိုင်သောပဋိညာဉ်ကိုလည်း အာဗြဟံအားပေးတော်မူသဖြင့် သူသည် သားဣဇက်ကိုရသောအခါ ရှစ်ရက်မြောက်သောနေ့၌ သူ့အား အရေဖျားလှီးခြင်းပေးခဲ့၏။ ဣဇက်သည် သားယာကုပ်ကိုလည်းကောင်း၊ ယာကုပ်သည် တစ်ဆယ့်နှစ်ပါးသောမျိုးနွယ်စုဖခင်တို့ကိုလည်းကောင်း ရလေ၏။