အကြောင်းမူကား ငါသည် သင်တို့၏ဘိုးဘေးတို့အား အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောနေ့မှစ၍ ယနေ့တိုင်အောင် ငါ့စကားကိုနားထောင်ကြလော့ဟု သူတို့အား အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း
၁ ရာ 8:9 - မြန်မာ့စံမီသမ္မာကျမ်း ယခု သူတို့စကားကို နားထောင်လော့။ သို့သော် သူတို့ကို အုပ်စိုးမည့်ရှင်ဘုရင်သည် သူတို့အပေါ် မည်သို့စီရင်အုပ်ချုပ်မည်ကို သူတို့အား ကြပ်ကြပ်သတိပေးပြောပြလော့”ဟု မိန့်တော်မူ၏။ Common Language Bible သို့ဖြစ်၍သူတို့ပြောသောစကားကိုနား ထောင်လော့။ သို့သော်ဘုရင်အုပ်စိုးသောအခါ ဘုရင်တို့၏ကျင့်ထုံးကျင့်နည်းတို့ကိုပြော ပြ၍ကြပ်တည်းစွာသတိပေးလော့'' ဟု မိန့်တော်မူ၏။ Garrad Bible ယ ခု မှာ သူ တို့ စ ကား ကို နား ထောင် လျက် အုပ် စိုး မည့် ဘု ရင်၏ ရာ ဇ သတ် ထုံး နည်း ကို ဖော် ပြ၍ သ တိ ပေး လော့ ဟု မိန့် တော် မူ ၏။ Judson Bible ယခုမှာ သူတို့စကားကို နားထောင်လော့။ သို့ရာတွင် သတိပေး၍ သူတို့ကိုအုပ်စိုးသော ရှင်ဘုရင်၏ထုံးစံကို ပြလော့ဟု မိန့်တော်မူ၏။ |
အကြောင်းမူကား ငါသည် သင်တို့၏ဘိုးဘေးတို့အား အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောနေ့မှစ၍ ယနေ့တိုင်အောင် ငါ့စကားကိုနားထောင်ကြလော့ဟု သူတို့အား အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း
ဆိုးယုတ်သောသူအား ‘သင်မုချသေရမည်’ဟု ငါဆိုလျက်နှင့် သူ၏ဆိုးယုတ်ခြင်းလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရရန် သင်သည် သူ့ကို သတိမပေး၊ မပြောပြဘဲနေလျှင် ထိုဆိုးယုတ်သောသူသည် သူ့အပြစ်ကြောင့် သေရမည်။ သို့သော် သူ့အသက်ကို သင့်ထံမှ ပြန်တောင်းမည်။
မင်းသားသည် ပြည်သူတို့ပိုင်ဆိုင်သောအမွေမြေကို အနိုင်အထက်မလုယူရ။ သူ့သားများအား သူပိုင်ဆိုင်သောမြေထဲမှ အမွေခွဲဝေပေးရမည်။ သို့မှ ငါ့လူမျိုးတော်တစ်စုံတစ်ယောက်မျှ သူတို့ပိုင်ဆိုင်သောအမွေမြေမှ ကွဲလွင့်သွားရတော့မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ထို့နောက် ရှမွေလက ဘုရင်နှင့်ဆိုင်သောစီရင်ထုံးဖွဲ့ချက်တို့ကို လူတို့အား ပြောပြပြီး စာလိပ်၌ရေးထား၍ ထာဝရဘုရားရှေ့တော်၌ ထားလေ၏။ ထို့နောက် ရှမွေလသည် လူအပေါင်းတို့ကို မိမိတို့အိမ်သို့ အသီးသီးပြန်စေ၏။
ထိုအခါ ရှမွေလက အစ္စရေးလူမျိုးအပေါင်းတို့အား “ကြည့်ရှုလော့။ သင်တို့စကား၊ သင်တို့ပြောသမျှကို ငါနားထောင်ပြီး သင်တို့ကို အုပ်စိုးမည့် ရှင်ဘုရင်ကို ငါတင်မြှောက်ပေးခဲ့ပြီ။
ရှောလုမင်းကြီးလက်ထက်ကာလပတ်လုံး ဖိလိတ္တိလူမျိုးတို့နှင့် တိုက်ပွဲပြင်းပြင်းထန်ထန်ဆင်နွှဲခဲ့ရ၏။ သူသည် ခွန်အားကြီးသူ၊ ရဲစွမ်းသတ္တိရှိသူတို့ကို ခေါ်ယူစုဆောင်းထားတတ်၏။
လူတို့အတွက် ယဇ်ပုရောဟိတ်တို့ပြုပေးရသောထုံးစံရှိသည့်အတိုင်း တစ်စုံတစ်ယောက်သည် ယဇ်ပူဇော်သောအခါ အသားကိုပြုတ်နေစဉ်မှာပင် ယဇ်ပုရောဟိတ်၏ငယ်သားသည် သုံးခွခက်ရင်းကိုကိုင်လျက်ရောက်လာပြီး
သူတို့ကို အီဂျစ်ပြည်မှ ငါထုတ်ဆောင်ခဲ့သည့်နေ့မှစ၍ ယနေ့ချိန်ထိ ငါ့ကိုစွန့်ပယ်ပြီး အခြားဘုရားများကို ဝတ်ပြုကြ၏။ ထိုသို့ ငါ့ကို ပြုသမျှအတိုင်း သင့်ကိုလည်း ပြုလေပြီ။