ထို့ပြင် အဗရှလုံက “ဤပြည်တွင် ငါ့ကို တရားသူကြီးအဖြစ်သာ ခန့်ထားလျှင် အမှုကိစ္စရှိသူ၊ အဆုံးအဖြတ်လိုအပ်သူ မည်သူမဆို ငါ့ထံသို့လာသောအခါ သူတို့ကို ဖြောင့်မတ်မှန်ကန်စွာ ငါစီရင်ပေးမည်”ဟု ဆို၏။
၁ ရာ 8:3 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သူ့သားတို့သည် သူလျှောက်သောလမ်းအတိုင်း မလိုက်ကြ။ မတရားအကျိုးစီးပွားကိုရှာကြ၏။ တံစိုးလက်ဆောင်ကို ခံယူကြ၏။ တရားမျှတမှုကို လွှဲရှောင်ကြ၏။ Common Language Bible သို့ရာတွင်အဖ၏လမ်းစဉ်ကိုမလိုက်ကြ။ ငွေကြေးရရှိမှုကိုသာလျှင်စိတ်ဝင်စား သဖြင့် တံစိုးလက်ဆောင်ယူကာအမှုများ ကိုမတရားစီရင်ဆုံးဖြတ်ကြ၏။ Garrad Bible အ ဘ နည်း လမ်း သို့ မ လိုက် ဘဲ ငွေ ကို ငဲ့ သ ဖြင့် တံ စိုး စား၍ အ လွဲ ဆုံး ဖြတ် ကြ သ တည်း။ Judson Bible သို့ရာတွင် အဘလမ်းသို့မလိုက်။ ငွေကိုတပ်မက်သောစိတ်နှင့် လွဲသွား၍ တံစိုးစားလျက် တရားကိုဖျက်ကြ၏။ |
ထို့ပြင် အဗရှလုံက “ဤပြည်တွင် ငါ့ကို တရားသူကြီးအဖြစ်သာ ခန့်ထားလျှင် အမှုကိစ္စရှိသူ၊ အဆုံးအဖြတ်လိုအပ်သူ မည်သူမဆို ငါ့ထံသို့လာသောအခါ သူတို့ကို ဖြောင့်မတ်မှန်ကန်စွာ ငါစီရင်ပေးမည်”ဟု ဆို၏။
မိမိငွေကို အတိုးဖြင့်ချေးငှားခြင်းမပြု၊ အပြစ်ကင်းသောသူကိုထိခိုက်စေသည့် တံစိုးလက်ဆောင်ကိုလက်မခံသောသူပင်တည်း။ ဤသို့ပြုသောသူသည် မည်သည့်အခါမျှတုန်လှုပ်မည်မဟုတ်။
ထိုသူတို့လက်ထဲ၌ ဆိုးညစ်သောအကြံရှိ၍ သူတို့၏လက်ယာလက်သည် တံစိုးလက်ဆောင်နှင့်ပြည့်နေပါ၏။
လူအပေါင်းတို့ထဲမှ အရည်အချင်းရှိသောသူ၊ ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊ သစ္စာရှိသောသူ၊ မတရားသောအကျိုးစီးပွားကိုမုန်းသောသူတို့ကို ရွေးချယ်၍ သူတို့ကို လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အဖြစ် ခန့်ထားရမည်။
တံစိုးလက်ဆောင်ကို လက်မခံရ။ အကြောင်းမူကား တံစိုးလက်ဆောင်သည် ပညာရှိ၏မျက်စိကို ကန်းစေ၍ ဖြောင့်မတ်သောသူ၏စကားကို မှားယွင်းချွတ်ချော်စေတတ်၏။
ထိုသူသည် ပညာရှိသောသူဖြစ်မည်လော၊ သို့မဟုတ် မိုက်မဲသောသူဖြစ်မည်လော မည်သူသိနိုင်သနည်း။ သို့သော် နေအောက်တွင် ဉာဏ်ပညာရှိစွာငါကြိုးပမ်းအားထုတ်သည့် ငါ၏ကြိုးပမ်းအားထုတ်မှုအားလုံးကို ထိုသူသည် စိုးမိုးရလိမ့်မည်။ ဤအရာသည်လည်း အချည်းနှီးဖြစ်၏။
သင်၏အကြီးအကဲတို့သည် သူပုန်ဖြစ်ကြပြီ။ သူခိုးလက်ခံဖြစ်ကြပြီ။ သူတို့အားလုံးသည် တံစိုးလက်ဆောင်ကိုနှစ်သက်၍ ဂုဏ်ပကာသနနောက်သို့လိုက်ကြပြီ။ သူတို့သည် ဖတဆိုးဘက်မှ တရားသဖြင့်မစီရင်ကြ။ မုဆိုးမ၏အမှုကိုလည်း မဖြေရှင်းကြ။
ဖြောင့်မတ်စွာအသက်ရှင်လျှောက်လှမ်း၍ ဟုတ်မှန်သောစကားကိုပြောသူ၊ ဖိနှိပ်ညှဉ်းပန်းခြင်းဖြင့်ရသောအကျိုးစီးပွားကိုငြင်းပယ်၍ တံစိုးလက်ဆောင်ကို လက်မခံဘဲ ငြင်းဆိုသူ၊ သတ်ဖြတ်မှုအကြောင်းကို မကြားမိအောင် နားပိတ်ထားသူ၊ မကောင်းသောအရာများကို မကြည့်မိအောင် မျက်စိပိတ်ထားသူ၊
အကြီးအမှူးတို့သည် တံစိုးလက်ဆောင်ရရန် တရားစီရင်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း အဖိုးအခရရန် သွန်သင်ကြ၏။ ပရောဖက်တို့သည်လည်း ငွေရရန် ဂမ္ဘီရအတတ်ဖြင့် ဟောပြောကြ၏။ ထာဝရဘုရားကို အမှီပြု၍လည်း “ထာဝရဘုရားသည် ငါတို့အလယ်တွင်ရှိတော်မူသည် မဟုတ်လော။ ငါတို့အပေါ်ဘေးအန္တရာယ်ကျရောက်မည်မဟုတ်”ဟု ဆိုတတ်ကြ၏။
သင်သည် တရားမျှတခြင်းမှမသွေဖည်ရ၊ မျက်နှာမလိုက်ရ၊ တံစိုးလက်ဆောင်ကို လက်မခံရ။ အကြောင်းမူကား တံစိုးလက်ဆောင်သည် ပညာရှိ၏မျက်စိကို ကန်းစေ၍ ဖြောင့်မတ်သောစကားကို မှားယွင်းချွတ်ချော်စေတတ်၏။
သူသည် သေသောက်ကြူးသောသူ၊ ကြမ်းကြုတ်သောသူမဟုတ်ဘဲ ညင်သာသောသူ၊ ရန်မတွေ့တတ်သောသူ၊ ငွေကိုမတပ်မက်သောသူ၊
အကြောင်းမူကား ငွေကိုတပ်မက်ခြင်းသည် မကောင်းမှုအလုံးစုံတို့၏အရင်းအမြစ်ဖြစ်၏။ လူအချို့တို့သည် ငွေကိုအလွန်တပ်မက်သဖြင့် ယုံကြည်ခြင်းလမ်းမှ လွဲချော်သွား၍ များစွာသောပူပန်ခြင်းဝေဒနာဖြင့် မိမိတို့ကိုယ်ကို ထိုးဖောက်နာကျင်စေကြပြီ။
ယခုမှာ ကြည့်ရှုလော့။ သင်တို့ကို ဦးဆောင်မည့် ရှင်ဘုရင်မှာ သူပင်ဖြစ်၏။ ငါမူကား အသက်ကြီး၍ ဆံပင်ဖြူလေပြီ။ ငါ့သားတို့လည်း သင်တို့နှင့်အတူရှိ၏။ ငါသည် ငယ်စဉ်မှစ၍ ယနေ့အထိ သင်တို့ကို ဦးဆောင်ပေးခဲ့ပြီ။
ငါ့အလိုတော်ကိုဆောင်၍ သစ္စာရှိသောယဇ်ပုရောဟိတ်တစ်ပါးကို ငါပေါ်ထွန်းစေမည်။ သူ့အမျိုးအနွယ်ကို စဉ်ဆက်မပြတ် တည်ရှိစေမည်။ သူသည် ငါဘိသိက်ပေးထားသောသူရှေ့တွင် အစဉ်ဝင်ထွက်သွားလာရလိမ့်မည်။