ထွက်မြောက် 23:6 - မြန်မာ့စံမီသမ္မာကျမ်း6 နွမ်းပါးသောသူ၏အမှုကို မတရားသဖြင့် မစီရင်ရ။ အခန်းကိုကြည့်ပါ။Common Language Bible6 ``ဆင်းရဲသောသူသည်ရုံး၌တရားဆိုင်ရ သောအခါ သူ့အားတရားသဖြင့်စီရင်လော့။- အခန်းကိုကြည့်ပါ။Garrad Bible6-7 ဆင်း ရဲ သူ အ မှု နှင့် စပ်၍ တ ရား မ လွဲ စေ နှင့်။ မ မှန် သော အ မှု ကို ကိုယ် နှင့် ကွာ ဝေး စေ။ အ ပြစ် ကင်း သူ၊ ဖြောင့် မတ် သူ တို့ ကို မ ကွပ် မျက် နှင့်။ လူ ဆိုး ကို ဖြောင့် မတ် သည် ဟု ငါ စီ ရင် မည် မ ဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible6 သင်၌ ဆင်းရဲသောသူသည် တရားတွေ့သောအခါ၊ သူ့ကို မတရားသဖြင့်မစီရင်ရ။ အခန်းကိုကြည့်ပါ။ |
နယ်မြေဒေသတစ်ခုခုတွင် ဆင်းရဲသားတို့ကိုဖိနှိပ်ချုပ်ချယ်ခြင်းကိုလည်းကောင်း၊ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတို့မှသွေဖည်ခြင်းကိုလည်းကောင်း သင်မြင်ရလျှင်လည်း ထိုအမှုကိုအံ့ဩခြင်းမရှိနှင့်။ အကြောင်းမူကား ရာထူးမြင့်သောသူတစ်ဦးကို သူ့ထက်ရာထူးမြင့်သောသူက စောင့်ကြည့်နေ၏။ ထိုသူတို့ထက် ရာထူးမြင့်သောသူများလည်း ရှိကြ၏။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။