အစ္စရေးအမျိုးသားတို့သည် မောရှေ၏စကားအတိုင်းပြုကြ၏။ အီဂျစ်လူမျိုးတို့ထံမှ ရွှေထည်ငွေထည်များနှင့် အဝတ်အစားများကို တောင်းကြ၏။
၁ ရာ 6:4 - မြန်မာ့စံမီသမ္မာကျမ်း ဖိလိတ္တိလူမျိုးတို့ကလည်း “မည်သည့်အပြစ်ဒဏ်ဖြေရာယဇ်ဖြင့် ပို့လိုက်ရမည်နည်း”ဟု မေးလျှင် သူတို့က “ဖိလိတ္တိမင်းအရေအတွက်နှင့်အညီ ရွှေပလိပ်နာဖုအရုပ်ငါးခုနှင့် ရွှေကြွက်ရုပ်ငါးခုကို ထုလုပ်၍ ပေးလိုက်ရမည်။ သင်တို့နှင့် သင်တို့၏မင်းများ ခံစားရသောရောဂါမှာ တစ်မျိုးတည်းဖြစ်၏။ Common Language Bible ဖိလိတ္တိခေါင်းဆောင်များက``ငါတို့သည် အဘယ်ပူဇော်သကာကိုပေးလှူရပါမည် နည်း'' ဟုမေးကြလျှင် သူတို့က``သင်တို့သည်ဘုရင်ငါးပါးကိုတစ် ပါးလျှင် ရွှေအနာစိမ်းရုပ်ငါးခုနှင့်ရွှေကြွက် ရုပ်ငါးခုပြုလုပ်၍ပေးလှူရကြမည်။ ဘုရင် ငါးပါးနှင့်သင်တို့အပေါင်းသည် ကပ်ရောဂါ တစ်မျိုးတည်းသင့်ရကြသည်ဖြစ်ရာ၊- Garrad Bible ကျွန် တော် တို့ ပြစ် ဒဏ် ပြေ ရန် လှူ အပ် သော ဝ တ္ထု ကား မည် သည့် အ ရာ နည်း ဟု မေး ပြန် ကြ လျှင်၊ မင်း မှ စ၍ သင် တို့ အ ပေါင်း ၍ ရော ဂါ တစ် မျိုး တည်း စွဲ ကပ် သ ဖြင့် ဖိ လိ တ္တိ မင်း ဦး ရေ အ လိုက် ရွှေ ဘင် နာ ရုပ်၊ နေ ပြည် ကို ဖျက် ဆီး တတ် သော ရွှေ ကြွက် ရုပ်၊ ငါး ခု စီ သွန်း ထု ဆက် သ၍၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မြှောက် မူ သင် တို့ မှလည်း ကောင်း၊ သင် တို့ ဘု ရား များ မှ လည်း ကောင်း၊ နေ ပြည် မှ လည်း ကောင်း၊ လက် တော် ဖယ် ကောင်း ဖယ် တော် မူ လိမ့် မည်။ Judson Bible အဘယ်အရာကို ဒုစရိုက်ဖြေရာပူဇော်သကာဖို့ ပြန်ပေးလိုက်ရပါမည်နည်းဟု မေးလျှင်၊ ဖိလိတ္တိမင်း အရေအတွက်အတိုင်း ရွှေမြင်းသရိုက်ပုံငါးခုနှင့် ရွှေကြွက်ငါးကောင်ကိုပေးလိုက်ရမည်။ သင်တို့နှင့် သင်တို့မင်းများ၌ ရောဂါတစ်ပါးတည်း စွဲလျက်ရှိ၏။ |
အစ္စရေးအမျိုးသားတို့သည် မောရှေ၏စကားအတိုင်းပြုကြ၏။ အီဂျစ်လူမျိုးတို့ထံမှ ရွှေထည်ငွေထည်များနှင့် အဝတ်အစားများကို တောင်းကြ၏။
ခါနာန်လူမျိုးတို့နေထိုင်ရာ အီဂျစ်ပြည်အရှေ့ဘက်ရှိဟောရမြစ်မှ မြောက်ဘက်ဧကြုန်နယ်နိမိတ်အထိ၊ ဖိလိတ္တိဘုရင်ငါးပါးအုပ်ချုပ်သည့် ဂါဇပြည်၊ အာဇုတ်ပြည်၊ အာရှကေလုန်ပြည်၊ ဂိတ္တိပြည်၊ ဧကြုန်ပြည်မှစ၍ အာဝိပြည်အပါအဝင်
ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှံဆုန်အပေါ် ရုတ်ခြည်းသက်ရောက်တော်မူသဖြင့် သူသည် အာရှကေလုန်မြို့သို့ဆင်းသွား၍ မြို့သားအယောက်သုံးဆယ်ကိုရိုက်သတ်ကာ သူတို့၏အဝတ်အစားများကိုချွတ်ယူပြီး စကားထာအဖြေကို ပြောပြနိုင်သောသူတို့အား ပေးလေ၏။ ထို့နောက် သူသည် အမျက်ထွက်လျက် ဖခင်အိမ်သို့ပြန်သွားလေ၏။
ဖိလိတ္တိမင်း ငါးပါးအပါအဝင် ခါနာန်လူမျိုးအားလုံး၊ ဆီဒုန်လူမျိုးနှင့် ဗာလဟေရမုန်တောင်မှ လီဘိုဟာမတ်တိုင်အောင် လက်ဘနွန်တောင်တစ်လျှောက်တွင် နေထိုင်ကြသောဟိဝိလူမျိုး တို့ဖြစ်ကြ၏။
အသက်မသေဘဲ ကျန်ရစ်သူတို့မှာ ပလိပ်ရောဂါဖြင့် ဒဏ်ခတ်ခံရသောကြောင့် တစ်မြို့လုံး၏အော်ဟစ်သံသည် မိုးကောင်းကင်အထိ ရောက်လေ၏။
ထာဝရဘုရား၏လက်တော်သည် အာဇုတ်မြို့သားတို့ကို ပြင်းထန်စွာဒဏ်ခတ်တော်မူ၏။ အာဇုတ်မြို့နှင့် ဝန်းကျင်တစ်ဝိုက်ကို ပလိပ်ရောဂါဖြင့် ဖျက်ဆီးသတ်ဖြတ်တော်မူ၏။
သေတ္တာတော်ကို သယ်ဆောင်သွားကြရာ ထိုမြို့ကိုလည်း ထာဝရဘုရား၏လက်တော်သည် ဒဏ်ခတ်တော်မူသဖြင့် အလွန်တုန်လှုပ်ချောက်ချားကြကုန်၏။ ထိုမြို့ရှိမြို့သားတို့ကိုလည်း အငယ်ဆုံးမှ အကြီးဆုံးတိုင်အောင် ပလိပ်ရောဂါဖြင့် ဒဏ်ခတ်တော်မူ၏။
ဤသို့ ပလိပ်နာဖုအရုပ်နှင့် ပြည်ကိုဖျက်ဆီးသောကြွက်အရုပ်တို့ကို ထုလုပ်၍ အစ္စရေးလူမျိုးတို့၏ဘုရားသခင့်ဘုန်းတော်ကို ချီးမြှောက်ခြင်းဖြင့် လက်တော်ကို သင်တို့နှင့် သင်တို့၏ဘုရားများအပါအဝင် သင်တို့တိုင်းပြည်မှ ပြန်လည်ရုပ်သိမ်းကောင်းရုပ်သိမ်းတော်မူလိမ့်မည်။
ထာဝရဘုရား၏သေတ္တာတော်ကိုယူပြီး လှည်းပေါ်တင်ပါ။ အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ပို့ပေးမည့်ရွှေထည်ပစ္စည်းများကိုလည်း အခြားသေတ္တာတစ်လုံးတွင်ထည့်၍ သေတ္တာတော်ဘေးတွင် ထားပါ။ ပြီးလျှင် နွားလှည်းကိုလွှတ်လိုက်ပါ။ သွားလိုရာသွားပါစေ။