ရှင်ဘုရင်က ဇာဒုတ်အား “ဘုရားသခင်၏သေတ္တာတော်ကို မြို့ထဲသို့ ပြန်ပို့လော့။ ထာဝရဘုရားသည် ငါ့ကိုမျက်နှာသာပေး၍ ငါပြန်လာရလျှင် သေတ္တာတော်ကိုလည်းကောင်း၊ ကိန်းဝပ်တော်မူရာအရပ်ကိုလည်းကောင်း ဖူးမြင်ခွင့်ရပါလိမ့်မည်။
၁ ရာ 4:3 - မြန်မာ့စံမီသမ္မာကျမ်း စစ်သည်တို့သည် တပ်စခန်းသို့ပြန်ရောက်လာကြသောအခါ အစ္စရေးသက်ကြီးဝါကြီးတို့က “ယနေ့ ထာဝရဘုရားသည် ငါတို့ကို ဖိလိတ္တိလူမျိုးတို့ရှေ့တွင် အဘယ်ကြောင့် ရှုံးနိမ့်စေသနည်း။ ရှိလောမြို့ရှိ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ငါတို့ထံ ယူဆောင်လာကြစို့။ သို့ပြုလျှင် ကိုယ်တော်သည် ငါတို့နှင့်အတူကြွတော်မူ၍ ငါတို့ကို ရန်သူတို့လက်မှ ကယ်တင်တော်မူလိမ့်မည်”ဟု ဆိုကြ၏။ Common Language Bible မသေဘဲကျန်ရှိနေသောတပ်သားတို့သည် တပ်စခန်းသို့ပြန်လည်ရောက်ရှိလာသောအခါ ဣသရေလခေါင်းဆောင်များက``ထာဝရ ဘုရားသည်အဘယ်ကြောင့်ငါတို့အားဖိလိတ္တိ အမျိုးသားတို့လက်တွင် ယနေ့အရေးရှုံးနိမ့် စေတော်မူပါသနည်း။ ငါတို့သည်သွား၍ ရှိလောမြို့မှထာဝရဘုရား၏ပဋိညာဉ် သေတ္တာတော်ကိုယူဆောင်လာကြကုန်အံ့။ သို့ မှသာလျှင်ကိုယ်တော်သည်ငါတို့နှင့်အတူ ချီတက်တော်မူ၍ ငါတို့အားရန်သူတို့လက် မှကယ်တင်တော်မူလိမ့်မည်'' ဟုဆိုကြ၏။- Garrad Bible တပ် စ ခန်း သို့ စစ် သား တို့ ပြန် ရောက် လျှင် ဣ သ ရေ လူ ကြီး တို့ က ထာ ဝ ရ ဘု ရား သည် ဖိ လိ တ္တိ တို့ ရှေ့ ငါ တို့ ကို ယ နေ့ အ ဘယ် ကြောင့် ရှုံး နိမ့် စေ တော် မူ သ နည်း။ ငါ့ တို့ ထံ ရောက် လာ၍ ရန် သူ တို့ လက် တွင်း မှ ကယ် ဆယ် ရန် ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေ တ္တာ ကို ရှိ လော မြို့ မှ ပင့် ဆောင် ခဲ့ ကြ ကုန် အံ့ ဟူ၍ နှီး နှော ပြီး သည့် အ တိုင်း၊ Judson Bible လူများတို့သည် တပ်ထဲသို့ရောက်သောအခါ၊ ဣသရေလအမျိုး အသက်ကြီးသူတို့က၊ ယနေ့ ထာဝရဘုရားသည် ငါတို့ကို ဖိလိတ္တိလူတို့ရှေ့မှာ အဘယ်ကြောင့်ရှုံးစေတော်မူသနည်း။ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်သည် လာ၍၊ ငါတို့ကို ရန်သူလက်မှ ကယ်တင်စေခြင်းငှာ၊ ရှိလောမြို့မှ ဆောင်ခဲ့ကြကုန်အံ့ဟု ဆိုကြသည်အတိုင်း၊ |
ရှင်ဘုရင်က ဇာဒုတ်အား “ဘုရားသခင်၏သေတ္တာတော်ကို မြို့ထဲသို့ ပြန်ပို့လော့။ ထာဝရဘုရားသည် ငါ့ကိုမျက်နှာသာပေး၍ ငါပြန်လာရလျှင် သေတ္တာတော်ကိုလည်းကောင်း၊ ကိန်းဝပ်တော်မူရာအရပ်ကိုလည်းကောင်း ဖူးမြင်ခွင့်ရပါလိမ့်မည်။
ဒါဝိဒ်မင်းကြီးသည် မိမိနန်းတော်၌ စံမြန်းနေစဉ် ပရောဖက်နာသန်အား “ကြည့်ပါ။ ငါသည် သစ်ကတိုးသားဖြင့်ဆောက်လုပ်ထားသောနန်းတော်တွင် နေရ၏။ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်မူကား ရွက်ထည်တဲဖြင့်သာ စံနေရပါသည်တကား”ဟု မိန့်ဆိုလျှင်
အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ်ငြင်းပယ်တော်မူသနည်း။ ကိုယ်တော်၏အမျက်တော်သည် ကိုယ်တော်၏စားကျက်မှသိုးစုအပေါ် အဘယ်ကြောင့်တငွေ့ငွေ့လောင်တော်မူသနည်း။
ကိုယ်တော်၏လက်တော်၊ ကိုယ်တော်၏လက်ယာလက်တော်ကိုပင် အဘယ်ကြောင့်ရုပ်သိမ်းတော်မူသနည်း။ လက်တော်ကို လျှိုထားရာမှထုတ်၍ သူတို့ကို အပြီးသတ်သုတ်သင်တော်မူပါ။
ထာဝရဘုရားက “သင်တို့မိခင်ကို ငါအဝေးသို့နှင်ထုတ်လိုက်သောအခါ မည်သည့်ကွာရှင်းစာ ငါပေးသနည်း။ မည်သည့်အကြွေးရှင်ထံ သင်တို့ကို ငါရောင်းစားခဲ့သနည်း။ သင်တို့၏အပြစ်ကြောင့်သာ သင်တို့ရောင်းစားခံရ၏။ သင်တို့ကျူးလွန်သောအပြစ်ကြောင့်သာ သင်တို့မိခင်သည် အဝေးသို့နှင်ထုတ်ခံရ၏။
သူတို့က “အကျွန်ုပ်တို့ အဘယ်ကြောင့် အစာရှောင်ရမည်နည်း။ အကျွန်ုပ်တို့အစာရှောင်သည်ကို ကိုယ်တော်မြင်တော်မမူ။ အကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် အဘယ်ကြောင့်နှိမ့်ချရမည်နည်း။ အကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသည်ကို ကိုယ်တော်သိမှတ်တော်မမူ”ဟု ဆိုကြ၏။ အကယ်စင်စစ် သင်တို့သည် အစာရှောင်ရာနေ့၌ ကိုယ့်အလိုရှိရာကို ကိုယ်လုပ်ကြ၏။ အလုပ်သမားများကို အဓမ္မစေခိုင်းကြ၏။
ကြည့်ရှုလော့။ ထာဝရဘုရား၏လက်တော်သည် မကယ်တင်နိုင်အောင် တိုသည်မဟုတ်။ နားတော်သည်လည်း မကြားနိုင်အောင် ထိုင်းသည်မဟုတ်။
သင်တို့၏ဒုစရိုက်များကသာ သင်တို့ကို ဘုရားသခင်နှင့် ကွဲကွာစေ၏။ သင်တို့အပြစ်များကသာ မျက်နှာတော်ကို သင်တို့ထံမှလွှဲစေ၍ သင်တို့စကားကိုကြားတော်မမူခြင်းဖြစ်၏။
ထိုကာလ၌ ပြည်တော်တွင် သင်တို့သည် များစွာပွားများကြလိမ့်မည်”ဟု မိန့်တော်မူ၏။ ထာဝရဘုရားက “ထိုအခါ လူတို့သည် ‘ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်’ဟု ပြောဆိုကြတော့မည်မဟုတ်။ စိတ်ထဲ၌ ရှိတော့မည်မဟုတ်၊ အောက်မေ့သတိရတော့မည်မဟုတ်။ ထိုသေတ္တာတော်ကို ပြုလုပ်တော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
‘ဤသည်ကား ထာဝရဘုရား၏ဗိမာန်တော်၊ ထာဝရဘုရား၏ဗိမာန်တော်၊ ထာဝရဘုရား၏ဗိမာန်တော်ဖြစ်သည်’ဟု ဆိုတတ်သောသူတို့၏မုသားစကားကို သင်တို့မယုံကြနှင့်။
အစ္စရေးအမျိုးသားတို့သည် ထာဝရဘုရား၏တောင်တော်မှ သုံးရက်ခရီးပြုကြ၏။ ထိုသုံးရက်ခရီးတွင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်သည် သူတို့နားနေရာအရပ်ကိုရှာရန် သူတို့၏ရှေ့မှသွားလေ၏။
သေတ္တာတော်ခရီးပြုသောအခါ မောရှေက “အို ထာဝရဘုရား၊ ထတော်မူပါ။ ကိုယ်တော်၏ရန်သူတို့သည် ကွဲလွင့်ကြပါစေသော။ ကိုယ်တော်ကိုမုန်းသောသူတို့သည် ကိုယ်တော့်ထံမှ ထွက်ပြေးကြပါစေသော”ဟု လျှောက်ဆို၍
မောရှေသည် အမျိုးအနွယ်တစ်နွယ်လျှင် အယောက်တစ်ထောင်စီကို စစ်ပွဲသို့ စေလွှတ်လေ၏။ သူတို့နှင့်အတူ ယဇ်ပုရောဟိတ်ဧလာဇာ၏သား ဖိနဟတ်ကိုလည်း သန့်ရှင်းရာဌာန၏တန်ဆာပလာများနှင့် အချက်ပေးတံပိုးခရာများပါလျက် စစ်ပွဲသို့ စေလွှတ်လေ၏။
လူမျိုးအပေါင်းတို့ကလည်း ‘ထာဝရဘုရားသည် ဤပြည်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူရသနည်း။ အဘယ်ကြောင့် အမျက်တော်မီး ကြီးစွာတောက်လောင်တော်မူရသနည်း’ဟု မေးမြန်းကြလိမ့်မည်။
“ဤပညတ်တရားကျမ်းကိုယူ၍ သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ဘေး၌ ထားရမည်။ သင်တို့ကိုဆန့်ကျင်သောသက်သေအဖြစ် ရှိနေစေရမည်။
ဘုရားဝတ်၌မွေ့လျော်ဟန်ရှိသော်လည်း ဘုရားဝတ်၌မွေ့လျော်ခြင်း၏တန်ခိုးကို ငြင်းပယ်သောသူများဖြစ်ကြလိမ့်မည်။ ထိုသူတို့ကို ရှောင်လော့။
၎င်းထဲတွင် နံ့သာပေါင်းမီးရှို့ရာရွှေယဇ်ပလ္လင်နှင့် မျက်နှာပြင်အဘက်ဘက်၌ ရွှေဖြင့်မွမ်းမံထားသောပဋိညာဉ်သေတ္တာရှိ၏။ ထိုသေတ္တာ၌ မန္နမုန့်ထည့်ထားသည့်ရွှေအိုး၊ အဖူးထွက်သောအာရုန်၏တောင်ဝှေးနှင့် ပဋိညာဉ်ကျောက်ပြားတို့ရှိ၏။
သင်တို့ကလည်း ဂျော်ဒန်မြစ်ရေသည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့၌ ရပ်တန့်ခဲ့၏။ သေတ္တာတော်နှင့် ဂျော်ဒန်မြစ်ကိုကူးသောအခါ ဂျော်ဒန်မြစ်ရေသည် ရပ်တန့်ခဲ့၏။ ဤကျောက်တုံးတို့သည် ဤအဖြစ်ကို အစ္စရေးအမျိုးသားတို့ အစဉ်အမှတ်ရစေရန်အတွက်ဖြစ်သည်ဟု သူတို့အား ပြောပြရမည်”ဟု ဆိုလေ၏။
နုန်၏သားယောရှုသည် ယဇ်ပုရောဟိတ်တို့ကိုခေါ်၍ “သင်တို့သည် ပဋိညာဉ်သေတ္တာတော်ကို ထမ်းသွားရမည်။ သင်တို့တွင် ယဇ်ပုရောဟိတ်ခုနစ်ပါးတို့သည် သိုးချိုတံပိုးခုနစ်ခုကို ကိုင်ဆောင်၍ ထာဝရဘုရား၏သေတ္တာတော်ရှေ့မှ သွားရမည်”ဟု မှာကြားလေ၏။
ယောရှုက “အို အကျွန်ုပ်၏ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူမျိုးတို့အား ဂျော်ဒန်မြစ်ကိုဖြတ်ကူးစေပြီး အာမောရိလူမျိုးတို့လက်သို့အပ်၍ ဖျက်ဆီးစေရန် အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ အကျွန်ုပ်တို့သည် ဂျော်ဒန်မြစ်တစ်ဖက်၌ နေခဲ့သင့်၏။
အို အကျွန်ုပ်ဘုရားရှင်၊ အစ္စရေးလူမျိုးတို့သည် ရန်သူတို့ရှေ့မှ လှည့်ပြေးခဲ့ရပြီဖြစ်၍ အကျွန်ုပ် မည်သို့လျှောက်ဆိုနိုင်ဦးမည်နည်း။
ဤအရာသည် ယခု သင်တို့ကိုကယ်တင်သော ဗတ္တိဇံကိုပုံဆောင်၏။ ဗတ္တိဇံသည် ကိုယ်ကာယ၏အညစ်အကြေးကို ချွတ်ပယ်ခြင်းမဟုတ်ဘဲ ယေရှုခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကြည်လင်သောအသိစိတ်ကို ဘုရားသခင်ထံတောင်းလျှောက်ခြင်းဖြစ်၏။
သင်တို့သည် ဤအရာအားလုံးကိုသိကြပြီဖြစ်သော်လည်း သင်တို့ကို ငါသတိပေးနှိုးဆော်လိုသည်မှာ ထာဝရဘုရားသည် လူမျိုးတော်ကို အီဂျစ်ပြည်မှ အပြီးအပိုင်ကယ်လွှတ်တော်မူပြီးနောက် မယုံကြည်သောသူတို့ကို တစ်ဖန်ဖျက်ဆီးတော်မူ၏။
သူငယ်နို့ပြတ်ပြီးမှ ဟန္နသည် နွားထီးသုံးကောင်၊ မုန့်ညက်တစ်ဧဖာ၊ စပျစ်ဝိုင်တစ်ဘူးကို ယူပြီးလျှင် သူငယ်ကို ထာဝရဘုရား၏အိမ်တော်ရှိရာ ရှိလောမြို့သို့ ခေါ်ဆောင်သွား၏။ သူငယ်ကား အလွန်နုနယ်သေး၏။
ထိုအခါ ရှောလုမင်းကြီးက အဟိယအား “ဘုရားသခင်၏သေတ္တာတော်ကို ယူခဲ့လော့”ဟု ဆို၏။ ထိုစဉ်က ဘုရားသခင်၏သေတ္တာတော်မှာ အစ္စရေးအမျိုးသားတို့တွင် ရှိနေ၏။
ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့နှင့် စစ်ခင်းကျင်းကြရာ စစ်ပွဲပြင်းထန်၍ အစ္စရေးလူမျိုးတို့သည် ဖိလိတ္တိလူမျိုးတို့ရှေ့၌ ရှုံးနိမ့်လေ၏။ စစ်မြေပြင်တွင် အစ္စရေးလူမျိုးလေးထောင်ခန့် ကျဆုံးလေ၏။