၁ ရာ 4:4 - မြန်မာ့စံမီသမ္မာကျမ်း4 ထို့နောက် ရှိလောမြို့သို့ လူလွှတ်၍ ခေရုဗိမ်အထက်တွင် စံနေတော်မူသောကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ရှိလောမြို့မှ ယူဆောင်လာစေ၏။ ဧလိ၏သားနှစ်ဦးဖြစ်သော ဟောဖနိနှင့်ဖိနဟတ်တို့လည်း ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်နှင့်အတူ လိုက်ပါလာကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible4 ထို့ကြောင့်သူတို့သည်ရှိလောမြို့သို့စေတမန် များကိုလွှတ်၍ ခေရုဗိမ်အထက်စံတော်မူ သောအနန္တတန်ခိုးရှင်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကိုယူဆောင်လာစေ ၏။ ဧလိ၏သားများဖြစ်ကြသောဟောဖနိ နှင့်ဖိနဟတ်တို့သည် ပဋိညာဉ်သေတ္တာတော် နှင့်အတူလိုက်ပါလာကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible4 ရှိ လော မြို့ သို့ စေ လွှတ် လျက် ခေ ရု ဗ တို့ အ ထက် စံ တော် မူ သော ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေတ္တာ ကို ပင့် ဆောင် ကြ ရာ၊ ဧ လိ သား ဟော ဖ နိ နှင့် ဖိ န ဟတ် နှစ် ပါး တို့ သည် ဘု ရား သ ခင့် ပ ဋိ ညာဉ် တော် သေ တ္တာ နှင့် အ တူ ပါ လာ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible4 လူများတို့သည် ရှိလောမြို့သို့ လူကိုစေလွှတ်၍၊ ခေရုဗိမ်စပ်ကြားမှာနေသော ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကို ဆောင်ခဲ့သဖြင့်၊ ဘုရားသခင်၏ ပဋိညာဉ်သေတ္တာတော်နှင့်အတူ ဧလိ၏သား ဟောဖနိနှင့်ဖိနဟတ် နှစ်ယောက်တို့သည် ပါကြ၏။ အခန်းကိုကြည့်ပါ။ |
တပ်စခန်းရွှေ့ပြောင်းချိန်ရောက်၍ အာရုန်နှင့် သူ၏သားတို့သည် သန့်ရှင်းရာဌာနနှင့် သန့်ရှင်းရာဌာန၏တန်ဆာပလာရှိသမျှတို့ကို ဖုံးအုပ်ပြီးနောက်တွင် ကောဟတ်သားမြေးတို့သည် ၎င်းတို့ကို လာ၍သယ်ဆောင်ရမည်။ သူတို့သည် သန့်ရှင်းသောအရာကို မထိရ။ ထိမိလျှင် သေကြရလိမ့်မည်။ ဤသည်ကား တွေ့ဆုံစည်းဝေးရာတဲတော်၌ ကောဟတ်သားမြေးတို့ ဆောင်ရွက်ရသောအမှုဖြစ်၏။