တရားဟော 29:24 - မြန်မာ့စံမီသမ္မာကျမ်း24 လူမျိုးအပေါင်းတို့ကလည်း ‘ထာဝရဘုရားသည် ဤပြည်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူရသနည်း။ အဘယ်ကြောင့် အမျက်တော်မီး ကြီးစွာတောက်လောင်တော်မူရသနည်း’ဟု မေးမြန်းကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible24 ထိုအခါအပြည်ပြည်ရှိလူမျိုးအပေါင်း တို့က `ထာဝရဘုရားသည်သူတို့၏ပြည် ကိုအဘယ်ကြောင့်ဖျက်ဆီးပစ်တော်မူ သနည်း။ အဘယ်ကြောင့်ဤမျှကြောက်မက် ဖွယ်အမျက်ထွက်တော်မူသနည်း' ဟုမေး ကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible24 လူ အ မျိုး မျိုး တို့ မြင် ကြ ရာ၊ ထို နည်း အ တိုင်း ဤ ပြည်၌ ထာ ဝ ရ ဘု ရား စီ ရင် တော် မူ ခြင်း၊ မ ဟာ ဒေါ သ မီး လောင် ရ ခြင်း ကား၊ အ သို့ နည်း ဟု မေး ကြ လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible24 ထာဝရဘုရားသည် ဤပြည်၌ အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်း။ ဤပြင်းစွာသော အမျက်တော်အရှိန်ကား၊ အဘယ်သို့နည်းဟု လူအမျိုးမျိုးတို့သည် မေးမြန်းကြလျှင်၊ အခန်းကိုကြည့်ပါ။ |
‘ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ငါတို့ကို အဘယ်ကြောင့် ဤအမှုအလုံးစုံတို့နှင့် ကြုံစေသနည်း’ဟု သူတို့မေးကြလျှင် ‘သင်တို့သည် ငါ့ကိုစွန့်ပယ်၍ သင်တို့၏ပြည်၌ပင် တိုင်းတစ်ပါးသားတို့၏ဘုရားများကို အစေခံသည့်နည်းတူ သင်တို့ပြည်မဟုတ်သောပြည်၌ သူစိမ်းတို့ကို အစေခံရလိမ့်မည်’ဟု သင်ပြန်ဖြေလော့။
ပြဋ္ဌာန်းချက်များ၊ ဘိုးဘေးတို့နှင့်ဖွဲ့ခဲ့သောပဋိညာဉ်များ၊ သူတို့အား ပြတော်မူသောသက်သေခံချက်များကို စွန့်ပယ်ကြ၏။ မိမိတို့ဝန်းကျင်ရှိလူမျိုးခြားတို့နောက်သို့မလိုက်ရ၊ သူတို့ကဲ့သို့မပြုရဟု ထာဝရဘုရားမိန့်တော်မူလျက်နှင့် သူတို့သည် အချည်းနှီးသောအရာများနောက်သို့လိုက်ပြီး အချည်းနှီးသောသူများဖြစ်ကြ၏။