ထို့နောက် နှစ်ဦးပိုင်းရောက်သောအခါ ဗင်္ဟာဒဒ်မင်းကြီးသည် ဆီးရီးယားတပ်သားတို့ကိုစုရုံးပြီး အစ္စရေးတပ်နှင့်စစ်တိုက်ရန် အာဖက်မြို့သို့ ချီသွားကြ၏။
၁ ရာ 4:1 - မြန်မာ့စံမီသမ္မာကျမ်း ရှမွေလ၏စကားသည် အစ္စရေးတစ်မျိုးလုံးထံသို့ ရောက်ရှိ၏။ ယခုတွင် အစ္စရေးလူမျိုးတို့သည် ဖိလိတ္တိလူမျိုးတို့ကို ရင်ဆိုင်တိုက်ခိုက်ရန် ချီတက်၍ ဧဗနေဇာမြို့တွင် စခန်းချကြ၏။ ဖိလိတ္တိလူမျိုးတို့ကား အာဖက်မြို့တွင် စခန်းချကြ၏။ Common Language Bible ထိုအခါကာလ၌ဣသရေလအမျိုးသား တို့သည် ဖိလိတ္တိအမျိုးသားတို့နှင့်စစ်တိုက်ရန် ချီတက်ကြ၏။ ဣသရေလအမျိုးသားတို့ ကဧဗနေဇာမြို့တွင်လည်းကောင်း၊ ဖိလိတ္တိ အမျိုးသားတို့ကအာဖက်မြို့တွင်လည်း ကောင်းတပ်စခန်းချထားကြ၏။- Garrad Bible ဣ သ ရေ လ တစ် မျိုး လုံး သို့ ရှ မွေ လ စ ကား ရောက် လာ သ တည်း။ Judson Bible တစ်ဖန် ဣသရေလအမျိုးသားတို့သည် ဖိလိတ္တိလူတို့ကို တိုက်ခြင်းငှာ ချီသွား၍၊ ဧဗနေဇာမြို့နားမှာ တပ်ချလျက်၊ ဖိလိတ္တိလူတို့သည် အာဖက်မြို့၌ တပ်ချလျက်နေကြ၏။ |
ထို့နောက် နှစ်ဦးပိုင်းရောက်သောအခါ ဗင်္ဟာဒဒ်မင်းကြီးသည် ဆီးရီးယားတပ်သားတို့ကိုစုရုံးပြီး အစ္စရေးတပ်နှင့်စစ်တိုက်ရန် အာဖက်မြို့သို့ ချီသွားကြ၏။
ကျန်စစ်သည်တို့သည် အာဖက်မြို့သို့ ထွက်ပြေးသွားကြ၏။ ထိုကျန်ရှိသောစစ်သည်နှစ်သောင်းခုနစ်ထောင်အပေါ် မြို့ရိုးပြိုကျ၏။ ဗင်္ဟာဒဒ်မင်းကြီးသည်လည်း မြို့တွင်းသို့ပြေးဝင်ပြီး အိမ်ခန်းထဲတွင် ပုန်းနေ၏။
ဂေဗလလူမျိုး၊ အမ္မုန်လူမျိုးနှင့်အာမလက်လူမျိုးများ၊ တိုင်ရာမြို့သားများနှင့် ဖိလိတ္တိပြည်သားများ ပါဝင်ကြပါ၏။
ယနေ့ သင်တို့အားလုံးသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် သင်တို့မျိုးနွယ်များ၏အကြီးအမှူးများ၊ သက်ကြီးဝါကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ အစ္စရေးအမျိုးသားအားလုံးမှစ၍
တောင်ဘက်ခါနာန်ပြည်တစ်ခုလုံး၊ ဆီဒုန်လူမျိုးတို့ပိုင်သောမာရပြည်မှ အာမောရိပြည်နယ်နိမိတ်အာဖက်ပြည်အထိ၊
အုမ္မမြို့၊ အာဖက်မြို့၊ ရဟောဘမြို့ အပါအဝင် မြို့ပေါင်းနှစ်ဆယ့်နှစ်မြို့နှင့် ရွာများ ပါ၏။
သို့သော် သင်တို့အား ရှိသမျှဘေးအန္တရာယ်များနှင့် ဆင်းရဲဒုက္ခများထဲမှ ကယ်တင်ခဲ့သောဘုရားသခင်ကို ယနေ့ သင်တို့စွန့်ပယ်၍ ‘အကျွန်ုပ်တို့အဖို့ ရှင်ဘုရင်ကို ခန့်အပ်ပေးပါလော့’ဟု သင်တို့ဆိုသောကြောင့် ယခု သင်တို့အမျိုးအနွယ်အလိုက်၊ မျိုးနွယ်စုအလိုက် ထာဝရဘုရားရှေ့တော်၌ ရပ်နေကြလော့”ဟု ဆို၏။
ဖိလိတ္တိတပ်တစ်တပ်လုံးသည် အာဖက်မြို့၌ စုဝေးကြ၏။ အစ္စရေးလူမျိုးတို့ကား ယေဇရေလမြို့ရှိ စမ်းရေတွင်းနား၌ စခန်းချကြ၏။
ထိုအခါ ထာဝရဘုရားက ရှမွေလအား “ကြည့်ရှုလော့။ ကြားရသူတိုင်း နားခါးစေမည့်အဖြစ်ကို အစ္စရေးလူမျိုးတွင် ငါပြုမည်။
ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့နှင့် စစ်ခင်းကျင်းကြရာ စစ်ပွဲပြင်းထန်၍ အစ္စရေးလူမျိုးတို့သည် ဖိလိတ္တိလူမျိုးတို့ရှေ့၌ ရှုံးနိမ့်လေ၏။ စစ်မြေပြင်တွင် အစ္စရေးလူမျိုးလေးထောင်ခန့် ကျဆုံးလေ၏။
ဖိလိတ္တိလူမျိုးတို့သည် ဘုရားသခင်၏သေတ္တာတော်ကို သိမ်းယူ၍ ဧဗနေဇာမြို့မှ အာဇုတ်မြို့သို့သယ်ဆောင်သွားကြ၏။
ထို့နောက် ရှမွေလသည် ကျောက်တုံးတစ်တုံးကိုယူ၍ မိဇပါမြို့နှင့် ရှင်မြို့ကြားတွင် ထားပြီး “ထာဝရဘုရားသည် ယခုတိုင်အောင် ငါတို့ကိုကူညီမစတော်မူ၏”ဟု ဆိုလျက် ထိုကျောက်တုံး၏အမည်ကို ဧဗနေဇာဟုခေါ်လေ၏။