တရားဟော 29:10 - မြန်မာ့စံမီသမ္မာကျမ်း
10 ယနေ့ သင်တို့အားလုံးသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော်တွင် သင်တို့မျိုးနွယ်များ၏အကြီးအမှူးများ၊ သက်ကြီးဝါကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ အစ္စရေးအမျိုးသားအားလုံးမှစ၍
အခန်းကိုကြည့်ပါ။ ကော်ပီ
10-11 ``ယနေ့တွင်သင်တို့၏ခေါင်းဆောင်များ၊ အရာရှိများ၊ အမျိုးသားအမျိုးသမီးများ နှင့် ကလေးများ၊ သင်တို့အတွက်သစ်ခုတ်ရေ သယ်သမားများဖြစ်ကြသောသင်တို့နှင့် အတူ နေထိုင်သည့်လူမျိုးခြားများမှစ၍ သင်တို့အားလုံးသည် ဘုရားသခင်ထာဝရ ဘုရားရှေ့တော်၌ရပ်လျက်ရှိနေကြ၏။-
အခန်းကိုကြည့်ပါ။ ကော်ပီ
10-11 ယ နေ့၌ ဣ သ ရေ လ အ မျိုး သား သင် တို့ အ ပေါင်း သည် အ နွယ် အ အုပ် အ ချုပ်၊ လူ ကြီး၊ ဗိုလ် မှူး၊ သား မ ယား များ နှင့် တ ကွ ထင်း ခွေ သူ၊ ရေ ခပ် သူ မှ စ၍ တပ် စား ခန်း အ တွင်း ဝင် နေ သူ တို့ ပါ၊ ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ ခ စား ကြ သည့် အ ကြောင်း ကား၊
အခန်းကိုကြည့်ပါ။ ကော်ပီ
10-13 သင်၏ဘုရားသခင် ထာဝရဘုရားသည် သင်နှင့် ယနေ့ပြုတော်မူ သော သစ္စာကို သင်သည်ခံ၍၊ သင်၏ ဘုရားသခင်ထာဝရဘုရားနှင့် ပဋိညာဉ်ပြုခြင်းငှာလည်းကောင်း၊ သင့်ကို ကိုယ်တော်၏လူမျိုးအရာ၌ ယနေ့ ခန့်ထားတော်မူစေခြင်းငှာလည်းကောင်း၊ အထက်က မိန့်တော်မူ၍၊ သင်၏အဘအာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသည်အတိုင်း၊ သင်၏ဘုရားသခင် ဖြစ်တော်မူစေခြင်းငှာလည်းကောင်း၊ သင်တို့အမျိုးအနွယ်၏ အကဲအမှူး၊ အသက်ကြီးသူ၊ မင်းအရာရှိ၊ ဣသရေလအမျိုးယောက်ျား၊ မိန်းမ၊ သူငယ်၊ ထင်းခုတ်သောသူ၊ ရေခပ်သောသူမှစ၍ တပ်၌ရှိသမျှသောသူတို့သည် သင်တို့ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ယနေ့ရပ်နေကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ