ကောင်းကင်နှင့်မြေကြီး၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍ သင်သည် ငါနေထိုင်လျက်ရှိသောအရပ်မှ ခါနာန်အမျိုးသမီးများထဲတွင် ငါ့သားအတွက် မိန်းမကိုမရှာဘဲ
၁ ရာ 30:15 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်က သူ့အား “ထိုဓားပြတို့ရှိရာသို့ ငါ့ကိုလိုက်ပို့နိုင်သလော”ဟု ဆိုလျှင် သူက “အကျွန်ုပ်ကို မသတ်၊ အကျွန်ုပ်သခင့်လက်သို့လည်း ပြန်မအပ်ပါဟု ဘုရားသခင်ထံကျိန်ဆိုမည်ဆိုလျှင် ထိုဓားပြတို့ရှိရာသို့ လိုက်ပို့ပါမည်”ဟု ဆိုပြီး Common Language Bible ဒါဝိဒ်က``သင်သည်ထိုလူစုရှိရာသို့ငါ့ကို လမ်းပြပါမည်လော'' ဟုမေးလျှင်၊ လူငယ်က``အရှင်သည်ကျွန်တော်ကိုမသတ်၊ ကျွန်တော်၏သခင်လက်သို့မပေးအပ်ပါဟူ ၍ဘုရားသခင်၏နာမတော်ကိုတိုင်တည်၍ ကတိပြုပါလျှင်အရှင့်အားလမ်းပြပါ မည်'' ဟုဆိုပြီးလျှင်၊- Garrad Bible ဒါ ဝိဒ် က၊ ထို တပ် ရှိ ရာ သို့ လမ်း ပြ မည် လော ဟု မေး သော်၊ ကျွန် တော် ကို မ သတ်၊ သ ခင့် ထံ သို့ လည်း မ အပ် ဟူ၍ ထာ ဝ ရ ဘု ရား ကို တိုင် တည် လျက် သ စ္စာ ဆို မူ တပ် ရှိ ရာ သို့ လမ်း ပြ ပါ မည် ဟု ဝန် ခံ ပြီး နောက် Judson Bible ဒါဝိဒ်ကလည်း၊ ထိုအလုံးအရင်းရှိရာသို့ လမ်းပြနိုင်သလောဟု မေးလျှင် သူက၊ ကိုယ်တော်သည် ကျွန်တော်ကို မသတ်၊ သခင့်လက်သို့ မအပ်မည်အကြောင်း ဘုရားသခင်ကိုတိုင်တည်၍ ကျိန်ဆိုပါတော့။ သို့ပြုလျှင် ထိုအလုံးအရင်းရှိရာသို့ လမ်းပြပါမည်ဟု ဆိုသည်အတိုင်း၊ ဒါဝိဒ်သည် ကျိန်ဆိုခြင်းကို ပြုလေ၏။ |
ကောင်းကင်နှင့်မြေကြီး၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍ သင်သည် ငါနေထိုင်လျက်ရှိသောအရပ်မှ ခါနာန်အမျိုးသမီးများထဲတွင် ငါ့သားအတွက် မိန်းမကိုမရှာဘဲ
ထို့နောက် မင်းမျိုးမင်းနွယ်ထဲမှ လူတစ်ဦးကိုခေါ်ယူ၍ သူနှင့်ပဋိညာဉ်ဖွဲ့ကာ ကျိန်ဆိုထားခဲ့၏။ တိုင်းပြည်အကြီးအကဲများကိုမူ ဖမ်းခေါ်သွား၏။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ သူ့အား နန်းတင်ပေးခဲ့သည့် ဘုရင်နှင့် သူဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ခြင်းဖြင့် ထိုဘုရင်နှင့်ကျိန်ဆိုခဲ့သည်ကို သူမထီမဲ့မြင်ပြုသောကြောင့် ထိုဘုရင်၏တိုင်းပြည်ဘေဘီလုံမြို့တွင်ပင် သေဆုံးရမည်။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ ငါနှင့်ကျိန်ဆိုခဲ့သည်ကိုမထီမဲ့မြင်ပြု၍ ငါနှင့်ဖွဲ့သောပဋိညာဉ်ကိုချိုးဖောက်သောအပြစ်အတွက် အမှန်ပင် သူ့ခေါင်းပေါ်သို့ရောက်စေမည်။
ကျွန်မသည် သင်တို့အပေါ် မေတ္တာထားသကဲ့သို့ သင်တို့သည်လည်း ကျွန်မ၏ဆွေမျိုးသားချင်းအပေါ် မေတ္တာထားပါမည်ဟု ထာဝရဘုရားကိုတိုင်တည်၍ ကျွန်မအား ယခုကျိန်ဆိုပါလော့။ စိတ်ချရသောအမှတ်အသားတစ်ခုကိုလည်း ပေးခဲ့ပါ။
ယောရှုလည်း သူတို့နှင့် ငြိမ်းချမ်းရေးယူ၏။ သူတို့ကို အသက်ချမ်းသာပေးရန် ကတိသစ္စာပြု၏။ လူထုခေါင်းဆောင်တို့ကလည်း သဘောတူကျိန်ဆိုကြ၏။
သူလျှိုတို့သည် မြို့ထဲမှလူတစ်ယောက်ထွက်လာသည်ကို မြင်လျှင် “မြို့ဝင်လမ်းကို ပြပေးပါ။ သင့်ကို အသက်ချမ်းသာပေးပါမည်”ဟု သူ့အား ပြောသဖြင့်
ထို့ကြောင့် အာခိတ်မင်းကြီးက ဒါဝိဒ်ကိုခေါ်၍ “ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ စင်စစ် သင်သည် ဖြောင့်မှန်သောသူဖြစ်ပါ၏။ သင်သည် ငါ့ထံရောက်လာသောနေ့မှစ၍ ယနေ့တိုင်အောင် သင်၌အပြစ်တစ်စုံတစ်ရာမျှမတွေ့။ ထို့ကြောင့် ယနေ့ ငါနှင့်အတူ သင်တိုက်ပွဲဝင်ဖို့ ငါအလိုရှိသော်လည်း အခြားမင်းတို့မူကား အလိုမရှိကြ။
အကျွန်ုပ်တို့သည် ခေရသိလူမျိုးပိုင်သောနေဂေ့အရပ်ဒေသ၊ ယုဒလူမျိုးပိုင်သောအရပ်ဒေသနှင့် ကာလက်လူမျိုးပိုင်သောနေဂေ့အရပ်ဒေသတို့ကို ဝင်ရောက်စီးနင်းပြီး ဇိကလတ်မြို့ကို မီးရှို့ခဲ့ပါပြီ”ဟု ပြန်ဖြေ၏။
ဒါဝိဒ်ကိုခေါ်ဆောင်သွားရာ ထိုသူတို့သည် ဖိလိတ္တိပြည်၊ ယုဒပြည်တို့မှ ပစ္စည်းအများအပြားကို လုယက်သိမ်းယူနိုင်သောကြောင့် တစ်ပြည်လုံး နေရာအနှံ့ စားသောက်လျက် ကခုန်နေကြ၏။