လူငယ်တို့ပင်လျှင် အားအင်ကုန်ခန်း၍ မောပန်းကြလိမ့်မည်။ သန်မာသောလူငယ်တို့သည်လည်း ခလုတ်တိုက်လဲကျကြလိမ့်မည်။
၁ ရာ 30:10 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်နှင့်အတူ လူလေးရာတို့သည် ဆက်၍လိုက်ကြ၏။ လူနှစ်ရာမူကား မောပန်းလွန်းသဖြင့် ဗေသော်ချောင်းကိုပင် မကျော်နိုင်ဘဲ နေရစ်ခဲ့ကြ၏။ Common Language Bible ဒါဝိဒ်သည်လူလေးရာနှင့်ဆက်၍သွား၏။ အခြားလူနှစ်ရာမှာမောပန်းလွန်းသဖြင့် ချောင်းကိုမကူးနိုင်ဘဲနေရစ်ကြ၏။ Judson Bible ဒါဝိဒ်နှင့် လူလေးရာတို့သည် လိုက်ကြ၏။ နှစ်ရာတို့သည်မော၍ ဗေသော်ချောင်းကိုမကူးနိုင်သောကြောင့် နေရစ်ကြ၏။ |
လူငယ်တို့ပင်လျှင် အားအင်ကုန်ခန်း၍ မောပန်းကြလိမ့်မည်။ သန်မာသောလူငယ်တို့သည်လည်း ခလုတ်တိုက်လဲကျကြလိမ့်မည်။
ရှောလုမင်းကြီးနှင့် သူ၌ရှိသောလူအပေါင်းတို့သည် စုရုံး၍ စစ်မြေပြင်သို့ချီသွားကြလျှင် ဖိလိတ္တိစစ်သည် အချင်းချင်းဓားနှင့် ခုတ်သတ်ကြ၍ ဝရုန်းသုန်းကားဖြစ်နေကြသည်ကိုတွေ့လိုက်ရ၏။
ထိုနေ့တွင် သူတို့သည် ဖိလိတ္တိလူမျိုးတို့ကို မိတ်မတ်မြို့မှ အာယလုန်မြို့အထိ လိုက်လံချေမှုန်းကြ၏။ စစ်သည်များလည်း အလွန်မောပန်းကြလေ၏။
ထို့နောက် တောထဲတွင် အီဂျစ်ပြည်သားတစ်ဦးကိုတွေ့သဖြင့် ဒါဝိဒ်ထံသို့ခေါ်လာပြီး သူ့အား စားစရာကိုပေး၍ သူသည် စားလေ၏။ သူ့အား ရေကိုလည်းတိုက်၏။
မောပန်း၍ ဒါဝိဒ်နောက်သို့မလိုက်နိုင်တော့ဘဲ ဗေသော်ချောင်းနားတွင်နေခဲ့သော လူနှစ်ရာတို့ရှိရာသို့ ဒါဝိဒ်ပြန်ရောက်လာသောအခါ သူတို့သည် ဒါဝိဒ်နှင့် သူနှင့်အတူပြန်လာသောလူတို့ကို ကြိုဆိုရန် ထွက်လာကြ၏။ ဒါဝိဒ်သည် သူတို့အနီးသို့ရောက်လာ၍ သူတို့အား နှုတ်ဆက်စကားပြောဆိုလေ၏။
ထို့ကြောင့် ဒါဝိဒ်နှင့်သူ့နောက်လိုက်လူခြောက်ရာတို့သည် ချီသွား၍ ဗေသော်ချောင်းနားသို့ရောက်လျှင် နောက်၌ကျန်ခဲ့သူတို့က ထိုနေရာတွင် နေရစ်ခဲ့ကြ၏။