ဘုရားသခင်ရှေ့တော်မှမီးခွက်သည် မငြိမ်းသေး။ ရှမွေလသည် ဘုရားသခင်၏သေတ္တာတော်ရှိရာ ထာဝရဘုရား၏ဗိမာန်တော်၌ အိပ်လျက်နေ၏။
ရှမွေလမူကားပဋိညာဉ်သေတ္တာတော်ရှိရာ တဲတော်တွင်အိပ်လျက်နေသတည်း။ အရုဏ် မတက်သေးသဖြင့် မီးခွက်ကိုမငြိမ်းမသတ် ရသေးမီအချိန်၌၊-
ဘုရားသခင်၏ သေတ္တာတော်ရှိရာ ထာဝရဘုရားအိမ်တော်၌ မီးခွက်မသေမီ၊ ရှမွေလသည်လည်း အိပ်လျက်ရှိသောအခါ၊
နံနက်တိုင်း၊ ညနေတိုင်း ထာဝရဘုရားထံမီးရှို့ရာယဇ်နှင့် အမွှေးနံ့သာတို့ကို ပူဇော်ကြ၏။ သန့်ရှင်းသောစားပွဲပေါ်တွင် ရှေ့တော်မုန့်ကို တင်ထားပြီး ညနေတိုင်း ရွှေဆီမီးခုံမှ မီးခွက်တို့၌ မီးကိုထွန်းထား၏။ ငါတို့သည် ငါတို့ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်အတိုင်း လိုက်နာကြသော်လည်း သင်တို့မူကား ဘုရားသခင်ကို စွန့်ပယ်ကြပြီ။
ထာဝရဘုရား၏ခန့်ညားတင့်တယ်ခြင်းကို ဖူးမြော်ရန်နှင့် ကိုယ်တော်၏ဗိမာန်တော်၌ စူးစမ်းဆင်ခြင်လျက်နေရန် ငါအသက်ရှင်သမျှကာလပတ်လုံး ထာဝရဘုရား၏အိမ်တော်၌နေရမည့်အကြောင်း တစ်ခုတည်းကို ထာဝရဘုရားထံ၌ ငါတောင်းလျှောက်ပြီ။ ထိုအခွင့်ကို ငါရှာမည်။
ထာဝရဘုရား၏အသံတော်သည် သမင်တို့ကိုသားဖွားစေ၍ သစ်တောများကို ပြောင်တလင်းခါစေတော်မူ၏။ ကိုယ်တော်၏ဗိမာန်တော်၌ရှိသမျှတို့က “ဘုန်းကြီးစေသတည်း”ဟု ကြွေးကြော်ကြ၏။
အကျွန်ုပ်မူကား ကိုယ်တော်၏ ကြီးမားသောမေတ္တာကရုဏာတော်ကြောင့် ကိုယ်တော်၏အိမ်တော်သို့ရောက်၍ ကိုယ်တော်ကိုကြောက်ရွံ့သောစိတ်ဖြင့် ကိုယ်တော်၏သန့်ရှင်းသောဗိမာန်တော်ဘက်သို့ မျက်နှာမူလျက် ရှိခိုးကိုးကွယ်ပါမည်။
သင်သည် ရွှေစင်ဖြင့်ဆီမီးခုံကို လုပ်ရမည်။ ဆီမီးခုံတိုင်၊ ဆီမီးခုံ၏အလက်၊ ခွက်များ၊ ပွင့်ဖတ်အုံများ၊ ပွင့်ဖတ်များကို တစ်သားတည်းဖြစ်အောင် ထုလုပ်ရမည်။
ထိုသို့ ထာဝရဘုရားသည် ဟန္နအား သန္ဓေတည်ခွင့်ပေးတော်မမူသောကြောင့် သူ၏ပြိုင်ဖက်သည် ဟန္နစိတ်ဆိုးအောင် ဒေါသစိတ်ကို ဆွလေ့ရှိ၏။
သူတို့သည် ရှိလောမြို့တွင် စားသောက်ကြပြီးနောက် ဟန္နသည် ထသွားလေ၏။ ထိုစဉ် ယဇ်ပုရောဟိတ်ဧလိသည် ထာဝရဘုရား၏ဗိမာန်တော်တံခါးတိုင်အနီးရှိ ထိုင်ခုံပေါ်တွင် ထိုင်နေ၏။