အာခိတ်မင်းကြီးသည် ဒါဝိဒ်ကိုယုံပြီး “ဒါဝိဒ်ကို သူ့လူမျိုးအစ္စရေးတို့ အလွန်စက်ဆုပ်ရွံရှာကြပြီ။ ထို့ကြောင့် သူသည် ငါ့ထံ၌ အစဉ်အမြဲကျွန်ခံရလိမ့်မည်”ဟု ဆို၏။
သို့ရာတွင်အာခိတ်သည်ဒါဝိဒ်၏စကားကို ယုံကြည်သဖြင့်``ဤလူသည်မိမိဣသရေလ အမျိုးသားတို့၏မုန်းတီးမှုကိုလွန်စွာခံရ ပြီဖြစ်၍တစ်သက်လုံးငါ၏အစေကိုခံရ ပေအံ့'' ဟုတွေးတောလျက်နေ၏။
အာ ခိတ် မင်း က၊ ဒါ ဝိဒ် သည် ကိုယ့် အ မျိုး သား ဖြစ် သော ဣ သ ရေ လူ မျိုး တို့ စက် ဆုပ် ရွံ ရှာ ဖွယ် ပြု လေ ပြီ။ ထို ကြောင့် ငါ့ ထံ အ စဉ် ကျွန် ခံ လိမ့် မည် ဟု အောက် မေ့ လျက်၊ ဒါ ဝိဒ် ကို ယုံ ကြည် လေ၏။
အာခိတ်မင်းက၊ ဒါဝိဒ်သည် မိမိကို မိမိလူမျိုး အလွန်စက်ဆုပ် ရွံရှာသည်တိုင်အောင် ပြုပြီ။ သို့ဖြစ်၍ ငါ့ထံ၌ အစဉ်ကျွန်ခံလိမ့်မည်ဟု ဒါဝိဒ်စကားကိုယုံလျက်ဆို၏။
ထိုအခါ ယာကုပ်က ရှိမောင်နှင့်လေဝိအား “ဤပြည်၌နေထိုင်ကြသော ခါနာန်လူမျိုးနှင့်ဖေရဇိလူမျိုးတို့ ငါ့ကိုစက်ဆုပ်ရွံရှာအောင် သင်တို့ပြုခြင်းအားဖြင့် ငါ့ကို ဒုက္ခပေးကြပြီတကား။ ငါ၌ လူအင်အားအနည်းငယ်သာရှိ၏။ သူတို့သည် စုဝေး၍ ငါ့ကိုတိုက်ခိုက်လျှင် ငါနှင့်ငါ၏အိမ်သူအိမ်သားတို့သည် ပျက်စီးကြရလိမ့်မည်”ဟု ဆိုလေ၏။
သူတို့အား ဒါဝိဒ်မင်းကြီးစက်ဆုပ်ရွံရှာသွားကြောင်းကို အမ္မုန်အမျိုးသားတို့သိသောအခါ အမ္မုန်အမျိုးသားတို့သည် လူလွှတ်၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့မှဆီးရီးယားလူမျိုး ခြေလျင်တပ်သား အယောက်နှစ်သောင်း၊ မာခါဘုရင်ထံမှ လူတစ်ထောင်၊ တောဘမြို့မှ လူတစ်သောင်းနှစ်ထောင်တို့ကိုငှားရမ်းလေ၏။
“သင်တို့သည် ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းတို့ရှေ့တွင် ငါတို့ကို စက်ဆုပ်ရွံရှာဖွယ်အပုပ်ကောင်ဖြစ်စေပြီး ငါတို့ကိုသတ်ရန် သူတို့လက်ထဲသို့ ဓားထည့်ပေးသောကြောင့် ထာဝရဘုရားသည် သင်တို့ကိုကြည့်၍ တရားစီရင်တော်မူပါစေသော”ဟု သူတို့အား ဆို၏။
ရှောလုမင်းကြီးသည် ဖိလိတ္တိမြို့စောင့်တပ်ကို တိုက်ခိုက်၍ ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို စက်ဆုပ်ရွံရှာကြောင်း အစ္စရေးလူမျိုးအပေါင်းတို့ ကြားသိသောအခါ သူတို့သည် ရှောလုမင်းကြီးရှိရာ ဂိလဂါလမြို့သို့ လာရောက်စုရုံးကြ၏။
“ငါတို့ကို ဒါဝိဒ် ဤသို့ပြုပါပြီ”ဟု သတင်းထွက်မည်ကိုစိုးရိမ်၍ ဂါသမြို့သို့သတင်းမရောက်စေရန် ဒါဝိဒ်သည် ယောက်ျားမိန်းမ တစ်ယောက်မျှမကျန် အကုန်သုတ်သင်ပစ်၏။ ဖိလိတ္တိနယ်တွင် နေစဉ်ကာလတစ်လျှောက်လုံး ဤသို့ပြုလေ၏။
ထိုကာလတွင် ဖိလိတ္တိလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို စစ်တိုက်ရန် စစ်အင်အားစုဆောင်း၏။ အာခိတ်မင်းကြီးကလည်း ဒါဝိဒ်အား “သင်နှင့်သင့်နောက်လိုက်တို့က ငါနှင့်ပူးပေါင်းစစ်တိုက်ရမည်ကို သင်နားလည်သဘောပေါက်လိမ့်မည်”ဟု ဆိုလျှင်