ယောသပ်သည် ဖာရောမင်းကြီးမိန့်မှာသည့်အတိုင်း မိမိဖခင်နှင့်မိမိညီအစ်ကိုတို့ကိုနေရာချပေး၏။ အီဂျစ်ပြည်ရှိ အကောင်းဆုံးနေရာဖြစ်သော ရာမသက်အရပ်ကို သူတို့ပိုင်ဆိုင်ရာအဖြစ်ပေး၏။
၁ ရာ 22:3 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်သည် ထိုအရပ်မှ မောဘပြည်၊ မိဇပါမြို့သို့သွား၍ မောဘဘုရင်အား “ဘုရားသခင်သည် အကျွန်ုပ်အား မည်သို့ပြုပေးမည်ကို အကျွန်ုပ်သိရသည့်အချိန်ထိ အကျွန်ုပ်၏မိဘတို့ကို အရှင့်ထံ၌ ခိုလှုံခွင့်ပြုပါ”ဟု လျှောက်ဆိုပြီး Common Language Bible ဒါဝိဒ်သည်ထိုအရပ်မှမောဘပြည်မိဇပါ မြို့သို့သွား၍မောဘဘုရင်အား``အကျွန်ုပ် အဖို့ထာဝရဘုရားအဘယ်သို့စီမံတော် မူမည်ကိုမသိရမီအတောအတွင်း အကျွန်ုပ် ၏မိဘနှစ်ပါးကိုအရှင်၏ထံတွင်နေထိုင် ခွင့်ပြုတော်မူပါ'' ဟုလျှောက်လေ၏။- Garrad Bible ထို အ ရပ် မှ မော ဘ ပြည်၊ မိ ဇ ပါ မြို့ သို့ သွား ရောက် ပြီး လျှင် မော ဘ ဘု ရင် အား ကျွန် တော်၌ ဘု ရား သ ခင် မည် သို့ စီ မံ တော် မူ မည် ကို မ သိ မီ အ တွင်း အ ရှင့် ထံ မိ ဘ တို့ ခို ကိုး ခွင့် ပြု တော် မူ ပါ ဟု တင် လျှောက် အပ် ထား သည့် အ တိုင်း Judson Bible ထိုအရပ်မှ မောဘပြည် မိဇပါမြို့သို့သွား၍၊ မောဘရှင်ဘုရင်အား၊ ဘုရားသခင်သည် ကျွန်တော်၌ အဘယ်သို့ပြုတော်မူမည်ကို ကျွန်တော်မသိဘဲနေစဉ်တွင်၊ ကျွန်တော်မိဘသည် ထွက်လာ၍ ကိုယ်တော်ထံ၌ နေရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်သဖြင့်၊ |
ယောသပ်သည် ဖာရောမင်းကြီးမိန့်မှာသည့်အတိုင်း မိမိဖခင်နှင့်မိမိညီအစ်ကိုတို့ကိုနေရာချပေး၏။ အီဂျစ်ပြည်ရှိ အကောင်းဆုံးနေရာဖြစ်သော ရာမသက်အရပ်ကို သူတို့ပိုင်ဆိုင်ရာအဖြစ်ပေး၏။
ထို့နောက် မောဘပြည်ကိုလည်း တိုက်ခိုက်၏။ မောဘပြည်သားတို့ကို မြေပေါ်တွင်လှဲစေပြီး ကြိုးနှင့်တိုင်းရာ ကြိုးသုံးပုံနှစ်ပုံအတွင်းရောက်နေသူများကို သတ်ပစ်ပြီး ကျန်သုံးပုံတစ်ပုံကို အသက်ချမ်းသာပေး၏။ ဤသို့ဖြင့် မောဘလူမျိုးတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံဖြစ်လာပြီး အခွန်များကိုဆက်သရ၏။
သင်၏မိဘကိုရိုသေလော့။ ထိုသို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်၌ သင်သည် အသက်ရှည်လိမ့်မည်။
တစ်စုံတစ်ယောက်သောမုဆိုးမတွင် သားသမီး၊ သို့မဟုတ် မြေးများရှိလျှင် ထိုသားမြေးတို့သည် ဘာသာရေးဝတ္တရားတည်းဟူသော မိမိတို့အိမ်သူအိမ်သားကိုပြုစုခြင်းနှင့် မိဘဘိုးဘွားတို့အား ကျေးဇူးပြန်ဆပ်ခြင်းတို့ကို ဦးစွာသင်ယူကြစေ။ အကြောင်းမူကား ဤသို့ပြုခြင်းသည် ဘုရားသခင်ရှေ့တော်၌ နှစ်သက်လက်ခံဖွယ်ဖြစ်၏။
ထာဝရဘုရား၏ဝိညာဉ်တော်သည် ယေဖသအပေါ် သက်ရောက်တော်မူသဖြင့် သူသည် ဂိလဒ်ပြည်၊ မနာရှေပြည်တို့ကိုဖြတ်၍ ဂိလဒ်ပြည်ရှိ မိဇပါမြို့သို့ ချီတက်သွား၏။ ဂိလဒ်ပြည် မိဇပါမြို့မှ အမ္မုန်အမျိုးသားတို့ရှိရာသို့ ဆက်၍ချီတက်သွား၏။
ကွယ်လွန်သူ၏အမွေသည် သူ့အမည်ဖြင့် ဆက်ရှိစေရန်၊ သူ့ညီအစ်ကိုကြား၊ သူ့နေရင်းမြို့တံခါးတို့တွင် နာမည်ပယ်ဖျက်မခံရစေရန် မဟာလုန်၏မယား မောဘအမျိုးသမီးရုသကိုလည်း အကျွန်ုပ်၏မယားအဖြစ် ဝယ်ယူမည်။ ဤသည်မှာလည်း သင်တို့သည် သက်သေများဖြစ်ကြ၏”ဟု ဆို၏။
အိမ်နီးချင်းတို့ကလည်း “နောမိ၌ သားတစ်ယောက်ရပြီ”ဟု ဆိုလျက် ထိုသူငယ်ကို ဩဗက်ဟု မှည့်ခေါ်၏။ ဩဗက်သည် ဒါဝိဒ်၏အဖိုး၊ ယေရှဲ၏ဖခင် ဖြစ်သတည်း။
ရှောလုမင်းကြီးသည် အစ္စရေးလူမျိုးတို့ကို အုပ်စိုး၍ မောဘလူမျိုး၊ အမ္မုန်လူမျိုး၊ ဧဒုံလူမျိုး၊ ဇောဘဘုရင်များနှင့် ဖိလိတ္တိလူမျိုးစသည့် ဝန်းကျင်ရှိရန်သူအပေါင်းတို့ကို တိုက်ခိုက်ချေမှုန်းလေ၏။ စစ်တိုက်လေရာရာ၌လည်း အောင်မြင်မှုရလေ၏။
ဒုက္ခရောက်နေသူ၊ အကြွေးမဆပ်နိုင်သူ၊ ဘဝကို ခါးသီးစွာခံစားနေရသူအပေါင်းတို့သည် သူ့ထံလာရောက်စုဝေးကြရာ လူလေးရာခန့်ရှိ၍ ဒါဝိဒ်သည် သူတို့ကို ဦးဆောင်လေ၏။
သူတို့ကို မောဘဘုရင်ထံ၌ အပ်နှံထားခဲ့၏။ ဒါဝိဒ်သည် ဥမင်လိုဏ်ခေါင်းတွင် ပုန်းနေရသမျှကာလပတ်လုံး သူတို့သည် မောဘဘုရင်ထံ၌ ခိုလှုံခဲ့ကြ၏။
ထို့ကြောင့် ရှမွေလသည် မိန့်တော်မူသောအရာအားလုံးကို မထိမ်ဝှက်ဘဲ သူ့အား ပြောပြလေ၏။ ထိုအခါ ဧလိက “ဤသည်ကား ထာဝရဘုရားမိန့်တော်မူသောအမှုဖြစ်၏။ ကိုယ်တော်အလိုရှိသည့်အတိုင်း ပြုတော်မူပါစေသော”ဟု ဆို၏။