ထွက်မြောက် 20:12 - မြန်မာ့စံမီသမ္မာကျမ်း12 သင်၏မိဘကိုရိုသေလော့။ ထိုသို့ပြုလျှင် သင်၏ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်၌ သင်သည် အသက်ရှည်လိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible12 ``သင်၏ဘုရားသခင်ထာဝရဘုရားပေး တော်မူမည့်ပြည်တွင် အသက်ရှည်စွာနေထိုင် နိုင်ရန်သင်၏မိဘကိုရိုသေလော့။ အခန်းကိုကြည့်ပါ။Garrad Bible12 သင့် ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား ပေး သ နား သော ပြည်၌ တာ ရှည် စေ ရန် မိ ဘ ကို ရို သေ သ မှု ပြု လော့။ အခန်းကိုကြည့်ပါ။Judson Bible12 သင်၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသောပြည်၌ သင်၏အသက်တာ ရှည်မည်အကြောင်း၊ သင်၏မိဘကိုရိုသေစွာပြုလော့။ အခန်းကိုကြည့်ပါ။ |
သင်တို့နှင့်တကွ နောင်လာမည့် သင်တို့၏သားမြေးတို့ ကောင်းစားမည့်အကြောင်း၊ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင်တို့ အသက်ရှည်ရှည်နေထိုင်ရမည့်အကြောင်း ယနေ့ သင်တို့အား ငါဆင့်ဆိုသော ဘုရားသခင်၏ပြဋ္ဌာန်းချက်များနှင့်ပညတ်တော်များကို စောင့်ထိန်းရမည်”ဟု မြွက်ဆိုလေ၏။
အို နာမတော်ကိုမထီမဲ့မြင်ပြုသောယဇ်ပုရောဟိတ်တို့၊ သားသည် ဖခင်ကိုလည်းကောင်း၊ ကျွန်သည် သခင်ကိုလည်းကောင်း ရိုသေလေးစားတတ်၏။ ငါသည် ဖခင်ဆိုလျှင် ငါ့ကို မည်သူရိုသေလေးစားသနည်း။ ငါသည် သခင်ဆိုလျှင် ငါ့ကို မည်သူကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမေးတော်မူလျှင် သင်တို့က ‘အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ကို မည်သို့မထီမဲ့မြင်ပြုပါသနည်း’ဟု ပြန်မေးလျှောက်ကြ၏။
ယေရမိကလည်း ရေခပ်အမျိုးသားတို့အား “အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့၏ဘိုးဘေးယောနဒပ်၏စကားကို သင်တို့နားထောင်ကြလေပြီ။ သူပညတ်ထားသည်ကို သင်တို့စောင့်ထိန်းလေပြီ။ သူမှာကြားခဲ့သည့်အတိုင်း သင်တို့လိုက်လျှောက်ကြလေပြီ’ဟု မိန့်တော်မူ၏။