၁ ရာ 22:4 - မြန်မာ့စံမီသမ္မာကျမ်း4 သူတို့ကို မောဘဘုရင်ထံ၌ အပ်နှံထားခဲ့၏။ ဒါဝိဒ်သည် ဥမင်လိုဏ်ခေါင်းတွင် ပုန်းနေရသမျှကာလပတ်လုံး သူတို့သည် မောဘဘုရင်ထံ၌ ခိုလှုံခဲ့ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible4 သို့ဖြစ်၍ဒါဝိဒ်သည်မိဘနှစ်ပါးကိုမောဘ ဘုရင်၏ထံတွင်ထားခဲ့၏။ မိဘနှစ်ပါးသည် ဂူထဲတွင် ဒါဝိဒ်ပုန်းအောင်း၍နေရသမျှ ကာလပတ်လုံးမောဘဘုရင်၏ထံတွင်နေ ထိုင်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible4 ခိုင် လုံ သော ဥမင်၌ ဒါ ဝိဒ် အောင်း နေ သ မျှ ကာ လ ပတ် လုံး မော ဘ ဘု ရင် ထံ မိ ဘ တို့ နေ ရ ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible4 မောဘရှင်ဘုရင်ထံသို့ သွင်း၍၊ ဒါဝိဒ်သည် ခိုင်ခံ့သောဥမင်၌ နေသည်ကာလပတ်လုံး၊ မိဘတို့သည် မောဘရှင်ဘုရင်ထံမှာ နေကြ၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် မောဘပြည်ကိုလည်း တိုက်ခိုက်၏။ မောဘပြည်သားတို့ကို မြေပေါ်တွင်လှဲစေပြီး ကြိုးနှင့်တိုင်းရာ ကြိုးသုံးပုံနှစ်ပုံအတွင်းရောက်နေသူများကို သတ်ပစ်ပြီး ကျန်သုံးပုံတစ်ပုံကို အသက်ချမ်းသာပေး၏။ ဤသို့ဖြင့် မောဘလူမျိုးတို့သည် ဒါဝိဒ်မင်းကြီး၏လက်အောက်ခံဖြစ်လာပြီး အခွန်များကိုဆက်သရ၏။
ဒါဝိဒ်မင်းကြီးနှင့်တကွ မင်းကြီး၏ဗျာဒိတ်ဆရာဂဒ်နှင့် ပရောဖက်နာသန်တို့ ညွှန်ကြားထားနှင့်သည့်အတိုင်း ဟေဇကိမင်းကြီးသည် လင်းကွင်း၊ စောင်းပြား၊ စောင်းကောက် တီးမှုတ်တတ်သောလေဝိအမျိုးတို့ကို ထာဝရဘုရား၏အိမ်တော်တွင် နေရာချထား၏။ ထိုသို့ ထာဝရဘုရားသည် ပရောဖက်တို့မှတစ်ဆင့် မိန့်မှာထားတော်မူ၏။