ထို့နောက်တွင် အဗရှလုံသည် စစ်ရထားတစ်စီး၊ မြင်းများနှင့် ရှေ့တော်ပြေးတပ်သားအယောက် ငါးဆယ်ကို ပြင်ဆင်ထား၏။
၁ ရာ 22:17 - မြန်မာ့စံမီသမ္မာကျမ်း သူ့အနား၌ရပ်နေသောခြေမြန်တော်တို့အား “လှည့်၍ ထာဝရဘုရား၏ယဇ်ပုရောဟိတ်တို့ကို သတ်ကြလော့။ သူတို့သည် ဒါဝိဒ်ဘက်သားဖြစ်၏။ ဒါဝိဒ် ထွက်ပြေးတိမ်းရှောင်သည်ကို သိလျက်ပင် ငါ့အား အကြောင်းမကြားကြ”ဟု မိန့်ဆို၏။ သို့သော် ရှင်ဘုရင်၏အမှုထမ်းတို့သည် ထာဝရဘုရား၏ယဇ်ပုရောဟိတ်တို့ကို ကွပ်မျက်ရန် လက်ကို မရွယ်လိုကြပေ။ Common Language Bible မိမိအနီးတွင်ရပ်လျက်နေသောအစောင့် တပ်သားများအား``ထာဝရဘုရား၏ယဇ် ပုရောဟိတ်တို့သည်ဒါဝိဒ်နှင့်အတူကြံရာ ပါများဖြစ်သဖြင့် ဒါဝိဒ်ထွက်ပြေးကြောင်း ကိုသိသော်လည်း ငါ့အားမပြောသောကြောင့် သတ်ကြလော့'' ဟုအမိန့်ပေးတော်မူ၏။ သို့ ရာတွင်အစောင့်တပ်သားတစ်စုံတစ်ယောက် ကမျှ ထာဝရဘုရား၏ယဇ်ပုရောဟိတ် တို့ကိုသတ်ရန်လက်ကိုမျှမဆန့်ဝံ့ကြ ချေ။ Garrad Bible ခြံ ရံ လျက် ရှိ သော ရှေ့ တော် ပြေး တို့ အား ထာ ဝ ရ ဘု ရား၏ ပ ရော ဟိတ် တို့ သည် ဒါ ဝိဒ် ဘက် ပါ ဖြစ် သော ကြောင့် လည်း ကောင်း၊ ဒါ ဝိဒ် ထွက် ပြေး သည် ကို သိ လျက် ငါ့ အား မ ဖော် မ ပြ သော ကြောင့် လည်း ကောင်း၊ လှည့်၍ သတ် ကြ လော့ ဟု အ မိန့် ထုတ် ဆင့် သော် လည်း ကျေး ကျွန် သင်း ပင်း တို့ သည် ထာ ဝ ရ ဘု ရား၏ ပ ရော ဟိတ် တို့ ကို ကွပ် မျက် ရန် လက် မျှ မ ဆန့် ဝံ့ ကြ ချေ။ Judson Bible ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့သည် ဒါဝိဒ်ဘက်မှာနေ၍၊ သူပြေးကြောင်းကို သိသော်လည်း ငါ့အားမကြားမပြောသောကြောင့်၊ သူတို့ကို လှည့်၍သတ်ကြဟု ခြံရံလျက်ရှိသော ခြေသည်တို့အား အမိန့်တော်ရှိသော်လည်း၊ ရှင်ဘုရင်၏ ကျွန်တို့သည် ထာဝရဘုရား၏ ယဇ်ပုရောဟိတ်တို့ကို မလုပ်ကြံဘဲနေကြ၏။ |
ထို့နောက်တွင် အဗရှလုံသည် စစ်ရထားတစ်စီး၊ မြင်းများနှင့် ရှေ့တော်ပြေးတပ်သားအယောက် ငါးဆယ်ကို ပြင်ဆင်ထား၏။
တစ်နေ့တွင် ဟဂ္ဂိတ်၏သားအဒေါနိယက “ငါရှင်ဘုရင်လုပ်မည်”ဟု ဆိုလျက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်၏။ မိမိအဖို့ မြင်းရထား၊ မြင်းစီးသူရဲများနှင့် ရှေ့တော်ပြေးအယောက်ငါးဆယ်ကို ပြင်ဆင်ထား၏။
ထို့ကြောင့် ရောဗောင်မင်းကြီးသည် ရွှေဒိုင်းလွှားများအစား ကြေးနီဒိုင်းလွှားများကို ပြုလုပ်ပြီး ဘုရင့်နန်းတော်တံခါးကိုစောင့်ကြပ်သော တံခါးမှူးတို့၏လက်သို့အပ်၏။
ထာဝရဘုရား၏ပရောဖက်များကို ယေဇဗေလသတ်ခဲ့စဉ်က ဩဗဒိသည် ပရောဖက်တစ်ရာကို ငါးဆယ်စီခွဲ၍ လိုဏ်ဂူထဲတွင် ဝှက်ထားခဲ့ပြီး အစာရေစာကိုလည်း ကျွေးမွေးခဲ့၏။
မီးရှို့ရာယဇ်ပူဇော်ပြီးသည်နှင့် ယေဟုက အစောင့်တပ်သားများနှင့် တပ်မှူးတို့အား “ဝင်ပြီး သတ်ကြ။ တစ်ယောက်ကိုမျှမလွတ်စေနှင့်”ဟု အမိန့်ပေးလိုက်ရာ သူတို့သည် ဓားဖြင့် ဝင်ရောက်သတ်ဖြတ်ကြ၏။ အစောင့်တပ်သားများနှင့် တပ်မှူးတို့သည် အလောင်းများကို ပစ်ထားခဲ့ပြီး ဗာလဘုရားဝတ်ကျောင်း၏အတွင်းခန်းထဲသို့ ဝင်သွားကြ၏။
သို့သော် ဝမ်းဆွဲတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သဖြင့် သူတို့အား အီဂျစ်ဘုရင်အမိန့်ပေးသည့်အတိုင်းမပြုဘဲ ယောက်ျားလေးများကို အသက်ချမ်းသာပေးကြ၏။
သို့သော် ပေတရုနှင့်ယောဟန်တို့က “ဘုရားသခင်၏စကားတော်ထက် သင်တို့၏စကားကို ပို၍နားထောင်ခြင်းသည် ဘုရားသခင်ရှေ့တော်၌ မှန်၊ မမှန် သင်တို့ဆုံးဖြတ်ကြလော့။
သို့သော် စစ်သည်တို့က ရှောလုမင်းကြီးအား “အစ္စရေးလူမျိုးတို့ကို အကြီးအကျယ်ကယ်တင်ပေးခဲ့သောယောနသန်သည် သေရမည်လော။ ဤအဖြစ်နှင့်ဝေးပါစေ၊ ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ သူ့ဦးခေါင်းမှ ဆံချည်တစ်ပင်မျှ မြေပေါ်သို့ မကျစေရ။ ယနေ့ပင် သူသည် ဘုရားသခင်နှင့်အတူ စစ်တိုက်လေပြီ”ဟု ဆိုကြ၏။ ဤသို့ ယောနသန်ကိုစစ်သည်တို့ကယ်တင်သောကြောင့် ယောနသန်သည် သေဒဏ်မခံရတော့ပေ။
ကြည့်ရှုလော့။ သင့်ဘိုးဘေးအမျိုးအနွယ်၏လက်ရုံးမှစ၍ သင့်လက်ရုံးကို ငါဖြတ်တောက်ပစ်မည့်နေ့ရောက်လာလိမ့်မည်။ သင့်အမျိုးအနွယ်တွင် အသက်ကြီးသောသူ ရှိတော့မည်မဟုတ်။
ရှောလုမင်းကြီးသည် ယောနသန်ကို သတ်ရန် လှံနှင့်ထိုးလိုက်၏။ ယောနသန်လည်း သူ့ခမည်းတော်သည် ဒါဝိဒ်ကို သတ်ရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ကြောင်း ရိပ်မိလေ၏။
ရှောလုမင်းကြီးက “သင်နှင့် ယေရှဲ၏သားသည် ငါ့ကို အဘယ်ကြောင့် ပူးပေါင်းကြံစည်ကြသနည်း။ သင်သည် သူ့အား အစားအစာနှင့်ဓားကို ပေးခဲ့သည်သာမက ဘုရားသခင်ထံ၌လည်း မေးမြန်းပေးသောကြောင့် ယနေ့ သူသည် ငါ့ကို ထကြွပုန်ကန်၍ ချောင်းမြောင်းတိုက်ခိုက်လေပြီ”ဟု ဆို၏။
ထိုအခါ ရှင်ဘုရင်က “အဟိမလက်၊ သင်နှင့်သင့်ဖခင်၏အိမ်ထောင်မိသားစုအားလုံး မုချသေရမည်”ဟု ဆိုပြီး
ယခုမှာ အကျွန်ုပ်တို့သခင်နှင့် အိမ်သူအိမ်သားအားလုံးသည် ဘေးရောက်တော့မည်ဖြစ်၍ မည်သို့ပြုရမည်ကို သခင်မ သိမြင်ပါလော့။ အကျွန်ုပ်တို့သခင်သည် ဆိုးညစ်သူဖြစ်သောကြောင့် သူ့ကိုပြော၍ရမည်မဟုတ်ပါ”ဟု ဆို၏။
“သင်တို့ကို အုပ်စိုးမည့်ရှင်ဘုရင်၏ထုံးနည်းကား ဤသို့ဖြစ်၏။ သူသည် သင်တို့၏သားများကိုခေါ်၍ သူ၏ရထားမောင်းနှင်သူများ၊ မြင်းစီးသူရဲများအဖြစ် ခန့်ထားလိမ့်မည်။ သူတို့ကို သူ့ရထားရှေ့တွင် ပြေးစေလိမ့်မည်။