၁ ရာ 25:17 - မြန်မာ့စံမီသမ္မာကျမ်း17 ယခုမှာ အကျွန်ုပ်တို့သခင်နှင့် အိမ်သူအိမ်သားအားလုံးသည် ဘေးရောက်တော့မည်ဖြစ်၍ မည်သို့ပြုရမည်ကို သခင်မ သိမြင်ပါလော့။ အကျွန်ုပ်တို့သခင်သည် ဆိုးညစ်သူဖြစ်သောကြောင့် သူ့ကိုပြော၍ရမည်မဟုတ်ပါ”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible17 ဤအမှုကိုဆင်ခြင်စဉ်းစား၍အဘယ်သို့ ပြုသင့်သည်ကိုဆုံးဖြတ်ပါလော့။ ဤကိစ္စ သည်ကျွန်တော်တို့၏သခင်နှင့်အိမ်ထောင်စု တစ်ခုလုံးကိုဘေးဥပဒ်ပေးနိုင်ပါသည်။ ကျွန်တော်တို့၏သခင်သည်စိတ်သဘော ထားသေးသိမ်သူဖြစ်၍ အဘယ်သူ၏ စကားကိုမျှနားထောင်လိမ့်မည်မဟုတ် ပါ'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible17 ယ ခု မှာ ကျွန် တော့် သ ခင် မှ စ သော ဆွေ မျိုး သား ချင်း အ ပေါင်း တို့၌ ဘေး အ န္တ ရာယ် ဆုံး ဖြတ် ပြီး ဖြစ်၍ မည် သို့ ပြု အပ် သည် ကို သ ခင် မ ဆင် ခြင် အောက် မေ့ ပါ လော့။ သ ခင့် မူ ကား၊ တ ရား မဲ့ သော ကြောင့် မ လျှောက် ဝံ့ ပါ ဟု ဆို သော် အခန်းကိုကြည့်ပါ။Judson Bible17 သို့ဖြစ်၍ သခင်မသည် အဘယ်သို့ပြုသင့်သည်ကို ကြည့်ရှုဆင်ခြင်ပါတော့။ အကျွန်ုပ်တို့သခင်နှင့် အိမ်သူအိမ်သားအပေါင်းတို့၌ ဘေးပြုမည်ဟု စီရင်ပါပြီ။ သခင်သည် အဓမ္မလူဖြစ်သောကြောင့်၊ အဘယ်သူမှ၊ မပြောမလျှောက်ဝံ့ပါဟု ဆိုလေသော်၊ အခန်းကိုကြည့်ပါ။ |
ထိုသို့ ပရောဖက်ပြောဆိုနေသည်ကို အာမဇိမင်းကြီးက “သင့်ကို ရှင်ဘုရင်၏အတိုင်ပင်ခံအဖြစ် ခန့်ထားသလော။ တိတ်တိတ်နေလော့။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်ခံရအောင်လုပ်သနည်း”ဟု ပြန်ပြောရာ ပရောဖက်က “ငါပေးသောအကြံကို သင်နားမထောင်၊ ဤအမှုကို သင်ပြုသောကြောင့် ဘုရားသခင်သည် သင့်ကိုဖျက်ဆီးပစ်ရန် ကြံရွယ်ထားသည်ကို ငါသိ၏”ဟု ဆိုလေ၏။
ထို့ကြောင့် ဂဒ်သည် ဒါဝိဒ်မင်းကြီးထံသို့သွား၍ “အရှင်မင်းကြီး၏တိုင်းပြည်တွင် ငတ်မွတ်ခေါင်းပါးခြင်းဘေး ခုနစ်နှစ် ဖြစ်စေရမည်လော။ သို့မဟုတ် ရန်သူလိုက်သဖြင့် အရှင်မင်းကြီးကို သုံးလပတ်လုံးထွက်ပြေးစေရမည်လော။ သို့မဟုတ် တိုင်းပြည်တွင် သုံးရက်ပတ်လုံးကပ်ရောဂါဘေး ကျရောက်စေရမည်လော။ အကျွန်ုပ်ကို စေလွှတ်သောအရှင်အား မည်သည့်အဖြေပြန်ပေးရမည်ကို ယခု စဉ်းစားဆုံးဖြတ်ပါလော့”ဟု လျှောက်တင်၏။