ငါသည် ထာဝရဘုရားကို အစဉ်အမြဲကောင်းချီးထောမနာပြု၏။ ငါ၏နှုတ်သည် ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို အစဉ်မြွက်ဆိုမည်။
၁ ရာ 21:11 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အာခိတ်မင်းကြီး၏အမှုထမ်းတို့က “ဤသူသည် ပြည့်ရှင်မင်းဒါဝိဒ် မဟုတ်လော။ သူနှင့်ပတ်သက်၍ ‘ရှောလု အထောင်အထောင်၊ ဒါဝိဒ် အသောင်းသောင်း သတ်လေပြီ’ဟု သီဆိုကခုန်ခဲ့ကြသည်မဟုတ်လော”ဟု မေးလျှောက်ကြ၏။ Common Language Bible ဘုရင့်မှူးမတ်တို့က``ဤဒါဝိဒ်ဆိုသူသည် ဣသရေလဘုရင်ပင်မဟုတ်ပါလော။ အမျိုး သမီးတို့သည်ကခုန်ကာ`ရှောလုသတ်သူ အထောင်ထောင်၊ ဒါဝိဒ်သတ်သူအသောင်း သောင်း' ဟုသူ၏အကြောင်းကိုသီချင်းဆို ခဲ့ကြသည်မဟုတ်ပါလော'' ဟုလျှောက် ထားကြ၏။ Garrad Bible အာ ခိတ် မင်း၏ ကျေး ကျွန် သင်း ပင်း တို့ က ဤ သူ သည် ဣ သ ရေ လ ဘု ရင် ဒါ ဝိဒ် မင်း ဖြစ် သည် မ ဟုတ် လော။ ထို သူ့ ကို ရည် သ ဖြင့် ရှော လု အ ထောင် ထောင်၊ ဒါ ဝိဒ် အ သောင်း သောင်း လုပ် ကြံ လေ ပြီ တ ကား ဟူ၍ က ခုန် လျက် တ ဘောင် ဖွဲ့ ဆို ကြ သည် မ ဟုတ် လော ဟု အာ ခိတ် မင်း အား တင် လျှောက် ကြ လေ၏။ Judson Bible အာခိတ်မင်း၏ကျွန်တို့က၊ ဒါဝိဒ်သည် ဣသရေလရှင်ဘုရင် ဖြစ်သည်မဟုတ်လော။ ရှောလု အထောင်ထောင်၊ ဒါဝိဒ် အသောင်းသောင်း သတ်လေစွတကားဟု ဤသူရှေ့မှာ အလှည့်လှည့်ကလျက် သီချင်းဆိုကြသည် မဟုတ်လောဟု လျှောက်ကြ၏။ |
ငါသည် ထာဝရဘုရားကို အစဉ်အမြဲကောင်းချီးထောမနာပြု၏။ ငါ၏နှုတ်သည် ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်ကို အစဉ်မြွက်ဆိုမည်။
တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။
ဒါဝိဒ်သည် ထွက်ပြေးလွတ်မြောက်သွား၍ ရှမွေလရှိရာ ရာမမြို့သို့ရောက်လာပြီး မိမိအား ရှောလုပြုခဲ့သမျှကို ရှမွေလအား ပြောပြ၏။ ထို့နောက် ရှမွေလနှင့်ဒါဝိဒ်သည် နာယုတ်အရပ်၌ သွားနေကြ၏။
ဒါဝိဒ်သည် စိတ်ထဲတွင် “တစ်နေ့မဟုတ် တစ်နေ့ ရှောလုမင်းကြီးလက်ဖြင့် ငါသေရလိမ့်မည်။ ဖိလိတ္တိပြည်သို့ထွက်ပြေးတိမ်းရှောင်သွားခြင်းထက် ငါ့အတွက် ကောင်းသောနည်းလမ်းမရှိ။ သို့မှ ရှောလုမင်းကြီးသည် ငါ့ကို အစ္စရေးနယ်မြေတွင် ရှာဖွေခြင်းမှ လက်လျှော့ပြီး သူ့လက်မှ လွတ်မြောက်ရလိမ့်မည်”ဟု တွေးမိသဖြင့်
ဒါဝိဒ်သည် ထ၍ သူ့နောက်လိုက်လူခြောက်ရာတို့နှင့်အတူ မောခ၏သား ဂါသဘုရင်အာခိတ်မင်းကြီးထံသို့ သွားလေ၏။
‘ရှောလုအထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်း သတ်လေပြီ’ဟု လူတို့ သီဆိုကခုန်ဂုဏ်ပြုခဲ့သူမှာ ဤဒါဝိဒ်ပင် မဟုတ်လော”ဟု ပြန်ပြောကြ၏။