၁ ရာ 20:3 - မြန်မာ့စံမီသမ္မာကျမ်း
ထို့ပြင် ဒါဝိဒ်က “သင်နှင့်ကျွန်ုပ် အလွန်ခင်မင်ကြသည်ကို သင့်ခမည်းတော် သိသည်ဖြစ်၍ ‘ဤအမှုကို ယောနသန် မသိစေရ။ သို့မဟုတ်လျှင် သူစိတ်ထိခိုက်လိမ့်မည်’ဟု ဆိုပါ၏။ အကယ်စင်စစ် ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ၊ သင်လည်း အသက်ရှင်သည်နှင့်အညီ အကျွန်ုပ်နှင့်သေခြင်းသည် ခြေတစ်လှမ်းသာ ကွာတော့သည်”ဟု ကျိန်၍ ပြောဆိုလေ၏။
အခန်းကိုကြည့်ပါ။
သို့ရာတွင်ဒါဝိဒ်က``သင်ကျွန်ုပ်အားအဘယ် မျှခင်မင်သည်ကို သင်၏ခမည်းတော်ကောင်း စွာသိပါ၏။ သင်သည်စိတ်မချမ်းမသာ ဖြစ်မည်စိုးသဖြင့် သူသည်မိမိ၏အကြံ အစည်ကိုသင့်အားမပြောကြားဘဲနေ လေပြီ။ ကျွန်ုပ်သည်သေဘေးနှင့်ခြေတစ် လှမ်းမျှသာကွာတော့ကြောင်း အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင် တည်၍သင့်အားကျိန်ဆိုဖော်ပြပါ၏'' ဟုပြန်ပြော၏။
အခန်းကိုကြည့်ပါ။
ဒါ ဝိဒ် က ကျွန် တော် ကို အ ရှင် မြတ် နိုး ကြောင်း ခ မည်း တော် မု ချ သိ တော် မူ သ ဖြင့် သား တော် မ ပူ ပန် စေ ရန် မ သိ စေ လင့် ဟု ကြံ ရွယ် တော် မူ ပါ၏။ သို့ ရာ တွင် ထာ ဝ ရ ဘု ရား အ သက် တော် နှင့် ကိုယ် တော့် အ သက် ရှင် သည့် အ တိုင်း ကျွန် တော် နှင့် သေ ဘေး သည် ခြေ တစ် လှမ်း မျှ သာ ကွာ တော့ သည် ဟု သ စ္စာ မူ လျက် ပြန် ဆို လေ၏။
အခန်းကိုကြည့်ပါ။
ဒါဝိဒ်ကလည်း၊ ကျွန်ုပ်သည် သင်၏မိတ်ဆွေဖြစ်ကြောင်းကို သင်၏အဘသည် အမှန်သိသဖြင့်၊ ယောနသန်စိတ်မသာ ရှိမည်စိုးရိမ်၍ သူသည် ဤအမှုကို မသိစေနှင့်ဟု ပြောဆိုပါပြီ။ အကယ်စင်စစ် ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း၊ သင့်အသက်လည်း ရှင်သည်အတိုင်း၊ ကျွန်ုပ်နှင့် သေဘေးစပ်ကြားမှာ အသွားတစ်လှမ်းသာရှိပါသည်ဟု အကျိန်နှင့်ဆို၏။
အခန်းကိုကြည့်ပါ။