ယောသပ်သည် အီဂျစ်ဘုရင်ဖာရောမင်းကြီးထံ၌ အမှုထမ်းသောအခါ အသက်သုံးဆယ်ရှိပြီဖြစ်၏။ ယောသပ်သည် ဖာရောမင်းကြီးထံမှထွက်လာ၍ အီဂျစ်ပြည်တစ်ပြည်လုံးကိုလှည့်လည်ကြည့်ရှု၏။
၁ ရာ 16:21 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်သည် ရှောလုမင်းကြီးထံသို့ရောက်၍ ရှေ့တော်၌အခစားဝင်သောအခါ ရှောလုမင်းကြီးသည် သူ့ကို အလွန်သဘောကျသဖြင့် မိမိ၏လက်နက်ကိုင်အဖြစ် ခန့်အပ်လေ၏။ Common Language Bible ဒါဝိဒ်သည်ရှောလုထံသို့လာရောက်ပြီးလျှင် အမှုတော်ကိုထမ်းဆောင်လေသည်။ ရှောလု သည်လည်းသူ့ကိုလွန်စွာနှစ်သက်တော်မူ သဖြင့်မိမိ၏လက်နက်သယ်ဆောင်သူ အရာ၌ခန့်ထားတော်မူ၏။- Garrad Bible ဒါ ဝိဒ် သည် ရှော လု မင်း ထံ ဝင် ရောက် ခ စား ရာ မြတ် နိုး လှ သ ဖြင့် လက် သုံး တော် ကိုင် ရာ ထူး ကို ပေး လေ ၏။ Judson Bible ဒါဝိဒ်သည် ရှောလုထံသို့ရောက်၍ခစားသဖြင့်၊ ရှောလုသည် အလွန်ချစ်၍ လက်နက်တော်ဆောင်အရာ၌ ခန့်ထား၏။ |
ယောသပ်သည် အီဂျစ်ဘုရင်ဖာရောမင်းကြီးထံ၌ အမှုထမ်းသောအခါ အသက်သုံးဆယ်ရှိပြီဖြစ်၏။ ယောသပ်သည် ဖာရောမင်းကြီးထံမှထွက်လာ၍ အီဂျစ်ပြည်တစ်ပြည်လုံးကိုလှည့်လည်ကြည့်ရှု၏။
မင်းကြီးထံခစားရသောသူတို့သည် မင်္ဂလာရှိလှပါသည်တကား။ ရှေ့တော်တွင် အစဉ်အမှုထမ်းရပြီး မင်းကြီး၏ပညာစကားကို ကြားနာရသောသူတို့သည် မင်္ဂလာရှိလှပါသည်တကား။
ထာဝရဘုရားကိုခိုလှုံခြင်းသည် မင်းအရာရှိတို့ကိုကိုးစားခြင်းထက် ပို၍ကောင်း၏။
အဆင့်အတန်းနိမ့်သောသူတို့သည် အခိုးအငွေ့သာဖြစ်ကြပြီး အဆင့်အတန်းမြင့်သောသူတို့သည် လိမ်လည်ခြင်းသာဖြစ်ကြ၏။ ချိန်ခွင်၌ချိန်လျှင် သူတို့နှစ်မျိုးပေါင်းသည် အခိုးအငွေ့ထက်ပေါ့၏။
မိမိအလုပ်တွင် ကျွမ်းကျင်သောသူကို သင်မြင်သလော။ ထိုသူသည် ရှင်ဘုရင်တို့ရှေ့မှောက်၌ ခစားရလိမ့်မည်။ သာမန်လူတို့ရှေ့၌ ခစားရလိမ့်မည်မဟုတ်။
သင့်ရှေ့၌ရပ်နေသော နုန်၏သား ယောရှုမူကား ထိုပြည်သို့ဝင်ရလိမ့်မည်။ သူ့အားဖြင့် အစ္စရေးလူမျိုးတို့ ထိုပြည်ကို အမွေဆက်ခံရမည်ဖြစ်၍ သူ့ကို အားပေးလော့။
ထိုအချိန်၌ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို သယ်ဆောင်ရန်၊ ထာဝရဘုရားရှေ့တော်၌ရပ်လျက် အမှုတော်ဆောင်ရွက်ရန်၊ ကိုယ်တော်၏နာမတော်အားဖြင့် ကောင်းချီးပေးရန် ထာဝရဘုရားသည် လေဝိအမျိုးတို့ကို သီးခြားခွဲထားသည်မှာ ယနေ့ထိတိုင် ဖြစ်၏။
ထိုအခါ သူသည် သူ၏လက်နက်ကိုင်လုလင်ကို အလျင်အမြန်ခေါ်၍ “လူတို့က ငါ့ကို ‘မိန်းမသတ်၍သေရသည်’ဟု မဆိုရလေအောင် သင့်ဓားကိုဆွဲထုတ်၍ ငါ့ကို သတ်ပါလော့”ဟု ဆိုသဖြင့် သူ၏ငယ်သားသည် သူ့ကိုထိုးလိုက်ရာ သူသေလေ၏။
ထို့နောက် ရှောလုမင်းကြီးသည် ယေရှဲထံ လူလွှတ်ပြီး “ဒါဝိဒ်ကို ငါနှစ်သက်သည်ဖြစ်၍ ငါ့ထံ၌ ခစားစေပါလော့”ဟု မှာလိုက်၏။
ဒါဝိဒ်သည် ဗက်လင်မြို့ရှိ ဖခင်၏သိုးများကိုထိန်းကျောင်းရသဖြင့် ရှောလုမင်းကြီးထံသွားလိုက် ဖခင်ထံပြန်လိုက်လုပ်နေရ၏။
ဖိလိတ္တိလူစွမ်းကောင်းကို တိုက်ခိုက်ရန် ထွက်သွားသောဒါဝိဒ်ကို ရှောလုမင်းကြီးကြည့်ပြီး စစ်သူကြီးအာဗနာအား “အာဗနာ၊ ဤလူငယ်သည် မည်သူ့သားနည်း”ဟု မေးလျှင် အာဗနာက “အရှင်မင်းကြီး အသက်ရှင်တော်မူသည်နှင့်အညီ အကျွန်ုပ်မသိပါ”ဟု လျှောက်၏။
ယောနသန်သည် ဒါဝိဒ်ကိုခေါ်၍ ထိုအကြောင်းအရာအလုံးစုံကိုပြောပြပြီးလျှင် ဒါဝိဒ်ကို ရှောလုမင်းကြီးထံပြန်ခေါ်ဆောင်လာ၍ ယခင်ကကဲ့သို့ပင် အခစားဝင်စေ၏။