၁ ရာ 16:1 - မြန်မာ့စံမီသမ္မာကျမ်း
တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။
ထာဝရဘုရားသည်ရှမွေလအား``သင်သည် အဘယ်မျှကြာအောင်ရှောလုအတွက်ဝမ်းနည်း နေပါမည်နည်း။ ငါသည်သူ့အားဣသရေလ ဘုရင်အဖြစ်မှပယ်တော်မူပြီ။ သံလွင်ဆီယူ ၍ဗက်လင်မြို့ရှိယေရှဲနာမည်တွင်သူလူတစ် ယောက်ထံသို့သွားလော့။ ငါသည်သူ၏သား တစ်ယောက်အားဘုရင်အဖြစ်ရွေးချယ်၏'' ဟုမိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။
တစ် ဖန် ထာ ဝ ရ ဘု ရား က ရှ မွေ လ အား၊ ရှော လု အ တွက် မည် မျှ ကြာ သင် ဝမ်း နည်း မည် နည်း။ ငါ သည် ဣ သ ရေ လ ဘု ရင့် အ ဖြစ် မှ သူ့ ကို ပယ် ခဲ့ လေ ပြီ။ သင့် ဘူး တွင် ဆီ အ ပြည့် ထည့် ပြီး လျှင် ငါ စေ လွှတ် သည့် အ တိုင်း ဗက် လင် မြို့ သား ယေ ရှဲ ထံ သွား လော့။ ၎င်း သား တို့ အ နက် ဘု ရင် တစ် ပါး ကို ငါ စီ မံ ပြီ ဟု မိန့် တော် မူ သော်
အခန်းကိုကြည့်ပါ။
တစ်ဖန် ထာဝရဘုရားက၊ ရှောလုကို ဣသရေလရှင်ဘုရင်အရာမှ ငါပယ်သောကြောင့်၊ သင်သည် အဘယ်မျှ ကာလပတ်လုံး စိတ်မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင်၏ဘူးကို ဆီနှင့်ပြည့်စေလော့။ ဗက်လင်မြို့သား ယေရှဲရှိရာသို့ ငါစေလွှတ်မည်။ သူ၏သားတို့တွင် ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို ငါပြင်ဆင်ပြီဟု ရှမွေလအား မိန့်တော်မူ၏။
အခန်းကိုကြည့်ပါ။