သင်က ‘ငါသန့်ရှင်း၏။ ကျူးလွန်သောအပြစ်မရှိ။ ငါအပြစ်ကင်း၏။ ငါ၌အပြစ်မရှိ။
၁ ရာ 15:20 - မြန်မာ့စံမီသမ္မာကျမ်း ရှောလုမင်းကြီးကလည်း ရှမွေလအား “ထာဝရဘုရား၏စကားတော်ကို အကျွန်ုပ်နာခံပါ၏။ ထာဝရဘုရားစေခိုင်းသည့်အတိုင်းသွား၍ အမှုတော်ကိုထမ်းဆောင်ပါ၏။ အာမလက်ဘုရင်အာဂတ်မင်းကြီးကို ဖမ်းခေါ်ခဲ့ပြီး အာမလက်လူမျိုးတို့ကို အကုန်ချေမှုန်းခဲ့ပါ၏။ Common Language Bible ရှောလုက``အကျွန်ုပ်သည်အမှန်ပင်ထာဝရ ဘုရား၏အမိန့်တော်ကိုနာခံခဲ့ပါ၏။ ကိုယ် တော်စေခိုင်းတော်မူသည့်အတိုင်းသွားရောက် ၍အာဂတ်မင်းကိုခေါ်ဆောင်ခဲ့ပါ၏။ အာမ လက်အမျိုးသားအပေါင်းကိုလည်းသုတ် သင်ပစ်ခဲ့ပါ၏။- Garrad Bible ရှော လု မင်း က၊ အ ကျွန်ုပ် သည် ထာ ဝ ရ ဘု ရား၏ အ မိန့် တော် ကို လိုက် နာ ခဲ့ ပါ ပြီ။ စေ လွှတ် တော် မူ ရာ လမ်း တွင် လိုက်၍ အာ မ လက် ဘု ရင် အာ ဂတ် မင်း ကို သိမ်း ယူ လျက်၊ ပြည် သူ ပြည် သား တို့ ကို မြေ လှန် ခဲ့ ပါ ပြီ။ Judson Bible ရှောလုက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ အမိန့်တော်ကို ဧကန်အမှန် နားထောင်ပါပြီ။ ထာဝရဘုရား စေခိုင်းတော်မူသောလမ်းသို့ လိုက်ပါပြီ။ အာမလက်ရှင်ဘုရင် အာဂတ်ကိုဆောင်ခဲ့၍၊ အာမလက်အမျိုးသားတို့ကို ရှင်းရှင်းဖျက်ဆီးပါပြီ။ |
သင်က ‘ငါသန့်ရှင်း၏။ ကျူးလွန်သောအပြစ်မရှိ။ ငါအပြစ်ကင်း၏။ ငါ၌အပြစ်မရှိ။
အကြောင်းမှာ ယောဘက ‘ငါဖြောင့်မတ်သော်လည်း ဘုရားသခင်သည် ငါ့အဖို့ တရားမျှတစွာမစီရင်။
“သင်က ‘ဘုရားသခင်ထက် ငါဖြောင့်မတ်သည်’ဟု ဆိုသည်မှာ မှန်ကန်သည်ဟု သင်ထင်သလော။
သင်သည် ငါ၏စီရင်ထုံးဖွဲ့ချက်ကို ပယ်ဖျက်မည်လော။ သင့်ကိုယ်သင် ဖြောင့်မတ်ကြောင်းပြသရန် ငါ့ကို အပြစ်တင်မည်လော။
ထိုလူငယ်က “အကျွန်ုပ်သည် ဤအရာအားလုံးကိုစောင့်ထိန်းပါပြီ။ မည်သည့်အရာလိုပါသေးသနည်း”ဟု လျှောက်လေ၏။
ထိုသူသည် မိမိကိုယ်ကိုဖြောင့်မတ်ကြောင်း ဖော်ပြလို၍ “သို့ဖြစ်လျှင် မည်သူသည် အကျွန်ုပ်၏ဝန်းကျင်၌ရှိသောသူဖြစ်သနည်း”ဟု ယေရှုအား မေးလျှောက်လေ၏။
ဖာရိရှဲသည် တစ်ဦးတည်းရပ်လျက် ‘အို ဘုရားသခင်၊ အကျွန်ုပ်သည် အခြားသူများကဲ့သို့ လိမ်လည်လုယူသောသူ၊ မဖြောင့်မတ်သောသူ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သောသူမဟုတ်သည့်အပြင် ဤအခွန်ကောက်ခံသူကဲ့သို့လည်း မဟုတ်သောကြောင့် ကိုယ်တော်ကိုကျေးဇူးတင်ပါ၏။
အကြောင်းမှာ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုမသိဘဲ မိမိ၏ဖြောင့်မတ်ခြင်းကိုတည်စေရန် ရှာကြံလျက် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မနာခံသောကြောင့်ဖြစ်၏။
ရှမွေလသည် ရှောလုမင်းကြီးထံရောက်သောအခါ ရှောလုမင်းကြီးက “ထာဝရဘုရားသည် အရှင့်ကို ကောင်းချီးပေးတော်မူပါစေသော။ ထာဝရဘုရား၏စကားတော်အတိုင်း အကျွန်ုပ်ဆောင်ရွက်ခဲ့ပါပြီ”ဟု ဆို၏။
ယခု သွား၍ အာမလက်လူမျိုးတို့ကို တိုက်ခိုက်လော့။ သူတို့ပိုင်ဆိုင်သောအရာအားလုံးကို ဖျက်ဆီးပစ်လော့။ မနှမြောနှင့်။ ယောက်ျား၊ မိန်းမ၊ ကလေးမှစ၍ နို့စို့ကလေးသူငယ်များအပါအဝင် နွား၊ သိုး၊ ကုလားအုတ်၊ မြည်းတို့ကို သတ်ဖြတ်လော့’ဟူ၍ မိန့်တော်မူပြီ”ဟု ဆို၏။
အာမလက်ဘုရင်အာဂတ်မင်းကြီးကို အရှင်ဖမ်းပြီး သူ၏လူအပေါင်းတို့ကို ဓားဖြင့် သတ်ဖြတ်ပစ်လေ၏။
သင်သည် ထာဝရဘုရား၏စကားတော်ကို မနာခံ၊ ကိုယ်တော်၏ပြင်းစွာသောအမျက်တော်အတိုင်း အာမလက်လူမျိုးတို့အား မပြုခဲ့သောကြောင့် ထာဝရဘုရားသည် ယနေ့ သင့်အား ဤသို့ပြုတော်မူပြီ။