ဧဖရိမ်အမျိုး နှုတ်ဟလိုက်သည်နှင့် လူတို့ ထိတ်လန့်ကြရ၏။ အစ္စရေးအမျိုးတွင် သူသည် ဩဇာညောင်းသူဖြစ်၏။ သို့သော် ဗာလဘုရားကြောင့် အပြစ်သင့်၍ သေဆုံးရ၏။
၁ ရာ 15:17 - မြန်မာ့စံမီသမ္မာကျမ်း ရှမွေလက “သင်သည် သင့်ကိုယ်သင် သေးသိမ်သောသူဟု ထင်မှတ်သော်လည်း အစ္စရေးအမျိုးအနွယ်တို့၏အကြီးအမှူး ဖြစ်လာသည်မဟုတ်လော။ ထာဝရဘုရားသည် သင့်ကို အစ္စရေးလူမျိုး၏ရှင်ဘုရင်အဖြစ် ဘိသိက်ပေးတော်မူ၏။ Common Language Bible ရှမွေလက``သင်သည်မိမိကိုယ်ကိုသေး နုတ်သူဟုယူဆသော်လည်း သင်သည်ဣသ ရေလအနွယ်တို့၏ခေါင်းဆောင်ဖြစ်ချေသည်။ ထာဝရဘုရားသည်သင့်အားဣသရေလ ဘုရင်အဖြစ်ဘိသိက်ပေးတော်မူခဲ့၏။- Garrad Bible ရှ မွေ လ က၊ သင် သေး နုပ် သည် ဟု ကိုယ် ကို ထင် မှတ် လျက် ပင်၊ ဣ သ ရေ လ အ မျိုး အ နွယ် တို့၏ မ ကိုဋ် ဖြစ် သည် မ ဟုတ် လော။ ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် ဘု ရင် အ ဖြစ် သင့် ကို ထာ ဝ ရ ဘု ရား ဘိ သိက် သွန်း တော် မူ ပြီး လျှင် Judson Bible ရှမွေလကလည်း၊ သင်သည် ကိုယ်အထင်အတိုင်း ငယ်သောသူဖြစ်လျက်ပင်၊ ဣသရေလအမျိုးတို့၏ အထွတ်သို့ရောက်၍၊ ဣသရေလရှင်ဘုရင်အရာနှင့် ထာဝရဘုရား ဘိသိက်ပေးတော်မူသည်မဟုတ်လော။ |
ဧဖရိမ်အမျိုး နှုတ်ဟလိုက်သည်နှင့် လူတို့ ထိတ်လန့်ကြရ၏။ အစ္စရေးအမျိုးတွင် သူသည် ဩဇာညောင်းသူဖြစ်၏။ သို့သော် ဗာလဘုရားကြောင့် အပြစ်သင့်၍ သေဆုံးရ၏။
ထို့ကြောင့် ဤသူငယ်ကဲ့သို့ မိမိကိုယ်ကိုနှိမ့်ချသောသူသည် ကောင်းကင်နိုင်ငံတော်၌ အကြီးမြတ်ဆုံးဖြစ်၏။
ဂိဒေါင်ကလည်း “အို ဘုရားရှင်၊ အကျွန်ုပ်သည် အစ္စရေးလူမျိုးကို မည်သို့ကယ်တင်နိုင်ပါမည်နည်း။ မနာရှေအမျိုးအနွယ်တွင် အကျွန်ုပ်၏မျိုးနွယ်စုသည် အဆင်းရဲဆုံးဖြစ်ပါ၏။ အကျွန်ုပ်၏မိသားစုတွင် အကျွန်ုပ်သည် အသိမ်ငယ်ဆုံးဖြစ်ပါ၏”ဟု ပြန်လျှောက်၏။
ရှမွေလသည် ဆီဘူးကိုယူ၍ ရှောလု၏ခေါင်းပေါ်သွန်းလောင်းပြီးလျှင် သူ့ကိုနမ်းလျက် “အကယ်စင်စစ် ထာဝရဘုရားသည် မိမိ၏အမွေတော်ကို အုပ်ချုပ်သူမင်းအဖြစ် သင့်အား ဘိသိက်ပေးတော်မူပြီ။
ထိုအခါ လူတို့က ထာဝရဘုရားအား “ဤနေရာသို့ သူမရောက်လာသေးသလော”ဟု မေးလျှောက်လျှင် ထာဝရဘုရားက “ကြည့်ရှုလော့။ အထုပ်အပိုးများကြားတွင် သူပုန်းနေသည်”ဟု မိန့်တော်မူ၏။
ထိုအခါ ရှမွေလက ရှောလုမင်းကြီးအား “နေပါဦး။ မနေ့ညက ထာဝရဘုရား ငါ့အား မိန့်တော်မူသောစကားကို သင့်အား ငါပြောပြမည်”ဟု ဆိုလျှင် ရှောလုမင်းကြီးကလည်း “ပြောပါလော့”ဟု ဆို၏။
ရှောလုကလည်း “အကျွန်ုပ်အမျိုးအနွယ်သည် အစ္စရေးအမျိုးအနွယ်တို့တွင် အငယ်ဆုံးဖြစ်သောဗင်္ယာမိန်အမျိုးအနွယ်မှ ဖြစ်သည်မဟုတ်လော။ အကျွန်ုပ်၏မျိုးနွယ်စုသည်လည်း ဗင်္ယာမိန်မျိုးနွယ်စုအပေါင်းတို့တွင် အသိမ်ငယ်ဆုံးမျိုးနွယ်စု ဖြစ်သည်မဟုတ်လော။ ယခု အကျွန်ုပ်အား အဘယ်ကြောင့် ဤစကားများကိုပြောသနည်း”ဟု ပြန်ပြော၏။