ကိုယ်တော်၏ယဇ်ပုရောဟိတ်များထဲတွင် မောရှေနှင့်အာရုန်တို့ပါ၍ ကိုယ်တော်၏နာမတော်ကိုခေါ်သောသူတို့တွင် ရှမွေလ ပါ၏။ သူတို့သည် ထာဝရဘုရားကိုခေါ်၍ ကိုယ်တော်သည် သူတို့ကို ထူးတော်မူ၏။
၁ ရာ 12:17 - မြန်မာ့စံမီသမ္မာကျမ်း ယနေ့သည် ဂျုံရိတ်သိမ်းသောနေ့မဟုတ်လော။ ထာဝရဘုရားသည် မိုးချုန်းသံနှင့်တကွ မိုးကိုရွာသွန်းစေမည့်အကြောင်း ငါသည် ထာဝရဘုရားထံ ဆုတောင်းမည်။ သင်တို့အဖို့ ရှင်ဘုရင်ကိုတောင်းဆိုခြင်းအမှုသည် ထာဝရဘုရားရှေ့တော်၌ မည်မျှအပြစ်ကြီးကြောင်းကို သင်တို့သိမြင်ရလိမ့်မည်”ဟု ဆိုပြီးလျှင် Common Language Bible ယခုအခါသည်ခြောက်သွေ့သောရာသီဖြစ် ၏။ သို့ရာတွင်ငါဆုတောင်းပတ္ထနာပြုလျှင် ထာဝရဘုရားသည်မိုးကိုထစ်ချုန်းစွာ ရွာသွန်းစေတော်မူလိမ့်မည်။ ထိုအခါဘုရင် ကိုသင်တို့တောင်းဆိုမိသည့်အပြစ်သည် အဘယ်မျှကြီးလေးကြောင်းသင်တို့သိရှိ ကြလိမ့်မည်'' ဟုဆို၏။ Garrad Bible ယ ခု မှာ ဂျုံ စ ပါး ရိတ် သိမ်း ချိန် မ ဟုတ် လော။ ထာ ဝ ရ ဘု ရား အား ငါ ပ ဌ နာ ပြု သည့် အ တိုင်း မိုး ခြုန်း ခြင်း နှင့် တ ကွ ရွာ စေ တော် မူ မည် ကို ထောက် ၍ ဘု ရင် တောင်း ဆို သော အ ပြစ် သည် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ကြီး လေး ကြောင်း သိ မြင် ကြ လိမ့် မည် ဟု လူ ပ ရိ သတ် အား မိန့် ဆို ပြီး မှ Judson Bible ယနေ့ ဂျုံစပါးရိတ်ရာကာလဖြစ်သည် မဟုတ်လော။ သို့သော်လည်း ထာဝရဘုရားကို ငါဆုတောင်း၍ မိုးချုန်းခြင်းနှင့်တကွ မိုးရွာစေတော်မူမည်။ သို့ဖြစ်၍ သင်တို့သည် ရှင်ဘုရင်ကို တောင်းသောအားဖြင့် ထာဝရဘုရားရှေ့တော်၌ ပြစ်မှားမိသောအပြစ်သည် ကြီးကြောင်းကို ရိပ်မိသိမြင်ရကြမည်ဟု လူများတို့အား ပြောဆိုပြီးလျှင်၊ |
ကိုယ်တော်၏ယဇ်ပုရောဟိတ်များထဲတွင် မောရှေနှင့်အာရုန်တို့ပါ၍ ကိုယ်တော်၏နာမတော်ကိုခေါ်သောသူတို့တွင် ရှမွေလ ပါ၏။ သူတို့သည် ထာဝရဘုရားကိုခေါ်၍ ကိုယ်တော်သည် သူတို့ကို ထူးတော်မူ၏။
နောက်တစ်နေ့၌ မောရှေက လူတို့အား “သင်တို့သည် ကြီးလေးသောအပြစ်ကို ကျူးလွန်မိပြီဖြစ်၍ ထာဝရဘုရားထံသို့ ယခု ငါတက်သွား၍ သင်တို့အပြစ်ကို ဖြေလွှတ်ကောင်းဖြေလွှတ်တော်မူရန် ငါလျှောက်ဆိုမည်”ဟု ဆိုလေ၏။
နွေရာသီ၌ကျသော နှင်းပွင့်ကဲ့သို့လည်းကောင်း၊ ရိတ်သိမ်းချိန်၌ ရွာသောမိုးကဲ့သို့လည်းကောင်း ဂုဏ်သရေသည် မိုက်မဲသောသူနှင့်မသင့်လျော်ပေ။
တစ်ဖန် ထာဝရဘုရားက ငါ့အား “မောရှေနှင့်ရှမွေလသည် ငါ့ရှေ့၌လာရပ်လျှင်ပင် ဤလူမျိုးထံ ငါ့စိတ်ပြန်လည်လာမည်မဟုတ်။ သူတို့ကို ငါ့ရှေ့မှ နှင်ထုတ်လော့။ ငါ့ရှေ့မှ ထွက်သွားစေလော့။
အာမောရိလူမျိုးတို့ကို အစ္စရေးအမျိုးသားတို့လက်သို့ ထာဝရဘုရားအပ်တော်မူသောနေ့၌ ယောရှုသည် ထာဝရဘုရားထံ ဆုတောင်းပြီးလျှင် အစ္စရေးအမျိုးသားတို့၏ရှေ့မှောက်တွင် “အို နေ၊ ဂိဗောင်မြို့ပေါ် တန့်နေလော့။ အို လ၊ အာယလုန်ချိုင့်ဝှမ်းပေါ် တန့်နေလော့”ဟု ဆို၏။
ထို့ကြောင့် ယခု ကြည့်ရှုလော့။ သင်တို့ရွေးချယ်သောရှင်ဘုရင်၊ သင်တို့တောင်းဆိုသောရှင်ဘုရင်သည် ဤသူပင်တည်း။ သင်တို့ကို အုပ်စိုးမည့် ရှင်ဘုရင်ကို ထာဝရဘုရား ခန့်ထားတော်မူပြီ။
ထို့ကြောင့် လူအပေါင်းတို့က ရှမွေလအား “အကျွန်ုပ်တို့သည် ရှင်ဘုရင်ကိုတောင်းဆိုခြင်းဖြင့် အကျွန်ုပ်တို့၏အပြစ်အလုံးစုံတို့အပေါ်၌ ထပ်၍မကောင်းမှုကိုပြုမိပါပြီ။ အကျွန်ုပ်တို့ မသေရမည့်အကြောင်း အရှင်၏အစေအပါး အကျွန်ုပ်တို့အဖို့ အရှင်၏ဘုရားသခင်ထာဝရဘုရားထံ ဆုတောင်းပေးပါလော့”ဟု ဆိုကြ၏။
ထာဝရဘုရားကို ဆန့်ကျင်ဖက်ပြိုင်သောသူတို့သည် ကျိုးပဲ့ကြေမွရလိမ့်မည်။ ကိုယ်တော်သည် သူတို့အပေါ် ကောင်းကင်မှမိုးကြိုး ကျစေတော်မူမည်။ ထာဝရဘုရားသည် မြေကြီးစွန်းတိုင်အောင် စစ်ကြောစီရင်တော်မူမည်။ မိမိရှင်ဘုရင်အား အစွမ်းသတ္တိကိုပေးတော်မူမည်။ မိမိဘိသိက်ပေးထားသောသူ၏ဦးချိုကို ချီးမြှောက်တော်မူလိမ့်မည်”ဟု ချီးမွမ်းဆုတောင်းလေ၏။
ထိုအခါ ရှမွေလက သူတို့အား “အစ္စရေးတစ်မျိုးသားလုံးကို မိဇပါမြို့၌ စုဝေးစေကြလော့။ သင်တို့အဖို့ ထာဝရဘုရားထံ ငါဆုတောင်းပေးမည်”ဟု ဆို၏။
ဤသို့ “အကျွန်ုပ်တို့ကို စီရင်အုပ်ချုပ်ရန် ရှင်ဘုရင်တစ်ပါးကို တင်မြှောက်ပေးပါလော့”ဟု တောင်းဆိုကြသည်ကို ရှမွေလ ဘဝင်မကျပေ။ သို့ဖြစ်၍ ရှမွေလသည် ထာဝရဘုရားထံဆုတောင်းလေ၏။
ထိုအခါ ထာဝရဘုရားက ရှမွေလအား “သူတို့ပြောသမျှကို နားထောင်လော့။ သူတို့သည် သင့်ကိုသာစွန့်ပယ်သည်မဟုတ်။ ငါ့ကိုလည်း သူတို့၏ရှင်ဘုရင်အဖြစ်မှ စွန့်ပယ်ကြပြီ။