ရှင်ဘုရင်ပြန်ကြွ၍ ဂျော်ဒန်မြစ်နားသို့ရောက်လာ၏။ ယုဒလူမျိုးတို့သည်လည်း ရှင်ဘုရင်ကိုကြိုဆို၍ ဂျော်ဒန်မြစ်တစ်ဖက်ကမ်းသို့ သွားရောက်ပို့ဆောင်ရန် ဂိလဂါလမြို့သို့ ရောက်လာကြ၏။
၁ ရာ 11:15 - မြန်မာ့စံမီသမ္မာကျမ်း လူအပေါင်းတို့သည် ဂိလဂါလမြို့သို့လိုက်သွားကြ၏။ သူတို့သည် ဂိလဂါလမြို့တွင် ထာဝရဘုရားရှေ့တော်၌ ရှောလုကို မင်းမြှောက်ကြပြီး ထာဝရဘုရားထံ မိတ်သဟာယယဇ်ကို ပူဇော်ကြ၏။ ရှောလုနှင့် အစ္စရေးအမျိုးသားအပေါင်းတို့သည် အလွန်ဝမ်းမြောက်ပျော်ရွှင်ကြ၏။ Common Language Bible သို့ဖြစ်၍သူတို့အားလုံးပင်ဂိလဂါလ မြို့သို့သွားပြီးလျှင် သန့်ရှင်းရာဌာနတော် တွင်ရှောလုအားဘုရင်အဖြစ်ကြွေးကြော် တင်မြှောက်ကြလေသည်။ သူတို့သည်မိတ် သဟာယယဇ်ကိုပူဇော်ကြ၏။ ရှောလုနှင့် ဣသရေလအမျိုးသားတစ်ရပ်လုံးသည် လည်းပျော်ပွဲရွှင်ပွဲကိုဆင်နွှဲကြ၏။ Garrad Bible တစ် မျိုး လုံး ဂိ လ ဂါ လ မြို့ သို့ သွား ရောက် ပြီး လျှင် ထို မြို့၌ ထာ ဝ ရ ဘု ရား ရှေ့ တော် တွင် ရှော လု ကို ဘု ရင် အ ဖြစ် တင် မြှောက် ကြ လေ၏။ ထို မြို့ တွင် ပင် ထာ ဝ ရ ဘု ရား ရှေ့ တော်၌ မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ များ ကို ဆက် ကပ် လျက် ရှော လု မင်း နှင့် တ ကွ ဣ သ ရေ လ လူ မျိုး အ ပေါင်း တို့ သည် အား ရ ဝမ်း မြောက် ကြ ကုန် ၏။ Judson Bible လူအပေါင်းတို့သည် ဂိလဂါလမြို့သို့သွား၍၊ ထိုမြို့၌ ထာဝရဘုရားရှေ့တော်မှာ ရှောလုကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ထိုမြို့၌လည်း၊ ထာဝရဘုရားရှေ့တော်မှာ မိတ်သဟာယယဇ်ကို ပူဇော်သဖြင့်၊ ရှောလုနှင့် ဣသရေလ အမျိုးသားအပေါင်းတို့သည် အလွန်ပျော်မွေ့ခြင်းကို ပြုကြ၏။ |
ရှင်ဘုရင်ပြန်ကြွ၍ ဂျော်ဒန်မြစ်နားသို့ရောက်လာ၏။ ယုဒလူမျိုးတို့သည်လည်း ရှင်ဘုရင်ကိုကြိုဆို၍ ဂျော်ဒန်မြစ်တစ်ဖက်ကမ်းသို့ သွားရောက်ပို့ဆောင်ရန် ဂိလဂါလမြို့သို့ ရောက်လာကြ၏။
ထို့နောက် အစ္စရေးအမျိုးသားလူငယ်တို့ကိုစေလွှတ်သဖြင့် သူတို့သည် ထာဝရဘုရားအား မီးရှို့ရာယဇ်တို့ကိုပူဇော်၍ နွားထီးများကို မိတ်သဟာယယဇ်အဖြစ် ယဇ်ပူဇော်ကြလေ၏။
သို့သော် ယခု သင်တို့သည် ဟိတ်ဟန်ထုတ်လျက် ဝါကြွားနေကြ၏။ ထိုသို့သောဝါကြွားခြင်းဟူသမျှသည် မကောင်းသောအမှုဖြစ်၏။
ထို့နောက် ရှမွေလသည် မိဇပါမြို့တွင် လူတို့ကို ထာဝရဘုရားထံတော်သို့ ခေါ်ယူစုရုံးစေပြီး
ရှမွေလက လူအပေါင်းတို့အား “ထာဝရဘုရားရွေးကောက်တော်မူသောသူကို ကြည့်ကြပါလော့။ လူအပေါင်းတို့တွင် သူနှင့်တူသောသူတစ်ယောက်မျှမရှိ”ဟု ဆိုလျှင် လူအပေါင်းတို့က “အရှင်မင်းကြီး သက်တော်ရှည်ပါစေ”ဟု ကြွေးကြော်ကြလေ၏။
ဂိလဂါလမြို့သို့ သင်ကြိုဆင်းသွားနှင့်လော့။ နောက်မှ မီးရှို့ရာယဇ်များ၊ မိတ်သဟာယယဇ်များကိုပူဇော်ရန် ငါလာခဲ့မည်။ ငါမရောက်မီ ခုနစ်ရက်စောင့်နေလော့။ ငါရောက်လျှင် သင်ပြုရမည့်အရာကို ပြောပြမည်”ဟု ဆိုလေ၏။
ထိုအခါ ရှမွေလက အစ္စရေးလူမျိုးအပေါင်းတို့အား “ကြည့်ရှုလော့။ သင်တို့စကား၊ သင်တို့ပြောသမျှကို ငါနားထောင်ပြီး သင်တို့ကို အုပ်စိုးမည့် ရှင်ဘုရင်ကို ငါတင်မြှောက်ပေးခဲ့ပြီ။
ယနေ့သည် ဂျုံရိတ်သိမ်းသောနေ့မဟုတ်လော။ ထာဝရဘုရားသည် မိုးချုန်းသံနှင့်တကွ မိုးကိုရွာသွန်းစေမည့်အကြောင်း ငါသည် ထာဝရဘုရားထံ ဆုတောင်းမည်။ သင်တို့အဖို့ ရှင်ဘုရင်ကိုတောင်းဆိုခြင်းအမှုသည် ထာဝရဘုရားရှေ့တော်၌ မည်မျှအပြစ်ကြီးကြောင်းကို သင်တို့သိမြင်ရလိမ့်မည်”ဟု ဆိုပြီးလျှင်
သို့သော် သူတို့သည် ရှမွေလစကားကို နားမထောင်ဘဲ “ထိုသို့မဟုတ်ပါ။ မည်သို့ပင်ဖြစ်စေ အကျွန်ုပ်တို့ကိုအုပ်စိုးသောရှင်ဘုရင် ရှိရမည်။