ရှောလုကလည်း သူ့ဘထွေးအား “မြည်းတို့ကိုပြန်တွေ့ပြီဟု အကျွန်ုပ်တို့အား တပ်အပ်ပြောပြခဲ့ပါသည်”ဟုသာ ပြောပြပြီး ဘုရင့်အရိုက်အရာနှင့်ပတ်သက်၍ ရှမွေလပြောသောအကြောင်းအရာကိုမူ မပြောပြဘဲနေ၏။
ရှောလုက``မြည်းများကိုပြန်၍တွေ့ပြီ ဖြစ်ကြောင်း အကျွန်ုပ်တို့အားပြောကြား လိုက်ပါသည်'' ဟုဆို၏။ သို့ရာတွင်ရှမွေလ မိန့်မြွက်သည့်နိုင်ငံရေးအကြောင်းကိုမူ ဦးလေးအားမပြောဘဲနေ၏။
မြည်း များ တွေ့ ကြောင်း ကို တပ် အပ် ဖော် ပြ ပါ သည် ဟု ဘ ထွေး အား ပြန် ပြော လေ၏။ ရှ မွေ လ မိန့် မြွက် သော နိုင် ငံ ရေး ကို ကား မ ပြော မ ကြား ချေ။
မြည်းတို့ကိုတွေ့ပြီဟု ရှမွေလသည် အတပ်ပြောကြောင်းကိုသာ ရှောလုသည် ဘထွေးအားပြန်ပြော၍၊ ရှမွေလပြောသော နိုင်ငံအမှုအရေးကို ဘထွေးအားမကြားမပြောဘဲနေ၏။
ထို့နောက် မောရှေသည် မိမိယောက္ခမယေသရောထံသို့ပြန်လာပြီး “အကျွန်ုပ်သည် အီဂျစ်ပြည်၌ရှိသော အကျွန်ုပ်၏အမျိုးသားချင်းတို့ အသက်ရှင်သေးသလောဟု ကြည့်ရှုရန် သူတို့ထံ ပြန်သွားခွင့်ပြုပါ”ဟု ဆို၏။ ယေသရောကလည်း မောရှေအား “ငြိမ်းချမ်းစွာသွားလော့”ဟု ဆိုလေ၏။
ဆင်ခြင်ဉာဏ်ရှိသောသူသည် အသိပညာကို ဖုံးကွယ်ထားတတ်၏။ မိုက်မဲသောသူတို့၏စိတ်နှလုံးမူကား မိုက်မဲမှုကိုကြေညာတတ်၏။
မိုက်မဲသောသူသည် မိမိ၏စိတ်ခံစားချက်ရှိသမျှကို ထုတ်ဖော်တတ်၏။ ပညာရှိသောသူမူကား ၎င်းကို ပြန်၍ထိန်းထားတတ်၏။
ဆုတ်ဖြဲရသောအချိန်နှင့် ချုပ်လုပ်ရသောအချိန်ရှိ၏။ တိတ်တဆိတ်နေရသောအချိန်နှင့် စကားပြောရသောအချိန်ရှိ၏။
ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် ရှံဆုန်အပေါ်ရုတ်ခြည်းသက်ရောက်တော်မူသဖြင့် သူ့လက်ထဲ၌ဘာမျှမပါသော်လည်း ဆိတ်သငယ်တစ်ကောင်ကိုဆွဲဖျက်သကဲ့သို့ ထိုခြင်္သေ့ကိုဆွဲဖျက်လေ၏။ ထိုသို့ပြုခဲ့သည်ကို မိဘတို့အားမပြောပြဘဲနေ၏။
သူသည် ပျားရည်ကို လက်နှင့်နှိုက်စားပြီး ဆက်လာရာ မိဘရှိရာနေရာပြန်ရောက်လာသောအခါ မိဘကိုလည်းကျွေး၏။ သို့သော် ပျားရည်ကို ခြင်္သေ့အသေကောင်ထဲမှ နှိုက်လာကြောင်းကို မိဘတို့အား မပြောပြချေ။
ရှောလု၏ဘထွေးကလည်း “ရှမွေလက သင်တို့အား မည်သို့ပြောခဲ့သည်ကို ငါ့အားပြောပြပါလော့”ဟု ဆို၏။
လွန်ခဲ့သောသုံးရက်က ပျောက်သွားသောမြည်းများအတွက် စိတ်မပူနှင့်။ ထိုမြည်းတို့ကို ပြန်တွေ့ပြီ။ အစ္စရေးလူမျိုးသည် မည်သူ့ကို အလိုရှိပါသနည်း။ သင်နှင့် သင့်ဖခင်၏အိမ်သူအိမ်သားအပေါင်းတို့ကိုမဟုတ်လော”ဟု ပြန်ပြောလေ၏။
သူတို့သည် မြို့စွန်သို့ဆင်းသွားစဉ် ရှမွေလက ရှောလုအား “သင့်ငယ်သားကို ရှေ့မှသွားနှင့်စေပါ”ဟု ဆိုသဖြင့် ငယ်သားလည်း သွားနှင့်လေ၏။ ထိုအခါ ရှမွေလက “သင်မူကား ဤနေရာ၌ ခဏရပ်နေလော့။ ဘုရားသခင်၏စကားတော်ကို သင့်အား ငါပြောပြမည်”ဟု ဆို၏။