Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒေသနာကျမ်း။ 3:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ဆုတ်ဖြဲ​ရ​သော​အချိန်​နှင့် ချုပ်လုပ်​ရ​သော​အချိန်​ရှိ​၏​။ တိတ်တဆိတ်​နေ​ရ​သော​အချိန်​နှင့် စကားပြော​ရ​သော​အချိန်​ရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 အဝတ်ကို ဆုတ်ရသောအချိန်နှင့် ချုပ်ရသော အချိန်လည်းရှိ၏။ တိတ်ဆိတ်စွာနေသောအချိန်နှင့်၊ စကားပြောရသော အချိန်လည်းရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ဆုတ် ဖဲ့ ရန် အ ချိန် နှင့် ချုပ် စပ် ရန် အ ချိန်၊ တိတ် ဆိတ် ရန် အ ချိန် နှင့် ပြော ဆို ရန် အ ချိန်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 အ​ဝတ်​ကို ဆုတ်​ရ​သော​အ​ချိန်​နှင့် ချုပ်​ရ​သော​အ​ချိန်​လည်း​ရှိ၏။ တိတ်​ဆိတ်​စွာ​နေ​သော​အ​ချိန်​နှင့်၊ စ​ကား​ပြော​ရ​သော အ​ချိန်​လည်း​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒေသနာကျမ်း။ 3:7
32 ပူးပေါင်းရင်းမြစ်များ  

ရုဗင်​သည် တွင်း​သို့​ပြန်လာ​သောအခါ တွင်း​ထဲ၌​ယောသပ်​မ​ရှိ​သဖြင့် မိမိ​၏​အဝတ်​ကို ဆုတ်ဖြဲ​ပြီးလျှင်


ယာကုပ်​သည် မိမိ​အဝတ်​ကို​ဆုတ်ဖြဲ​၍ ခါး​၌​လျှော်တေအဝတ်​ကို​စည်း​ကာ မိမိ​သား​အတွက် ရက်​ပေါင်း​များစွာ​ငိုကြွေးမြည်တမ်း​လေ​၏​။


ထိုအခါ ယုဒ​သည် သူ့​ထံသို့​ချဉ်းကပ်​၍ “​အို​၊ အကျွန်ုပ်​သခင်​၊ သခင်​သည် ဖာရော​မင်းကြီး​ကဲ့သို့​ဖြစ်​ပါ​၏​။ သခင့်​အစေအပါး​သည် သခင့်​အား စကား​တစ်ခွန်း​လျှောက်​ပါရစေ​။ သခင့်​အစေအပါး​အပေါ် အမျက်​မ​ထွက်​ပါ​နှင့်​။


အကျွန်ုပ်​နှင့်အတူ သူငယ်​မ​ပါ​လျှင် အကျွန်ုပ်​သည် ဖခင်​ထံသို့ မည်သို့​ပြန်သွား​ရ​ပါ​မည်နည်း​။ အကျွန်ုပ်​ဖခင်​ကြုံတွေ့​ရ​မည့်​စိတ်ဒုက္ခ​ကို အကျွန်ုပ်​မ​မြင်​လို​ပါ​”​ဟု လျှောက်​လေ​၏​။


ထိုအခါ ဒါဝိဒ်​သည် မိမိ​ဝတ်​ထား​သော​အဝတ်​ကို ဆွဲ​ဆုတ်​ပစ်​၏​။ သူ့​နောက်လိုက်​အပေါင်း​တို့​သည်​လည်း ထိုနည်းတူ ပြု​ကြ​ပြီးလျှင်


ဒါဝိဒ်​မင်းကြီး​က ယွာဘ​နှင့် သူ့​လူ​အားလုံး​တို့​အား “​သင်​တို့​အဝတ်​ကို​ဆုတ်​၍ လျှော်တေအဝတ်​ကို​ဝတ်​ကြ​။ အာဗနာ​အဖို့ ငိုကြွေးမြည်တမ်း​ကြ​”​ဟု ဆို​ပြီး ဒါဝိဒ်​မင်းကြီး​ကိုယ်တော်တိုင် အသုဘ​လိုက်ပို့​လေ​၏​။


အာဟပ်​မင်းကြီး​သည် ဧလိယ​စကား​ကို ကြား​သောအခါ မင်းဝတ်တန်ဆာ​များ​ကို​ဆုတ်ဖြဲ​ပစ်​၍ လျှော်တေအဝတ်​ကို​ဝတ်​ကာ အစာရှောင်​လေ​၏​။ လျှော်တေအဝတ်​နှင့်ပင်​အိပ်​၏​။ လမ်းလျှောက်​လျှင်​လည်း မျက်နှာမဖော်​ဝံ့​။


ရှင်ဘုရင်​က “​သူ့​အား ဘာမျှ​ပြန်​မ​ပြော​ကြ​နှင့်​”​ဟု အမိန့်ရှိ​ထား​သောကြောင့် လူ​တို့​လည်း ဘာမျှ​ပြန်​မ​ပြော​ဘဲ တိတ်ဆိတ်​စွာ​နေ​ကြ​၏​။


အစ္စရေး​ဘုရင်​သည် ထို​စာ​ကို​ဖတ်​ပြီးလျှင် မိမိ​အဝတ်​ကို​ဆုတ်ဖြဲ​လျက် “​ငါ​သည် အသက်​ကို သေ​စေ​နိုင်​၊ ရှင်​စေ​နိုင်​သော​ဘုရား​လော​။ အဘယ်ကြောင့် ဤ​ဘုရင်​သည် အနာကြီးရောဂါစွဲ​နေ​သော​သူ​ကို ငါ့​ထံ​ပို့​ပြီး​ပျောက်​အောင်​ကုသ​စေ​သနည်း​။ ယခု ကြည့်​ပါ​။ သူ​သည် ငါ့​ကို​ရန်ရှာ​ခြင်း​သာ​ဖြစ်​သည်​မှာ​သိသာ​၏​”​ဟု မိန့်ဆို​၏​။


ထို​အမျိုးသမီး​၏​စကား​ကို ကြား​သောအခါ ရှင်ဘုရင်​သည် မိမိ​အဝတ်​ကို ဆွဲဆုတ်​ပစ်​၍ မြို့ရိုး​ပေါ်​လျှောက်သွား​တော်မူ​လျှင် ရှင်ဘုရင်​၏​ဝတ်လုံ​အောက် ကိုယ်​ပေါ်တွင် လျှော်တေအဝတ်​ဝတ်​ထား​သည်​ကို လူ​တို့​တွေ့မြင်​ရ​လေ​၏​။


ကျွန်တော်မျိုးမ​နှင့်​ကျွန်တော်မျိုးမ​၏​လူမျိုး​တို့​သည် လွတ်လမ်း​မ​ရှိ သုတ်သင်​ပယ်ရှင်း​ခံရ​ရန် ရောင်းစား​ခံ​လိုက်​ရ​ပါ​ပြီ​။ ကျွန်ယောက်ျား​၊ ကျွန်မိန်းမ​အဖြစ် ရောင်းစား​ခံရ​လျှင် ဘာမျှ​မ​ပြော​ဘဲ​နေ​ပါ​မည်​။ ဤ​ဒုက္ခ​မျှလောက်​နှင့်​သာ​ဆိုလျှင် အရှင်မင်းကြီး​ကို​အနှောင့်အယှက်​မ​ပေး​ဘဲ နေ​ပါ​မည်​”​ဟု လျှောက်တင်​လေ​၏​။


သူ​တို့​သည် ယောဘ​ခံစား​ရ​သော​ဝေဒနာ​အလွန်​ပြင်းထန်​သည်​ကို မြင်​သဖြင့် မည်သူ​မျှ​စကား​မ​ပြော​ဘဲ သူ​နှင့်အတူ​မြေ​ပေါ်တွင် ခုနစ်​ရက်​ခုနစ်​ည​ထိုင်​နေ​လေ​၏​။


ငါ​သည် ကောင်း​သော​အရာ​ကို​ပင်​မပြော​ဘဲ တိတ်ဆိတ်​ငြိမ်သက်​စွာ​နေ​၏​။ ထိုအခါ ငါ​၏​ဝေဒနာ​သည် ပိုမို​ပြင်းထန်​လာ​၏​။


ရှာဖွေ​ရ​သော​အချိန်​နှင့် ဆုံးရှုံး​ရ​သော​အချိန်​ရှိ​၏​။ ထိန်းသိမ်း​ရ​သော​အချိန်​နှင့် လွှင့်ပစ်​ရ​သော​အချိန်​ရှိ​၏​။


ရှင်ဘုရင်​က “​သူ့​အား ဘာမျှ​ပြန်​မ​ပြော​ကြ​နှင့်​”​ဟု အမိန့်​ရှိ​ထား​သောကြောင့် လူ​တို့​လည်း ဘာမျှ​ပြန်​မ​ပြော​ဘဲ တိတ်ဆိတ်​စွာ​နေ​ကြ​၏​။


ထို​စကား​အလုံးစုံ​တို့​ကို​ကြား​ရ​သော ရှင်ဘုရင်​နှင့် သူ​၏​အစေအပါး​အားလုံး​တို့​သည် ကြောက်ရွံ့တုန်လှုပ်​ခြင်း​မ​ရှိ​ကြ​၊ အဝတ်​ကို​မ​ဆုတ်​ကြ​။


ငါ​တို့ အဘယ်ကြောင့်​ထိုင်​နေ​ကြ​သနည်း​။ အတူတကွ​စုဝေး​လျက် ခံတပ်​မြို့​များ​ထဲသို့​ဝင်​၍ သေကျေပျက်စီး​ကြ​ကုန်​စို့​။ ထာဝရဘုရား​ကို ငါ​တို့​ပြစ်မှား​ကြ​သောကြောင့် ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​သည် ငါ​တို့​ကို သေကျေပျက်စီး​စေ​တော်မူ​ပြီ​။ အဆိပ်​ရေ​ကို​သောက်​စေ​တော်မူ​ပြီ​။


သူ့​အပေါ် ထမ်းပိုး​ကို တင်​တော်မူ​သည်​ဖြစ်၍ သူ​သည် တစ်ယောက်တည်း ငြိမ်ဝပ်​စွာ​ထိုင်​နေ​စေ​။


သင်​တို့​သည် အဝတ်​ကို​မ​ဆုတ်​၊ နှလုံးသား​ကို​ဆုတ်​ပြီး သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ထံ​တော်​သို့ ပြန်လာ​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် ကျေးဇူးပြု​တတ်​သော​၊ သနားစုံမက်​တတ်​သော​၊ စိတ်ရှည်​သော​၊ မေတ္တာကရုဏာ​ကြွယ်ဝ​သော​၊ ဘေးအန္တရာယ်​ကို လွှဲဖယ်ပေး​တော်မူ​တတ်​သော​ဘုရား ဖြစ်​၏​။


ဤ​ကာလ​သည် ဆိုးညစ်​သော​ကာလ​ဖြစ်​သောကြောင့် ပညာသတိ​ရှိ​သူ​သည် နှုတ်ဆိတ်​နေ​လိမ့်မည်​။


“ထို​နေ့​တွင် ဗိမာန်တော်​ထဲမှ သီချင်းသံ​တို့​သည် ညည်းတွားငိုကြွေးသံ ဖြစ်​ရ​လိမ့်မည်​။ အလောင်းကောင်​တို့​သည် နေရာ​တိုင်း​တွင် တိတ်တဆိတ်​လွှင့်ပစ်​ခြင်း ခံရ​လိမ့်မည်​”​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


သင့်​အိမ်နီးချင်း​ကို မ​ယုံ​နှင့်​။ သင့်​မိတ်ဆွေ​ကို​လည်း မ​ကိုးစား​နှင့်​။ သင့်​ရင်ခွင်​၌ အိပ်​နေ​သော​မိန်းမ​ရှေ့​တွင်​လည်း စကား​ကို သတိထား​ပြော​လော့​။


အကျွန်ုပ်​တို့​သည် မိမိ​တို့​ကြား​ရ၊ မြင်​ရ​သော​အရာ​တို့​ကို မ​ဟောပြော​ဘဲ​မ​နေ​နိုင်”​ဟု သူ​တို့​အား ပြန်ပြော​ကြ​၏။


ထို့ကြောင့် ပေတရု​သည် ထ​၍ သူ​တို့​နှင့်အတူ​လိုက်သွား​လေ​၏။ ပေတရု​ရောက်လာ​သောအခါ လူ​တို့​သည် သူ့​ကို အထက်ခန်း​သို့ ခေါ်ဆောင်​သွား​ကြ​၏။ မုဆိုးမ​အားလုံး​တို့​သည် ပေတရု​အနီး​၌​ရပ်​လျက် ငိုကြွေး​ကာ သူ​တို့​နှင့်အတူ ဒေါ်ကာ​ရှိ​စဉ်​က ချုပ်လုပ်​ခဲ့​သော​အင်္ကျီ​နှင့်​ဝတ်ရုံ​များ​ကို ပြ​ကြ​၏။


ရှောလု​က​လည်း သူ့​ဘထွေး​အား “​မြည်း​တို့​ကို​ပြန်တွေ့​ပြီ​ဟု အကျွန်ုပ်​တို့​အား တပ်အပ်​ပြောပြ​ခဲ့​ပါ​သည်​”​ဟု​သာ ပြောပြ​ပြီး ဘုရင့်​အရိုက်အရာ​နှင့်​ပတ်သက်၍ ရှမွေလ​ပြော​သော​အကြောင်းအရာ​ကို​မူ မ​ပြောပြ​ဘဲ​နေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ