အာမုတ်ကလည်း အာမဇိအား “ငါသည် ပရောဖက်မဟုတ်၊ ပရောဖက်၏သားလည်းမဟုတ်။ ငါသည် သိုးများကို ထိန်းကျောင်းသူ၊ သင်္ဘောသဖန်းပင်များကို စိုက်ပျိုးပြုစုသူဖြစ်၏။
၁ ရာ 10:11 - မြန်မာ့စံမီသမ္မာကျမ်း ပရောဖက်တို့နှင့်အတူ ရှောလုပရောဖက်ပြုသည်ကို သူနှင့်သိကျွမ်းခဲ့သောသူတို့တွေ့သောအခါ ထိုသူတို့က “ကိရှ၏သားကား မည်သို့ဖြစ်သွားပါသနည်း။ ရှောလုသည်လည်း ပရောဖက်တို့အပါအဝင် ဖြစ်သလော”ဟု အချင်းချင်းမေးမြန်းကြ၏။ Common Language Bible သူ့အားယခင်ကသိရှိခဲ့ကြသောလူ တို့သည် ရှောလုဤသို့ကခုန်ဟစ်အော်နေ သည်ကိုမြင်လျှင်``ကိရှ၏သားကားအဘယ် သို့ဖြစ်လေပြီနည်း။ ရှောလုသည်လည်း ပရောဖက်ဖြစ်လာလေပြီလော'' ဟု အချင်းချင်းပြောဆိုမေးမြန်းကြ၏။- Garrad Bible ထို သို့ ပ ရော ဖက် တို့ နှင့် ရှော လု ဟော ပြော သည် ကို သိ ကျွမ်း ရင်း သူ တို့ မြင် ကြ လျှင် ကိ ရှ၏ သား ၌ မည် သို့ ဖြစ် သ နည်း။ ရှော လု လည်း ပ ရော ဖက် တို့ အ ပါ အ ဝင် ဖြစ် ပြီ လော ဟု အ ချင်း ချင်း မေး မြန်း ကြ ရာ Judson Bible ရှောလုသည် ပရောဖက်တို့နှင့်အတူ ပရောဖက်ပြုသည်ကို အထက်က သိကျွမ်းသောသူတို့သည် မြင်သောအခါ၊ ကိရှ၏သား၌ အဘယ်သို့ဖြစ်သနည်း။ ရှောလုသည်လည်း ပရောဖက်တို့၌ ပါသလောဟု တစ်ယောက်ကိုတစ်ယောက် မေးမြန်းကြ၏။ |
အာမုတ်ကလည်း အာမဇိအား “ငါသည် ပရောဖက်မဟုတ်၊ ပရောဖက်၏သားလည်းမဟုတ်။ ငါသည် သိုးများကို ထိန်းကျောင်းသူ၊ သင်္ဘောသဖန်းပင်များကို စိုက်ပျိုးပြုစုသူဖြစ်၏။
သို့သော် ထာဝရဘုရားသည် ငါ့ကို သိုးကျောင်းရာမှ ခေါ်ထုတ်ပြီးလျှင် ထာဝရဘုရားက ‘ငါ့လူမျိုးတော်အစ္စရေးတို့အား သွား၍ပရောဖက်ပြုဟောပြောလော့’ဟု မိန့်ဆို၏။
ထိုအခါ ဂျူးလူမျိုးတို့သည်အံ့ဩလျက် “ဤသူသည် သင်ယူခြင်းမရှိဘဲ ကျမ်းများကို မည်သို့တတ်သနည်း”ဟု ဆိုကြ၏။
သူသည် ပေးကမ်းစွန့်ကြဲခြင်းကိုခံရန် ဗိမာန်တော်၏တင့်တယ်တံခါးနားတွင် ထိုင်လေ့ရှိသူဖြစ်ကြောင်း မှတ်မိကြသဖြင့် ထိုသူ၌ဖြစ်ပျက်သည့်အမှုအရာအတွက် အလွန်အံ့သြ၍မိန်းမောတွေဝေကြ၏။
ထိုသူတို့သည် ပေတရုနှင့်ယောဟန်တို့၏ရဲရင့်ခြင်းကိုမြင်၍ သူတို့နှစ်ဦးသည် ပညာမတတ်သော သာမန်လူများဖြစ်ကြောင်းသတိထားမိသဖြင့် အံ့သြကြလေ၏။ သူတို့နှစ်ဦးသည် ယေရှုနှင့်အတူရှိခဲ့ကြကြောင်းကိုလည်း မှတ်မိကြ၏။
ကြားနာသောသူအပေါင်းတို့သည် အံ့ဩငေးမောလျက် “ဤသူသည် ဂျေရုဆလင်မြို့၌ ဤနာမကို ပတ္ထနာပြုသောသူတို့အား ဖျက်ဆီးရန် ကြိုးစားနေသူဖြစ်ပြီး ထိုသူတို့ကိုချည်နှောင်၍ ယဇ်ပုရောဟိတ်အကြီးအကဲများထံသို့ ပို့ဆောင်မည်ဟူသောရည်ရွယ်ချက်ဖြင့် ဤနေရာသို့ရောက်လာသည်မဟုတ်လော”ဟု ပြောဆိုကြ၏။
သူသည် မင်းဝတ်တန်ဆာများကို ချွတ်၍ ရှမွေလရှေ့တွင် ပရောဖက်ပြုလေ၏။ ထိုနေ့တစ်နေ့လုံး၊ ထိုညတစ်ညလုံး သူသည် အဝတ်အချည်းစည်းဖြင့် လှဲနေ၏။ ထို့ကြောင့် “ရှောလုမင်းကြီးသည်လည်း ပရောဖက် တစ်ပါးပေလော”ဟု ဆိုစမှတ်ရှိလေ၏။