Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 9:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 ကြားနာ​သော​သူ​အပေါင်း​တို့​သည် အံ့ဩ​ငေးမော​လျက် “ဤ​သူ​သည် ဂျေရုဆလင်​မြို့​၌ ဤ​နာမ​ကို ပတ္ထနာ​ပြု​သော​သူ​တို့​အား ဖျက်ဆီး​ရန် ကြိုးစား​နေ​သူ​ဖြစ်​ပြီး ထို​သူ​တို့​ကို​ချည်နှောင်​၍ ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​ထံသို့ ပို့ဆောင်​မည်​ဟူသော​ရည်ရွယ်ချက်​ဖြင့် ဤ​နေရာ​သို့​ရောက်လာ​သည်​မ​ဟုတ်​လော”​ဟု ပြောဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 သူ​၏​စ​ကား​ကို​ကြား​သူ​အ​ပေါင်း​တို့​သည် လွန်​စွာ​အံ့​သြ​ကြ​လျက် ``ဤ​သူ​သည်​ထို သ​ခင်​ကို​ပတ္ထ​နာ​ပြု​သူ​ဟူ​သ​မျှ​ကို​ယေ​ရု ရှ​လင်​မြို့​တွင်​သတ်​ဖြတ်​ခဲ့​သူ​မ​ဟုတ်​ပါ​လော။ ထို​သူ​တို့​ကို​ဖမ်း​ဆီး​၍​ယဇ်​ပု​ရော​ဟိတ်​ကြီး များ​ထံ​ခေါ်​ဆောင်​သွား​ရန်​လာ​ရောက်​သူ မ​ဟုတ်​ပါ​လော'' ဟု​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 ကြား နာ သူ ခပ် သိမ်း တို့ အံ့ သြ လျက် ဤ သူ ကား ယေ ရု ရှ လင် မြို့ တွင် ထို နာ မ အား ပ ဌ နာ ပြု သူ တို့ ကို ဖျက် ဆီး ပြီး လျှင် ဤ မြို့ တွင် လည်း ချည် နှောင်၍ ပ ရော ဟိတ် ကြီး တို့ ထံ ပို့ အပ် ရန် အ ကြံ နှင့် ရောက် လာ ခဲ့ သူ မ ဟုတ် လော ဟု ဆို ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 ကြား​သော​သူ​အ​ပေါင်း​တို့​သည် အံ့​ဩ၍၊ ဤ​သူ​ကား၊ ထို​သ​ခင်​ကို ပ​တ္ထ​နာ​ပြု​သော​သူ​တို့​ကို ယေ​ရု​ရှ​လင်​မြို့၌ ဖျက်​ဆီး​သည် သာ​မ​က၊ ထို​သူ​များ​ကို​ချည်​နှောင်၍ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ထံ​သို့ ပို့​ဆောင်​ခြင်း​ငှာ ဤ​အ​ရပ်​သို့ လာ​သော​သူ​ဖြစ်​သည် မ​ဟုတ်​လော​ဟု ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

21 ကြားသော​သူ​အပေါင်းတို့​သည် အံ့အားသင့်​၍ “ဤ​သူ​သည် ဂျေရုဆလင်မြို့​ရှိ ယေရှု​၏​နောက်လိုက်များ​ကို ဖျက်ဆီးသူ​မဟုတ်လော။ ဤ​မြို့​တွင်လည်း ထို​သူတို့​ကို ဖမ်းဆီး​၍ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​ထံ ပို့ဆောင်​ရန် ဤ​နေရာ​သို့ ရောက်လာသည်​မဟုတ်လော” ဟု ပြောဆိုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 9:21
20 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ အကျွန်ုပ်​သည် အပြစ်ကျူးလွန်​သော​သူ​တို့​အား ကိုယ်တော်​၏​လမ်း​တို့​ကို​သင်ကြား​ပေး​ပါ​မည်​။ အပြစ်သား​တို့​သည်​လည်း ကိုယ်တော်​ထံ ပြန်လာ​ကြ​ပါ​လိမ့်မည်​။


အကျွန်ုပ်​သည် များစွာ​သော​သူ​တို့​အတွက် ရှေ့ပြေးနိမိတ်​ကဲ့သို့​ဖြစ်​ပါ​၏​။ သို့သော် ကိုယ်တော်​သည် အကျွန်ုပ်​၏​ခိုင်ခံ့​သော​ခိုလှုံ​ရာ​ဖြစ်​ပါ​၏​။


ဇိအုန်​တောင်​၌​ကိန်းဝပ်​တော်မူ​သော ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က အစ္စရေး​လူမျိုး​တို့​အား ပေး​တော်မူ​သော အမှတ်လက္ခဏာ​၊ အံ့ဩဖွယ်အမှု​တို့​မှာ ငါ​နှင့် ထာဝရဘုရား​ငါ့​အား​ပေး​တော်မူ​သော သားသမီး​တို့​ပင်​ဖြစ်​၏​။


အို ယဇ်ပုရောဟိတ်​မင်း​ယောရှု​၊ နားထောင်​လော့​။ သင်​နှင့်အတူ သင့်​ရှေ့​တွင်​ထိုင်​သော​သင့်​အပေါင်းပါ​တို့​လည်း နားထောင်​ကြ​လော့​။ အကြောင်းမူကား သူ​တို့​သည် နိမိတ်လက္ခဏာ​နှင့်ဆိုင်သော​လူ​များ ဖြစ်​ကြ​၏​။ ကြည့်ရှု​လော့​။ ငါ့​အစေအပါး​ဖြစ်​သည့် အတက်​ကို ငါ​ထွက်လာ​စေ​မည်​။


ယာကုပ်​အမျိုး​ကို မှော်အတတ်​ဖြင့်​မ​ပြုစား​နိုင်​။ အစ္စရေး​လူမျိုး​ကို ဂမ္ဘီရပညာ​ဖြင့်​မ​လှည့်ဖြား​နိုင်​။ ယခု​တွင် ‘​ဘုရားသခင် မည်သို့​ပြု​တော်မူ​ပါ​သနည်း​’​ဟူ၍ ယာကုပ်​အမျိုး​၊ အစ္စရေး​လူမျိုး​ကို​ရည်ဆောင်​၍ ပြောဆို​ရ​လိမ့်မည်​။


လူ​အားလုံး​တို့​သည် အံ့သြ​ငေးမော​လျက် ဝေခွဲမရ​ဖြစ်​ကြ​ကာ “ဤ​အမှုအရာ​သည် မည်သည့်​အရာ​ကို​ဆိုလို​သနည်း”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။


ထို​အသံ​ထွက်ပေါ်​လာ​သောအခါ များစွာ​သော​လူ​တို့​သည် စုဝေး​လာ​ကြ​၍ သူ​တို့​အသီးသီး​သည် သူ​တို့​၏​ဘာသာစကား​ဖြင့် တမန်တော်​တို့​ပြောဆို​နေ​ကြ​သည်​ကို​ကြား​ရ​သဖြင့် အံ့ဩ​တွေဝေ​ကြ​ကုန်​၏။


သူ​သည် ပေးကမ်း​စွန့်ကြဲ​ခြင်း​ကို​ခံ​ရန် ဗိမာန်​တော်​၏​တင့်တယ်​တံခါး​နား​တွင် ထိုင်​လေ့​ရှိ​သူ​ဖြစ်​ကြောင်း မှတ်မိ​ကြ​သဖြင့် ထို​သူ​၌​ဖြစ်ပျက်​သည့်​အမှုအရာ​အတွက် အလွန်​အံ့သြ​၍​မိန်းမော​တွေဝေ​ကြ​၏။


ထို​သူ​တို့​သည် ပေတရု​နှင့်​ယောဟန်​တို့​၏​ရဲရင့်​ခြင်း​ကို​မြင်​၍ သူ​တို့​နှစ်​ဦး​သည် ပညာ​မ​တတ်​သော သာမန်​လူ​များ​ဖြစ်​ကြောင်း​သတိထား​မိ​သဖြင့် အံ့သြ​ကြ​လေ​၏။ သူ​တို့​နှစ်​ဦး​သည် ယေရှု​နှင့်အတူ​ရှိ​ခဲ့​ကြ​ကြောင်း​ကို​လည်း မှတ်မိ​ကြ​၏။


သူ​တို့​သည် သတေဖန်​ကို ခဲ​နှင့်​ပေါက်​ကြ​စဉ် သတေဖန်​သည် ပတ္ထနာ​ပြု​လျက် “သခင်​ယေရှု၊ အကျွန်ုပ်​၏​ဝိညာဉ်​ကို လက်ခံ​တော်မူ​ပါ”​ဟု မြွက်ဆို​လေ​၏။


ရှောလု​သည် တစ်အိမ်​ပြီး​တစ်အိမ်​ဝင်​၍ ယောက်ျား​မိန်းမ​တို့​ကို​ဆွဲ​ထုတ်​ကာ ထောင်​ထဲသို့​ပို့​လျက် အသင်းတော်​ကို လိုက်​၍​ဖျက်ဆီး​လေ​၏။


သို့သော် ရှောလု​သည် ခွန်အား​နှင့် ပို၍​ပြည့်စုံ​လာ​ပြီး ယေရှု​သည် ခရစ်တော်​ဖြစ်​ကြောင်း သက်သေ​ထူ​ကာ ဒမတ်စကပ်​မြို့​၌​နေထိုင်​ကြ​သော​ဂျူး​လူမျိုး​တို့​ကို အံ့ဩ​တွေဝေ​စေ​၏။


ထို​နေ့​၌ ကိုယ်တော်​သည် မိမိ​၏​သန့်ရှင်း​သူ​တို့​အားဖြင့် ဘုန်း​တော်​ထင်ရှား​စေ​ခြင်း​ကို​ခံရ​ပြီး ငါ​တို့​၏​သက်သေခံ​ချက်​ကို သင်​တို့​ယုံကြည်​ကြ​သည်​ဖြစ်၍ ယုံကြည်​သူ​အပေါင်း​တို့​၏​အံ့ဩ​ချီးမွမ်း​ခြင်း​ကို​ခံရ​လိမ့်မည်။


ငါ​တို့​သည် ဘုရားသခင်​၏​သားသမီး​များ​ဟု​ခေါ်ဝေါ်​ခြင်း​ခံရ​ရန် ခမည်းတော်​သည် မည်မျှ​ကြီးမား​သော​ချစ်​ခြင်း​မေတ္တာ​ကို ငါ​တို့​အား ပေး​တော်မူ​သည်​ကို ဆင်ခြင်​ကြ​လော့။ အမှန်ပင် ငါ​တို့​သည် ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြ​၏။ လောကီသား​တို့​သည် ဘုရားသခင်​ကို​မ​သိ​သောကြောင့် ငါ​တို့​ကို​လည်း​မ​သိ​ကြ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ