ရှင်ဘုရင်က ပရောဖက်နာသန်အား “ကြည့်ပါ။ ငါသည် သစ်ကတိုးသားဖြင့်ဆောက်လုပ်ထားသောနန်းတော်တွင် နေရ၏။ ဘုရားသခင်၏သေတ္တာတော်မူကား ရွက်ထည်တဲဖြင့်သာ စံနေရပါသည်တကား”ဟု မိန့်ဆိုလျှင်
၁ ရာ 1:9 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ရှိလောမြို့တွင် စားသောက်ကြပြီးနောက် ဟန္နသည် ထသွားလေ၏။ ထိုစဉ် ယဇ်ပုရောဟိတ်ဧလိသည် ထာဝရဘုရား၏ဗိမာန်တော်တံခါးတိုင်အနီးရှိ ထိုင်ခုံပေါ်တွင် ထိုင်နေ၏။ Common Language Bible အခါတစ်ပါး၌သူတို့သည်ရှိလောမြို့ရှိထာဝရ ဘုရား၏အိမ်တော်တွင် အစားအစာစားသောက် ကြပြီးသောအခါ ဟန္နသည်စိတ်မချမ်းမသာ ဖြစ်လျက်ထ၍ပြင်းပြစွာငိုယိုကာ ထာဝရ ဘုရား၏ထံတော်သို့ဆုတောင်းပတ္ထနာပြု လေ၏။ (ထိုအခါဧလိသည်တံခါးအနီး မိမိထိုင်နေကျနေရာတွင်ထိုင်လျက်နေ သတည်း။-) Garrad Bible ရှိ လော မြို့၌ စား သောက် ကြ ပြီး နောက် ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် တံ ခါး တိုင် အ နီး၊ ဖ တိုင် တော် တွင် ပ ရော ဟိတ် ဧလိ ထိုင် နေ ခိုက်၊ ဟ န္န သည် ထ ပြီး လျှင် Judson Bible ရှိလောမြို့၌ စားသောက်ကြသောနောက်၊ ယဇ်ပုရောဟိတ် ဧလိသည် ထာဝရဘုရား၏ အိမ်တော်တိုင်နားမှာ ထိုင်စဉ်၊ |
ရှင်ဘုရင်က ပရောဖက်နာသန်အား “ကြည့်ပါ။ ငါသည် သစ်ကတိုးသားဖြင့်ဆောက်လုပ်ထားသောနန်းတော်တွင် နေရ၏။ ဘုရားသခင်၏သေတ္တာတော်မူကား ရွက်ထည်တဲဖြင့်သာ စံနေရပါသည်တကား”ဟု မိန့်ဆိုလျှင်
ထာဝရဘုရား၏ခန့်ညားတင့်တယ်ခြင်းကို ဖူးမြော်ရန်နှင့် ကိုယ်တော်၏ဗိမာန်တော်၌ စူးစမ်းဆင်ခြင်လျက်နေရန် ငါအသက်ရှင်သမျှကာလပတ်လုံး ထာဝရဘုရား၏အိမ်တော်၌နေရမည့်အကြောင်း တစ်ခုတည်းကို ထာဝရဘုရားထံ၌ ငါတောင်းလျှောက်ပြီ။ ထိုအခွင့်ကို ငါရှာမည်။
ထာဝရဘုရား၏အသံတော်သည် သမင်တို့ကိုသားဖွားစေ၍ သစ်တောများကို ပြောင်တလင်းခါစေတော်မူ၏။ ကိုယ်တော်၏ဗိမာန်တော်၌ရှိသမျှတို့က “ဘုန်းကြီးစေသတည်း”ဟု ကြွေးကြော်ကြ၏။
အကျွန်ုပ်မူကား ကိုယ်တော်၏ ကြီးမားသောမေတ္တာကရုဏာတော်ကြောင့် ကိုယ်တော်၏အိမ်တော်သို့ရောက်၍ ကိုယ်တော်ကိုကြောက်ရွံ့သောစိတ်ဖြင့် ကိုယ်တော်၏သန့်ရှင်းသောဗိမာန်တော်ဘက်သို့ မျက်နှာမူလျက် ရှိခိုးကိုးကွယ်ပါမည်။
သခင်သည် သူ့အား ဘုရားသခင်၏ရှေ့တော်သို့ခေါ်ဆောင်လာရမည်။ သူ့အား တံခါး၊ သို့မဟုတ် တံခါးတိုင်သို့ခေါ်ဆောင်လာ၍ သခင်သည် သူ၏နားရွက်ကို စူးဖြင့်ဖောက်ရမည်။ သူသည် အစဉ်အမြဲအစေခံရမည်။
ရှမွေလသည် နံနက်တိုင်အောင် အိပ်ပြီးမှ ထာဝရဘုရား၏အိမ်တော်တံခါးများကို ဖွင့်၏။ သူမြင်ရသော နိမိတ်အာရုံအကြောင်း ဧလိအား ဖွင့်ပြောရမည်ကို ရှမွေလကြောက်ရွံ့နေမိ၏။
ဘုရားသခင်ရှေ့တော်မှမီးခွက်သည် မငြိမ်းသေး။ ရှမွေလသည် ဘုရားသခင်၏သေတ္တာတော်ရှိရာ ထာဝရဘုရား၏ဗိမာန်တော်၌ အိပ်လျက်နေ၏။
ထိုသူရောက်လာသောအချိန်တွင် ဧလိသည် ဘုရားသခင်၏သေတ္တာတော်အတွက် စိတ်ပူပန်သဖြင့် လမ်းဘေးထိုင်ခုံပေါ်၌ ထိုင်လျက်စောင့်နေ၏။ ထိုသူသည် မြို့ထဲသို့ရောက်လာပြီး စစ်သတင်းကို ပြောကြားသောအခါ တစ်မြို့လုံးအော်ဟစ်ငိုကြွေးကြ၏။