အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ယော 4:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

တစ်စုံတစ်ယောက်​က “ငါ​သည် ဘုရားသခင်​ကို​ချစ်​၏”​ဟု ဆို​လျက်​ပင် မိမိ​ညီအစ်ကို​ကို​မုန်း​လျှင် ထို​သူ​သည် လိမ်လည်​သော​သူ​ဖြစ်​၏။ မြင်​ရ​သော​မိမိ​ညီအစ်ကို​ကို မ​ချစ်​သော​သူ​သည် မ​မြင်​ရ​သော​ဘုရားသခင်​ကို မ​ချစ်​နိုင်။

အခန်းကိုကြည့်ပါ။

Common Language Bible

ဘု​ရား​သ​ခင်​ကို​ချစ်​ပါ​သည်​ဟု​ဆို​လျက် ညီ​အစ်​ကို​ကို​မုန်း​သော​သူ​သည်​လူ​လိမ်​ဖြစ် ၏။ အ​ဘယ်​ကြောင့်​ဆို​သော်​မျက်​စိ​ဖြင့်​မြင်​ရ​သူ ညီ​အစ်​ကို​ကို​မ​ချစ်​နိုင်​သော​သူ​သည် မျက်​စိ ဖြင့်​မ​မြင်​ရ​သည့်​ဘု​ရား​သ​ခင်​ကို​ချစ်​နိုင် မည်​မ​ဟုတ်​သော​ကြောင့်​တည်း။-

အခန်းကိုကြည့်ပါ။

Garrad Bible

ဘု ရား သ ခင် ကို ချစ် သည် ဟု ဆို လျက် ညီ အစ် ကို ချင်း မုန်း သူ သည် မု သာ သုံး သူ ဖြစ်၏။ မြင် ဘူး သော ညီ အစ် ကို ချင်း မ ချစ် သူ သည် မ မြင် ဘူး သော ဘု ရား သ ခင် ကို မ ချစ် နိုင်။

အခန်းကိုကြည့်ပါ။

Judson Bible

တစ်​စုံ​တစ်​ယောက်​သော​သူ​က၊ ငါ​သည် ဘု​ရား​သ​ခင်​ကို​ချစ်၏​ဟု ဆို​လျက်​ပင် မိ​မိ​ညီ​အစ်​ကို​ကို မုန်း​လျှင်၊ ထို​သူ​သည် မု​သား​ကို​သုံး​သော​သူ​ဖြစ်၏။ မိ​မိ​မြင်​ရ​သော မိမိညီအစ်ကိုကို မချစ်လျှင်၊ မမြင်သေးသောဘု​ရား​သ​ခင်​ကို အ​ဘယ်​သို့​ချစ်​နိုင်​မည်​နည်း။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

တစ်စုံတစ်ယောက်​က “ငါ​သည် ဘုရားသခင်​ကို ချစ်သည်” ဟု ဆို​သော်လည်း မိမိ​ညီအစ်ကို​မောင်နှမ​ကို မုန်း​လျှင် ထို​သူ​သည် လိမ်လည်သောသူ​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မျက်စိ​ဖြင့် မြင်ရသော ညီအစ်ကို​မောင်နှမ​ကို မချစ်သောသူ​သည် မမြင်ရသော​ဘုရားသခင်​ကို ချစ်​နိုင်မည်​မဟုတ်​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။



၁ ယော 4:20
9 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​အချင်းချင်း​ကြား၌ ချစ်​ခြင်း​မေတ္တာ​ရှိ​လျှင် ထို​ချစ်​ခြင်း​မေတ္တာ​ကို​ထောက်၍ သင်​တို့​သည် ငါ့​တပည့်​များ​ဖြစ်​ကြောင်း​ကို လူ​အပေါင်း​တို့​သိ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


သင်​တို့​သည် ထို​သခင်​ကို မ​မြင်​ဖူး​သော်လည်း ချစ်​ကြ​၏။ ထို​သခင်​ကို ယခု​မ​မြင်​သော်လည်း ယုံကြည်​ကြ​ပြီး ပြော​၍​မ​မီ​နိုင်​သော​ဝမ်းမြောက်​ခြင်း​ဖြင့် ရွှင်မြူး​လျက် ဘုန်း​တော်​ကို​ချီးမွမ်း​ကြ​၏။


ငါ​တို့​သည် ဘုရားသခင်​နှင့်​မိတ်သဟာယ​ဖွဲ့​ခြင်း​ရှိ​၏​ဟု ဆို​လျက်​နှင့် အမှောင်​ထဲ၌​အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​လျှင် ငါ​တို့​သည် လိမ်လည်​ပြောဆို​သည်​ဖြစ်၍ သမ္မာတရား​ကို​ကျင့်သုံး​နေ​ကြ​သည်​မ​ဟုတ်။


ငါ​တို့​၌​အပြစ်​မ​ရှိ​ဟု ငါ​တို့​ဆို​လျှင် ငါ​တို့​သည် ကိုယ့်ကိုယ်ကိုယ်​လှည့်ဖြား​နေ​သည်​ဖြစ်၍ သမ္မာတရား​သည် ငါ​တို့​၌​မ​ရှိ။


မိမိ​ညီအစ်ကို​ကို​မုန်း​သော​သူ​မူကား မှောင်မိုက်​၌​ရှိ​၍ မှောင်မိုက်​၌​အသက်ရှင်​လျှောက်လှမ်း​နေ​၏။ မှောင်မိုက်​သည် သူ​၏​မျက်စိ​ကို​ကွယ်​စေ​သဖြင့် သူ​သည် မိမိ​မည်သည့်​အရပ်​သို့​သွား​နေ​သည်​ကို မ​သိ။


ဘုရားသခင်​ကို ငါ​သိကျွမ်း​၏​ဟု​ဆို​လျက် ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို လိုက်နာ​စောင့်ထိန်း​ခြင်း​မ​ရှိ​သော​သူ​သည် လိမ်လည်​သော​သူ​ဖြစ်​၍ သမ္မာတရား​သည် ထို​သူ​၌​မ​ရှိ။


ငါ​သည် အလင်း​၌​ရှိ​၏​ဟု​ဆို​လျက် မိမိ​ညီအစ်ကို​ကို​မုန်း​သော​သူ​သည် ယခု​တိုင်အောင် မှောင်မိုက်​၌​ရှိ​သေး​၏။


တစ်စုံတစ်ဦး​သည် လောကီ​စည်းစိမ်​ရှိ​လျက်​နှင့် မိမိ​ညီအစ်ကို​ဆင်းရဲ​ချို့တဲ့​နေ​သည်​ကို​မြင်​၍ မိမိ​၏​ကြင်နာ​စိတ်​ကို​ချုပ်တည်း​ထား​လျှင် ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​သည် ထို​သူ​၌ မည်သို့​တည်​မည်နည်း။


ဘုရားသခင်​ကို မည်သူမျှ မ​မြင်​ဖူး​သော်လည်း ငါ​တို့​အချင်းချင်း​ချစ်​ကြ​လျှင် ဘုရားသခင်​သည် ငါ​တို့​၌​တည်​တော်မူ​၍ ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​သည် ငါ​တို့​၌​ပြည့်စုံ​၏။