ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့အတွက် သိုမှီးထား၍ ကိုယ်တော်ကိုခိုလှုံသောသူတို့အတွက် လူသားတို့ရှေ့တွင်ပြုတော်မူသော ကိုယ်တော်၏ကောင်းမြတ်ခြင်းသည် ကြွယ်ဝလှပါ၏။
၁ ယော 4:16 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် ငါတို့အပေါ်၌ ဘုရားသခင်ထားရှိသောချစ်ခြင်းမေတ္တာကိုသိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌တည်သောသူသည် ဘုရားသခင်၌တည်၍ ဘုရားသခင်သည်လည်း ထိုသူ၌တည်တော်မူ၏။ Common Language Bible ငါတို့အပေါ်ဘုရားသခင်မေတ္တာထားရှိ တော်မူကြောင်းငါတို့ကိုယ်တိုင်သိ၍ယုံ ကြည်ကြ၏။ ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်တော် မူ၏။ ချစ်တတ်သောသူသည်ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းရှိ၏။ ဘုရားသခင်သည် လည်းထိုသူနှင့်တစ်လုံးတစ်ဝတည်းရှိတော် မူ၏။- Garrad Bible ငါ တို့ အ ပေါ်၌ ဘု ရား သ ခင် သက် တော် မူ သော ချစ် ခြင်း မေ တ္တာ ကို ငါ တို့ သိ မြင် ယုံ ကြည် ခဲ့ ကြ ပြီ။ ဘု ရား သ ခင် သည် ချစ် ခြင်း မေ တ္တာ ဖြစ် တော် မူ သည် နှင့် အ ညီ ချစ် ခြင်း မေ တ္တာ၌ တည် သူ သည် ဘု ရား သ ခင်၌ တည် လျက် ဘု ရား သ ခင် လည်း ထို သူ၌ တည် တော် မူ၏။ Judson Bible ဘုရားသခင်သည် ငါတို့ကိုချစ်တော်မူခြင်း မေတ္တာတော်ကို ငါတို့သည်သိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌ တည်သောသူသည် ဘုရားသခင်၌တည်၏။ ဘုရားသခင်သည်လည်း ထိုသူ၌ တည်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့အပေါ် ဘုရားသခင်မည်မျှ ချစ်တော်မူသည်ကို ကျွန်ုပ်တို့သိ၍ ယုံကြည်သည်နှင့်အညီ ထိုမေတ္တာအပေါ် မှီခိုအားထားကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၍ ချစ်တတ်သောသူသည် ဘုရားသခင်နှင့် တပေါင်းတစည်းတည်းဖြစ်၏။ ဘုရားသခင်သည်လည်း ထိုသူနှင့် တပေါင်းတစည်းတည်းဖြစ်တော်မူ၏။ |
ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့အတွက် သိုမှီးထား၍ ကိုယ်တော်ကိုခိုလှုံသောသူတို့အတွက် လူသားတို့ရှေ့တွင်ပြုတော်မူသော ကိုယ်တော်၏ကောင်းမြတ်ခြင်းသည် ကြွယ်ဝလှပါ၏။
ကိုယ်တော်မှတစ်ပါး မျှော်လင့်စောင့်စားသောသူအား ကျေးဇူးပြုပေးတော်မူသောဘုရားဟူ၍ မရှိ။ ရှိသည်ဟု ရှေးကာလကတည်းက မည်သူမျှမကြားဖူး၊ မသိဖူး၊ မျက်စိဖြင့်လည်း မမြင်ဖူးပေ။
ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းသူဖြစ်ကြောင်းကိုလည်း အကျွန်ုပ်တို့ယုံကြည်သိရှိကြပါ၏”ဟု လျှောက်လေ၏။
ယေရှုက“ဤသူအပြစ်ပြုသောကြောင့်မဟုတ်၊ သူ့မိဘကအပြစ်ပြုသောကြောင့်လည်းမဟုတ်။ သူ၌ ဘုရားသခင်၏အမှုတော်များထင်ရှားစေရန်အတွက်သာဖြစ်၏။
သို့သော် ကျမ်းစာ၌ရေးထားသည်နှင့်အညီ “ဘုရားသခင်သည် မိမိကိုချစ်သောသူတို့အတွက် မျက်စိဖြင့် မမြင်ဖူးသောအရာ၊ နားဖြင့် မကြားဖူးသောအရာ၊ လူ၏စိတ်နှလုံး၌ မတွေးမိဖူးသောအရာတို့ကို ပြင်ဆင်ထားတော်မူ၏။”
ငါတို့သည် ဘုရားသခင်၏သားသမီးများဟုခေါ်ဝေါ်ခြင်းခံရရန် ခမည်းတော်သည် မည်မျှကြီးမားသောချစ်ခြင်းမေတ္တာကို ငါတို့အား ပေးတော်မူသည်ကို ဆင်ခြင်ကြလော့။ အမှန်ပင် ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။ လောကီသားတို့သည် ဘုရားသခင်ကိုမသိသောကြောင့် ငါတို့ကိုလည်းမသိကြ။
ခရစ်တော်သည် ငါတို့အတွက် မိမိအသက်ကိုစွန့်တော်မူသောကြောင့် ငါတို့သည် ထိုအမှုအရာအားဖြင့် ချစ်ခြင်းမေတ္တာကိုသိရကြပြီ။ ငါတို့သည်လည်း ညီအစ်ကိုချင်းတို့အတွက် အသက်ကိုစွန့်သင့်၏။
ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ထိန်းသောသူသည် ဘုရားသခင်၌တည်၍ ဘုရားသခင်သည်လည်း ထိုသူ၌တည်၏။ ဘုရားသခင်သည် ငါတို့၌တည်တော်မူကြောင်းကို ငါတို့အား ပေးတော်မူသောဝိညာဉ်တော်အားဖြင့် ငါတို့သိကြ၏။
ချစ်ရသောသူတို့၊ ငါတို့သည် အချင်းချင်းချစ်ကြကုန်စို့။ အကြောင်းမူကား ချစ်ခြင်းမေတ္တာသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ ချစ်ခြင်းမေတ္တာရှိသောသူတိုင်းသည်လည်း ဘုရားသခင်ထံမှပေါက်ဖွားလာသောသူဖြစ်ပြီး ဘုရားသခင်ကိုသိ၏။