Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 9:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ယေရှု​က“ဤ​သူ​အပြစ်​ပြု​သောကြောင့်​မ​ဟုတ်၊ သူ့​မိဘ​က​အပြစ်​ပြု​သောကြောင့်​လည်း​မ​ဟုတ်။ သူ​၌ ဘုရားသခင်​၏​အမှု​တော်​များ​ထင်ရှား​စေရန်​အတွက်​သာ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 သ​ခင်​ယေ​ရှု​က ``သူ​၏​အ​ပြစ်​ကြောင့်​မ​ဟုတ်၊ မိ​ဘ​တို့​၏​အ​ပြစ်​ကြောင့်​လည်း​မ​ဟုတ်။ သူ မျက်​စိ​မ​မြင်​ရ​ခြင်း​မှာ ဘု​ရား​သ​ခင်​၏ တန်​ခိုး​တော် သူ​၌​ထင်​ရှား​လာ​စေ​ရန်​ပင် ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ယေရှုက ဤသူ့ပြစ်မှု၊ မိဘတို့ပြစ်မှုမဟုတ်။ သူ၌ ဘုရားသခင်၏အမှုတော်များထင်ရှားစေရန် ထိုသို့ဖြစ်သတည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ယေ​ရှု​က​လည်း၊ ကိုယ်​အ​ပြစ်​ကြောင့်​မ​ဟုတ်။ မိ​ဘ​အ​ပြစ်​ကြောင့်​လည်း မ​ဟုတ်။ ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို သူ၌​ထင်​ရှား​စေ​မည်​အ​ကြောင်း​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

3 ယေရှု​က “သူ​၏​အပြစ်​ကြောင့် မဟုတ်။ မိဘများ​၏ အပြစ်​ကြောင့်လည်း မဟုတ်။ ဘုရားသခင်​၏​တန်ခိုးတော် သူ့​အပေါ်​ထင်ရှား​စေရန်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

3 ယေ​ရှု​က​လည်း၊ ကိုယ်​အ​ပြစ်​ကြောင့်​မ​ဟုတ်။ မိ​ဘ​အ​ပြစ်​ကြောင့်​လည်း မ​ဟုတ်။ ဘု​ရား​သ​ခင်၏​အ​မှု​တော်​ကို သူ၌​ထင်​ရှား​စေ​မည်​အ​ကြောင်း​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 9:3
16 ပူးပေါင်းရင်းမြစ်များ  

ငါ့​ကို ဒုက္ခပေး​မည့် သင်​တို့​၏​အတွေး​များ​နှင့် သင်​တို့​၏​ကောက်ကျစ်​သော​အကြံအစည်​များ​ကို​လည်း ငါ​သိ​၏​။


ယောဘ​ကို ပြန်​မ​ချေပ​နိုင်​ဘဲ အပြစ်​ကို​သာ​တင်​ကြ​သော ယောဘ​၏​မိတ်ဆွေ​သုံး​ယောက်​ကို​လည်း အမျက်ထွက်​လေ​၏​။


ဤသို့ ထာဝရဘုရား​သည် ယောဘ​နှင့်​စကား​ပြောဆို​ပြီးမှ ထာဝရဘုရား​က တေမန်​အမျိုးသား ဧလိဖတ်​အား “သင်​နှင့်​သင့်​မိတ်ဆွေ​နှစ်​ဦး​တို့​သည် ငါ့​အစေအပါး​ယောဘ​ကဲ့သို့ ငါ့​အကြောင်း​ကို မှန်မှန်ကန်ကန်​မ​ပြော​သောကြောင့် သင်​တို့​ကို ငါ​အမျက်ထွက်​၏​။


မျက်မမြင်​တို့​သည် မျက်စိ​မြင်​ရ​ကြ​၏။ ခြေ​မသန်စွမ်း​သူ​တို့​သည် လမ်းလျှောက်​နိုင်​ကြ​၏။ အနာကြီး​ရောဂါသည်​တို့​သည် စင်ကြယ်​ခြင်း​သို့​ရောက်​ကြ​၏။ နားမကြား​သော​သူ​တို့​သည် ကြား​ရ​ကြ​၏။ သေ​သော​သူ​တို့​သည် ထမြောက်​စေ​ခြင်း​ကို​ခံ​ရ​ကြ​၏။ ဆင်းရဲသား​တို့​သည် ကောင်းမြတ်​သော​သတင်း​ကို ကြား​ရ​ကြ​၏။


ယေရှု​သည် ထို​အကြောင်း​ကို​ကြား​လျှင်“ဤ​နာမကျန်း​ဖြစ်​ခြင်း​သည် သေ​ခြင်း​သို့​ရောက်​စေရန်​အတွက်​မ​ဟုတ်​ဘဲ ဘုရားသခင်​၏​ဘုန်း​တော်​အတွက်​ဖြစ်​ပြီး ဘုရားသခင်​၏​သား​တော်​သည် ထို​အခြင်းအရာ​အားဖြင့် ဘုန်း​တော်​ထင်ရှား​ခြင်း​ရှိ​စေရန်​အတွက်​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။


ယေရှု​က​လည်း“သင်​ယုံကြည်​လျှင် ဘုရားသခင်​၏​ဘုန်း​တော်​ကို​မြင်​ရ​လိမ့်မည်​ဟူ၍ သင့်​အား ငါ​ပြော​ခဲ့​ပြီ​မ​ဟုတ်​လော”​ဟု မိန့်​တော်မူ​၏။


ကျွန်းသား​တို့​သည် သူ​၏​လက်​မှ​တွဲလဲ​ကျ​နေ​သော သတ္တဝါ​ကို​မြင်​သောအခါ “ဤ​သူ​သည် အမှန်ပင် လူသတ်သမား​ဖြစ်​တန်​ရာ​၏။ သူ​သည် ပင်လယ်​ဘေး​မှ​လွတ်​ခဲ့​သော်လည်း မျှတ​မှု​နတ်​ဘုရားမ​က သူ့​ကို အသက်ရှင်​ခွင့်​မ​ပေး”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။


လူ​အားလုံး​တို့​သည် ဖြစ်ပျက်​ခဲ့​သော​အမှုအရာ​အတွက် ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​နေ​ကြ​သည်​ဖြစ်၍ ထို​လူ​တို့​ကြောင့် တမန်တော်​တို့​အား အပြစ်ဒဏ်​ပေး​နိုင်​မည့်​နည်းလမ်း​ကို ရှာ​မ​တွေ့​သဖြင့် သူ​တို့​သည် တမန်တော်​တို့​ကို ထပ်မံ​ခြိမ်းခြောက်​ပြီးလျှင် ပြန်လွှတ်​လိုက်​ကြ​၏​။


ငါ​တို့​သည် ငါ​တို့​အပေါ်၌ ဘုရားသခင်​ထားရှိ​သော​ချစ်​ခြင်း​မေတ္တာ​ကို​သိ​၍ ယုံကြည်​ကြ​၏။ ဘုရားသခင်​သည် ချစ်​ခြင်း​မေတ္တာ​ဖြစ်​တော်မူ​၏။ ချစ်​ခြင်း​မေတ္တာ​၌​တည်​သော​သူ​သည် ဘုရားသခင်​၌​တည်​၍ ဘုရားသခင်​သည်​လည်း ထို​သူ​၌​တည်​တော်မူ​၏။


ငါ​တို့​သည် သား​တော်​အားဖြင့် အသက်ရှင်​ကြ​စေရန် ဘုရားသခင်​သည် မိမိ​၏​တစ်ပါးတည်း​သော​သား​တော်​ကို ဤ​လောက​သို့ စေလွှတ်​တော်မူ​၏။ ဤသို့ဖြင့် ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​၌ ထင်ရှား​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ