ကိုယ်တော်ကိုမပြစ်မှားမိစေရန် ကိုယ်တော်၏မိန့်တော်မူချက်ကို အကျွန်ုပ်၏စိတ်နှလုံးထဲ၌ သိုမှီးထားပါပြီ။
၁ ယော 2:14 - မြန်မာ့စံမီသမ္မာကျမ်း သားသမီးတို့၊ သင်တို့သည် ခမည်းတော်ကို သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ ဖခင်တို့၊ သင်တို့သည် အစအဦးကပင်ရှိတော်မူသောအရှင်ကို သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ လူငယ်လူရွယ်တို့၊ သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍ ဘုရားသခင်၏နှုတ်ကပတ်တော်သည် သင်တို့၌တည်သဖြင့် မကောင်းသောအရာကို သင်တို့အောင်နိုင်ခဲ့ကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ Common Language Bible သားသမီးတို့၊ သင်တို့သည်ခမည်းတော် ကိုသိသူများဖြစ်သောကြောင့်သင်တို့ထံသို့ ငါစာရေးလိုက်၏။ သင်တို့သည်အစကပင် ရှိတော်မူသောအရှင်ကိုသိသူများဖြစ် သောကြောင့် သင်တို့ထံသို့ငါစာရေးလိုက် ၏။ လူငယ်လူရွယ်တို့၊ သင်တို့သည်ခွန်အား ရှိ၍ ဘုရားသခင်၏နှုတ်ကပတ်တော်သည် သင်တို့တွင်ကိန်းအောင်းလျက်၊ မာရ်နတ်ကို အောင်သောကြောင့်သင်တို့ထံသို့ငါစာရေး လိုက်၏။ Garrad Bible အ ချင်း အ ဘ တို့၊ သင် တို့ ထံ ငါ ရေး ခဲ့ သည် မှာ အ စ အ ဦး က တည် တော် မူ သော အ ရှင် နှင့် ကျွမ်း ဝင် ကြ သော ကြောင့် တည်း။ အ ချင်း ပျို ရွယ် သူ တို့၊ သင် တို့ ထံ ငါ ရေး ခဲ့ သည် မှာ ဘု ရား သ ခင် တ ရား တော် သည် သင် တို့၌ တည် လျက် သင် တို့ ခွန် အား ရှိ၍ မာရ် နတ် ကို အောင် ကြ သော ကြောင့် တည်း။ Judson Bible အဘတို့၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကို သိသောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။ လူပျိုတို့၊ သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍၊ ဘုရားသခင်၏နှုတ်ကပတ်တော်၌ မှီဝဲဆည်းကပ်သဖြင့် မာရ်နတ်ကို အောင်သောကြောင့်၊ သင်တို့အား ငါရေး၍ ပေးလိုက်ခဲ့ပြီ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သားသမီးတို့… သင်တို့သည် ခမည်းတော်ကို သိသောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။ ဖခင်တို့… သင်တို့သည် အစဦးကပင်ရှိတော်မူသောအရှင်ကို သိသောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။ လူငယ်တို့… သင်တို့သည် ခွန်အားကြီး၍ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင်တို့၌ တည်လျက် မာရ်နတ်ကို အောင်နိုင်သောကြောင့် သင်တို့ထံ ကျွန်ုပ်စာရေးလိုက်၏။ |
ကိုယ်တော်ကိုမပြစ်မှားမိစေရန် ကိုယ်တော်၏မိန့်တော်မူချက်ကို အကျွန်ုပ်၏စိတ်နှလုံးထဲ၌ သိုမှီးထားပါပြီ။
သင်တို့သည် ငါ၌တည်နေ၍ ငါ့စကားတို့သည် သင်တို့၌တည်နေလျှင် သင်တို့လိုချင်သမျှတို့ကို တောင်းကြလော့။ တောင်းလျှင် သင်တို့အတွက် ပြည့်စုံစေတော်မူလိမ့်မည်။
သူ၏နှုတ်ကပတ်တော်သည်လည်း သင်တို့၌မတည်မရှိ။ အဘယ်ကြောင့်ဆိုသော် ခမည်းတော်စေလွှတ်တော်မူသောသူကို သင်တို့မယုံကြည်ကြသောကြောင့်ဖြစ်၏။
ထို့ကြောင့် ယေရှုသည် မိမိကိုယုံကြည်သော ဂျူးလူမျိုးတို့အား“သင်တို့သည် ငါ၏တရားစကား၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြပြီး
သင်တို့သည် အာဗြဟံ၏အမျိုးအနွယ်ဖြစ်ကြောင်းကို ငါသိ၏။ သို့ရာတွင် ငါ၏တရားစကားသည် သင်တို့ထဲ၌နေရာမရသောကြောင့် သင်တို့သည် ငါ့ကိုသတ်ရန် ရှာကြံနေကြ၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် သခင်ဘုရား၌လည်းကောင်း၊ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ဆိုင်သော တန်ခိုးအရှိန်အဝါ၌လည်းကောင်း ခွန်အားနှင့်ပြည့်စုံကြလော့။
ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောအရှင်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏။
ထို့ပြင် သင်တို့သည် ကိုယ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသော တန်ခိုးအရှိန်အဝါနှင့်အညီ တန်ခိုးတော်ရှိသမျှတို့ဖြင့် အားဖြည့်ခြင်းကိုခံရလျက် သည်းခံခြင်းနှင့်စိတ်ရှည်ခြင်းအပြည့်အဝရှိသဖြင့်
ခရစ်တော်၏နှုတ်ကပတ်တရားကို သင်တို့၌ ကြွယ်ဝစွာတည်စေ၍ အချင်းချင်းတို့ကို အမျိုးမျိုးသောဉာဏ်ပညာဖြင့်သွန်သင်လျက် သတိပေးဆုံးမကာ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေးဆိုင်ရာသီချင်းများကို သင်တို့၏စိတ်နှလုံးနှင့်တကွ ဘုရားသခင်ထံ သီဆိုကြလော့။
သို့ဖြစ်၍ ငါ့သား၊ သင်သည် ခရစ်တော်ယေရှု၌ရှိသော ကျေးဇူးတော်အားဖြင့် ခွန်အားနှင့်ပြည့်စုံလော့။
ထာဝရဘုရားက “ထိုနေ့ရက်များနောက်တွင် အစ္စရေးအမျိုးနှင့် ငါပြုမည့်ပဋိညာဉ်ကား ဤသို့တည်း။ ငါသည် ငါ၏ပညတ်တရားတို့ကို သူတို့၏အသိဉာဏ်ထဲတွင် ထည့်သွင်း၍ သူတို့၏စိတ်နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်ပြီး သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်ကြလိမ့်မည်။
အစအဦးကပင်ရှိသောအရာ၊ ငါတို့ကြားရသောအရာ၊ ကိုယ့်မျက်စိဖြင့် မြင်ရသောအရာ၊ ငါတို့ကြည့်ရှုလျက် ကိုယ့်လက်ဖြင့် တို့ထိစမ်းသပ်ရသောအရာတည်းဟူသော အသက်နှင့်ဆိုင်သည့် နှုတ်ကပတ်တော်အကြောင်းဟူမူကား
အပြစ်မပြုဖူးပါဟု ငါတို့ဆိုလျှင် ငါတို့သည် ဘုရားသခင်ကို လိမ်လည်သောသူဟုဆိုရာရောက်၍ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ငါတို့၌မရှိ။
ဖခင်တို့၊ သင်တို့သည် အစအဦးကပင်ရှိတော်မူသောအရှင်ကို သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ လူငယ်လူရွယ်တို့၊ သင်တို့သည် မကောင်းသောအရာကို အောင်နိုင်ခဲ့ကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။
ဤသို့ ငါတို့ချစ်ကြသည်မှာ ငါတို့၌တည်နေ၍ ငါတို့နှင့်အတူ ကာလအစဉ်အဆက်ရှိမည့် သမ္မာတရားကြောင့်ဖြစ်၏။
သင်သည် သမ္မာတရား၌ အသက်ရှင်လျှောက်လှမ်းနေသည့်အလျောက် ညီအစ်ကိုအချို့တို့သည်လာ၍ သင်၌ရှိသောသမ္မာတရားအကြောင်းကို သက်သေခံကြသောအခါ ငါသည် အလွန်ဝမ်းမြောက်၏။
သင်သည် သည်းခံခြင်းရှိလျက် ငါ၏နာမအတွက် အပင်ပန်းခံ၍ အားလျော့ခြင်းမရှိခဲ့ချေ။
ဝိညာဉ်တော်က အသင်းတော်များအား မိန့်တော်မူသောအရာကို နားရှိသောသူသည် ကြားပါစေ။ အောင်မြင်သောသူအား ဘုရားသခင်၏ပရဒိသုဘုံ၌ရှိသော အသက်ပင်၏အသီးကို ငါစားခွင့်ပေးမည်။