Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၁ ယော 2:14 - Common Language Bible

14 သား​သ​မီး​တို့၊ သင်​တို့​သည်​ခ​မည်း​တော် ကို​သိ​သူ​များ​ဖြစ်​သော​ကြောင့်​သင်​တို့​ထံ​သို့ ငါ​စာ​ရေး​လိုက်​၏။ သင်​တို့​သည်​အ​စ​က​ပင် ရှိ​တော်​မူ​သော​အ​ရှင်​ကို​သိ​သူ​များ​ဖြစ် သော​ကြောင့် သင်​တို့​ထံ​သို့​ငါ​စာ​ရေး​လိုက် ၏။ လူ​ငယ်​လူ​ရွယ်​တို့၊ သင်​တို့​သည်​ခွန်​အား ရှိ​၍ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​သည် သင်​တို့​တွင်​ကိန်း​အောင်း​လျက်၊ မာရ်​နတ်​ကို အောင်​သော​ကြောင့်​သင်​တို့​ထံ​သို့​ငါ​စာ​ရေး လိုက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 အ ချင်း အ ဘ တို့၊ သင် တို့ ထံ ငါ ရေး ခဲ့ သည် မှာ အ စ အ ဦး က တည် တော် မူ သော အ ရှင် နှင့် ကျွမ်း ဝင် ကြ သော ကြောင့် တည်း။ အ ချင်း ပျို ရွယ် သူ တို့၊ သင် တို့ ထံ ငါ ရေး ခဲ့ သည် မှာ ဘု ရား သ ခင် တ ရား တော် သည် သင် တို့၌ တည် လျက် သင် တို့ ခွန် အား ရှိ၍ မာရ် နတ် ကို အောင် ကြ သော ကြောင့် တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 အ​ဘ​တို့၊ သင်​တို့​သည် ရှေ့​ဦး​စွာ​က​ပင် ရှိ​တော်​မူ​သော​သူ​ကို သိ​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်​ခဲ့​ပြီ။ လူ​ပျို​တို့၊ သင်​တို့​သည် ခွန်​အား​နှင့်​ပြည့်​စုံ၍၊ ဘု​ရား​သ​ခင်၏​နှုတ်​က​ပတ်​တော်၌ မှီ​ဝဲ​ဆည်း​ကပ်​သ​ဖြင့် မာရ်​နတ်​ကို အောင်​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်​ခဲ့​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 သားသမီး​တို့၊ သင်​တို့​သည် ခမည်းတော်​ကို သိ​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ ဖခင်​တို့၊ သင်​တို့​သည် အစအဦး​က​ပင်​ရှိ​တော်မူ​သော​အရှင်​ကို သိ​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။ လူငယ်​လူရွယ်​တို့၊ သင်​တို့​သည် ခွန်အား​နှင့်​ပြည့်စုံ​၍ ဘုရားသခင်​၏​နှုတ်ကပတ်တော်​သည် သင်​တို့​၌​တည်​သဖြင့် မကောင်း​သော​အရာ​ကို သင်​တို့​အောင်နိုင်​ခဲ့​ကြ​သောကြောင့် သင်​တို့​ထံ ငါ​ရေး​လိုက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

14 သားသမီးတို့… သင်တို့​သည် ခမည်းတော်​ကို သိ​သောကြောင့် သင်တို့​ထံ ကျွန်ုပ်​စာရေးလိုက်၏။ ဖခင်တို့… သင်တို့​သည် အစဦး​ကပင်​ရှိတော်မူသော​အရှင်​ကို သိ​သောကြောင့် သင်တို့​ထံ ကျွန်ုပ်​စာရေးလိုက်၏။ လူငယ်တို့… သင်တို့​သည် ခွန်အားကြီး​၍ ဘုရားသခင်​၏ နှုတ်ကပတ်တော်​သည် သင်တို့​၌ တည်​လျက် မာရ်နတ်​ကို အောင်နိုင်​သောကြောင့် သင်တို့​ထံ ကျွန်ုပ်​စာရေးလိုက်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 2:14
18 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ရှင်​အား​မ​ပြစ်​မှား​စေ​ရန် ကွန်​တော်​မျိုး​သည်​မိ​မိ​၏​စိတ်​နှ​လုံး​ထဲ​တွင် ကိုယ်​တော်​ရှင်​၏​တ​ရား​တော်​ကို​သို​ထား​ပါ​၏။


သင်​တို့​သည်​ငါ​၌​တည်​နေ​၍​ငါ​၏​တ​ရား သည်​လည်း​သင်​တို့​၌​တည်​နေ​လျှင် သင်​တို့ တောင်း​လျှောက်​သ​မျှ​သော​အ​ရာ​တို့​ကို​ရ​ရှိ ကြ​လိမ့်​မည်။-


ခ​မည်း​တော်​စေ​လွှတ်​တော်​မူ​သော​သူ​ကို မ​ယုံ​ကြည်​ကြ​သ​ဖြင့် နှုတ်​က​ပတ်​တော်​သည် သင်​တို့​၏​စိတ်​နှ​လုံး​တွင်​မ​ကိန်း​အောင်း။-


သ​ခင်​ယေ​ရှု​သည်​ယုံ​ကြည်​သူ​တို့​အား ``သင် တို့​သည်​ငါ​ဟော​ပြော​သွန်​သင်​သည်​အ​တိုင်း​ပြု ကျင့်​ကြ​လျှင် ငါ​၏​တ​ပည့်​အ​မှန်​ဖြစ်​ကြ​၏။-


သင်​တို့​သည်​အာ​ဗြ​ဟံ​၏​သား​မြေး​ဖြစ်​သည်​ကို ငါ​သိ​၏။ သို့​ရာ​တွင်​သင်​တို့​သည်​ငါ​၏​သွန်​သင် ချက်​ကို​လက်​မ​ခံ​လို​သ​ဖြင့် ငါ့​ကို​သတ်​ရန် ကြိုး​စား​ကြ​၏။-


သင်​တို့​သည်​သ​ခင်​ဘု​ရား​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​လျက် ကိုယ်​တော်​၏​တန်​ခိုး​တော်​အား​ဖြင့်​ကြံ့​ခိုင် ခြင်း​ရှိ​ကြ​ရန်​ငါ​နောက်​ဆုံး​မှာ​ကြား​လို​၏။-


ခ​ရစ်​တော်​ထံ​မှ​ရ​ရှိ​သည့်​စွမ်း​ရည်​အား​ဖြင့် ငါ​သည်​မည်​သည့်​အ​ခြေ​အ​နေ​မျိုး​ကို​မ​ဆို ရင်​ဆိုင်​နိုင်​၏။


သင်​တို့​သည်​အ​ရာ​ခပ်​သိမ်း​ကို​စိတ်​ရှည်​စွာ ခံ​နိုင်​ရည်​ရှိ​စေ​ရန် ဘု​ရား​သ​ခင်​၏​ဘုန်း ကြီး​သော​တန်​ခိုး​တော်​မှ​ရ​ရှိ​သည့်​စွမ်း​ရည် အ​မျိုး​မျိုး​ဖြင့်​ရပ်​တည်​နိုင်​ကြ​ပါ​စေ​သော။ ထို​မှ​တစ်​ပါး​လည်း​အ​လင်း​နိုင်​ငံ​တော်​တွင် ကိုယ်​တော်​၏​လူ​စု​တော်​အ​တွက်​လျာ​ထား သည့်​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို သင်​တို့ အား​ခံ​စား​ထိုက်​သူ​များ​ဖြစ်​စေ​တော်​မူ သော အ​ဖ​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ဝမ်း​မြောက်​စွာ​ချီး​မွမ်း​နိုင်​ကြ​ပါ​စေ သော။-


ခ​ရစ်​တော်​၏​ပြည့်​စုံ​ကြွယ်​ဝ​သည့်​တ​ရား တော်​အား သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​တွင်​ကိန်း အောင်း​စေ​ကြ​လော့။ ဉာဏ်​ပ​ညာ​ရှိ​သ​မျှ​ဖြင့် အ​ချင်း​ချင်း​အား​သွန်​သင်​ဆုံး​မ​ခြင်း​ကို ပြု​ကြ​လော့။ ဆာ​လံ​သီ​ချင်း၊ အ​မျိုး​မျိုး သော​ဋ္ဌမ္မ​သီ​ချင်း​များ​ကို​ဘု​ရား​သ​ခင် အား​စိတ်​နှ​လုံး​ထဲ​တွင်​ကျေး​ဇူး​တင်​လျက် သီ​ဆို​ကြ​လော့။-


ငါ့​သား၊ ခ​ရစ်​တော်​ယေ​ရှု​နှင့်​ငါ​တို့​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​ခြင်း​ကြောင့် ရ​ရှိ​သည့်​ဆု ကျေး​ဇူး​တော်​အား​ဖြင့်​သင်​သည်​ကြံ့​ခိုင် ခြင်း​ရှိ​လော့။-


နောင်​အ​ခါ​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့် ငါ​ပြု​မည့်​ပ​ဋိ​ညာဉ်​ဟူ​မူ​ကား၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ပ​ညတ်​များ​ကို သူ​တို့​၏​စိတ်​နှ​လုံး​ထဲ​သို့​ထည့်​သွင်း​မည်။ သူ​တို့​၏​နှ​လုံး​သား​ပေါ်​မှာ​ရေး​သား​မည်။ ငါ​သည်​သူ​တို့​ဘု​ရား​ဖြစ်​မည်။ သူ​တို့​သည်​လည်း​ငါ​၏​လူ​စု​ဖြစ်​ကြ​လိမ့်​မည်။


အ​သက်​တော်​တည်း​ဟူ​သော​နှုတ်​က​ပတ်​တော် အ​ကြောင်း​ကို​ငါ​တို့​စာ​ရေး​လိုက်​၏။ ထို​နှုတ် က​ပတ်​တော်​သည်​အ​စ​မူ​လ​က​တည်း​က​ပင် ရှိ​နေ​တော်​မူ​ခဲ့​၏။ ထို​နှုတ်​က​ပတ်​တော်​ကို ငါ​တို့​ကြား​ခဲ့​ကြ​၏။ ငါ​တို့​ကိုယ်​တိုင်​မျက်​စိ ဖြင့်​မြင်​ခဲ့​ကြ​၏။ ငါ​တို့​လက်​ဖြင့်​စမ်း​သပ် ကြည့်​ရှု​ခဲ့​ကြ​၏။-


အ​ကယ်​၍​မိ​မိ​တို့​သည်​အ​ပြစ်​ကူး​သူ​များ မ​ဟုတ်​ဟု​ငါ​တို့​ဆို​ပါ​မူ ဘု​ရား​သ​ခင်​အား မု​သား​သုံး​တော်​မူ​သော​အ​ရှင်​ဟု​စွပ်​စွဲ​ပြော ဆို​ရာ​ရောက်​လျက်​နှုတ်က​ပတ်​တော်​သည်​ငါ​တို့ ၌​မ​ရှိ။


အ​ဖ​တို့၊ သင်​တို့​သည်​အ​စ​က​ပင်​ရှိ​တော်​မူ သော​အ​ရှင်​ကို​သိ​သူ​များ​ဖြစ်​သော​ကြောင့် သင်​တို့​ထံ​သို့​ငါ​စာ​ရေး​လိုက်​၏။ လူ​ငယ် လူ​ရွယ်​တို့၊ သင်​တို့​သည်​မာရ်​နတ်​ကို​အောင် သော​ကြောင့်​သင်​တို့​ထံ​သို့​ငါ​စာ​ရေး​လိုက်​၏။


အ​ဘယ်​ကြောင့်​ဆို​သော်​သမ္မာ​တ​ရား​သည် ငါ တို့​စိတ်​နှ​လုံး​တွင်​တည်​နေ​လျက် ငါ​တို့​နှင့် အ​တူ​အ​စဉ်​မ​ပြတ်​ရှိ​မည်​ဖြစ်​သော​ကြောင့် တည်း။


သင်​သည်​သမ္မာ​တ​ရား​ကို​အ​မြဲ​လိုက်​နာ​ခဲ့ သည့်​အ​တိုင်း ယ​ခု​လည်း​သစ္စာ​နှင့်​လိုက်​နာ​ကျင့် သုံး​လျက်​ရှိ​ကြောင်း​ကို ညီ​အစ်​ကို​အ​ချို့​တို့ လာ​ရောက်​ပြော​ပြ​၍​ကြား​ရ​သ​ဖြင့်​ငါ သည်​အ​လွန်​ဝမ်း​မြောက်​၏။-


သင်​သည်​ခံ​နိုင်​ရည်​ရှိ​ပေ​သည်။ ငါ​၏​အ​တွက် များ​စွာ​ဆင်း​ရဲ​ခံ​ပေ​သည်။ စိတ်​အား​လည်း မ​လျော့။-


``အ​သင်း​တော်​တို့​အား​ဝိညာဉ်​တော်​မိန့်​တော်​မူ သော​စ​ကား​များ​ကို​ကြား​တတ်​သော​နား​ရှိ သူ​တို့​ကြား​ပါ​စေ။ ``အောင်​မြင်​သော​သူ​အား​ဘုရား​သခင်​၏​ဥ​ယျာဉ် တော်​ရှိ​အ​သက်​ပင်​၏​အ​သီး​ကို​စား​ခွင့်​ငါ ပေး​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ