၁ ယော 1:10 - မြန်မာ့စံမီသမ္မာကျမ်း10 အပြစ်မပြုဖူးပါဟု ငါတို့ဆိုလျှင် ငါတို့သည် ဘုရားသခင်ကို လိမ်လည်သောသူဟုဆိုရာရောက်၍ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ငါတို့၌မရှိ။ အခန်းကိုကြည့်ပါ။Common Language Bible10 အကယ်၍မိမိတို့သည်အပြစ်ကူးသူများ မဟုတ်ဟုငါတို့ဆိုပါမူ ဘုရားသခင်အား မုသားသုံးတော်မူသောအရှင်ဟုစွပ်စွဲပြော ဆိုရာရောက်လျက်နှုတ်ကပတ်တော်သည်ငါတို့ ၌မရှိ။ အခန်းကိုကြည့်ပါ။Garrad Bible10 ပြစ် မှား ဘူး သည် မ ဟုတ် ဟု ငါ တို့ ဆို လျှင် မု သာ သုံး တော် မူ သည် ဟု ဆို ရာ ရောက် လျက် တ ရား တော် သည် ငါ တို့၌ မ တည် ချေ။ အခန်းကိုကြည့်ပါ။Judson Bible10 ဒုစရိုက်ကိုမပြုပြီဟု ငါတို့သည်ဆိုလျှင်၊ ဘုရားသခင်ကို မုသားအပြစ်တင်ကြ၏။ နှုတ်ကပတ်တော်လည်း ငါတို့၌မရှိ။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း10 “ကျွန်ုပ်တို့သည် အပြစ်ကျူးလွန်မထားပါ” ဟု ဆိုလျှင် ဘုရားသခင်အား “လိမ်လည်သောအရှင်” ဟု စွပ်စွဲရာရောက်၏။ ကိုယ်တော်၏ နှုတ်ကပတ်တော်သည်လည်း ကျွန်ုပ်တို့ထဲတွင် မရှိ။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူသည် ဤသက်သေခံချက်ကို မိမိအထဲ၌ရရှိထား၏။ ဘုရားသခင်ကိုမယုံကြည်သောသူမူကား ဘုရားသခင်ကို လိမ်လည်သောသူဟုဆိုရာရောက်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က မိမိ၏သားတော်နှင့်ပတ်သက်၍ သက်သေခံတော်မူသောသက်သေခံချက်ကို ထိုသူသည် မယုံကြည်သောကြောင့်ဖြစ်၏။
သားသမီးတို့၊ သင်တို့သည် ခမည်းတော်ကို သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ ဖခင်တို့၊ သင်တို့သည် အစအဦးကပင်ရှိတော်မူသောအရှင်ကို သိကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။ လူငယ်လူရွယ်တို့၊ သင်တို့သည် ခွန်အားနှင့်ပြည့်စုံ၍ ဘုရားသခင်၏နှုတ်ကပတ်တော်သည် သင်တို့၌တည်သဖြင့် မကောင်းသောအရာကို သင်တို့အောင်နိုင်ခဲ့ကြသောကြောင့် သင်တို့ထံ ငါရေးလိုက်၏။
ခရစ်တော်၏နှုတ်ကပတ်တရားကို သင်တို့၌ ကြွယ်ဝစွာတည်စေ၍ အချင်းချင်းတို့ကို အမျိုးမျိုးသောဉာဏ်ပညာဖြင့်သွန်သင်လျက် သတိပေးဆုံးမကာ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေးဆိုင်ရာသီချင်းများကို သင်တို့၏စိတ်နှလုံးနှင့်တကွ ဘုရားသခင်ထံ သီဆိုကြလော့။