ကုလားအုတ်တို့ရေသောက်ပြီးသောအခါ သူသည် အလေးချိန်တစ်ဗေကာရှိသောရွှေနှာဆွဲနှင့် မိန်းကလေးလက်၌ဝတ်ဆင်ရန် အလေးချိန်ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေလက်ကောက်တစ်စုံကို ထုတ်ပေး၍
၁ ပေ 3:3 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏တန်ဆာဆင်ခြင်းသည် ဆံပင်ကျစ်ခြင်း၊ ရွှေတန်ဆာဆင်မြန်းခြင်း၊ အဝတ်အစားများဖြင့်ဆင်ယင်ခြင်းတည်းဟူသော အပြင်ပန်းတန်ဆာဆင်ခြင်းမဖြစ်စေဘဲ Common Language Bible သင်တို့၏ရုပ်ရည်လှပမှုသည်အပြင်အပ လက္ခဏာများဖြစ်သောဖီးလိမ်းဝတ်စားမှု၊ ကျောက်မျက်ရတနာဆင်ယင်မှုတို့အပေါ် တွင်မတည်စေဘဲ၊- Garrad Bible သင် တို့၌ ဦး ဆံ ကျစ် ခြင်း ရွှေ ဆင် ခြင်း အ ဝတ် ကောင်း ဝတ် ခြင်း ဟူ သော အ ပြင် တန် ဆာ မ ဆင် ဘဲ Judson Bible သင်တို့၌ တန်ဆာဆင်ခြင်းမှုကား၊ ဆံပင်ကျစ်ခြင်း၊ ရွှေဆင်ခြင်း၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြင်တန်ဆာ ဆင်ခြင်းမဖြစ်စေဘဲ၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့၏ တန်ဆာဆင်မှုသည် ဆံပင်ကျစ်ခြင်း၊ ရွှေရတနာဆင်မြန်းခြင်း၊ ဝတ်ကောင်းစားလှဝတ်ဆင်ခြင်း စသည့် အပြင်ပန်းအလှဆင်ခြင်း မဖြစ်စေနှင့်။ |
ကုလားအုတ်တို့ရေသောက်ပြီးသောအခါ သူသည် အလေးချိန်တစ်ဗေကာရှိသောရွှေနှာဆွဲနှင့် မိန်းကလေးလက်၌ဝတ်ဆင်ရန် အလေးချိန်ရှယ်ကယ်တစ်ဆယ်ရှိသော ရွှေလက်ကောက်တစ်စုံကို ထုတ်ပေး၍
အကျွန်ုပ်ကလည်း ‘သင်သည် မည်သူ၏သမီးဖြစ်သနည်း’ဟု သူ့အားမေးလျှင် သူက ‘ကျွန်မသည် နာခေါ်အတွက် မိလခါမွေးဖွားပေးသောသားဗေသွေလ၏သမီးဖြစ်ပါသည်’ဟု ဆိုပါသည်။ ထိုအခါ အကျွန်ုပ်သည် သူ၏နှာခေါင်း၌ နှာဆွဲကိုလည်းကောင်း၊ သူ၏လက်၌ လက်ကောက်တို့ကိုလည်းကောင်း ဆင်ယင်ပေးပါသည်။
ထို့နောက် ထိုအစေအပါးသည် ရွှေတန်ဆာ၊ ငွေတန်ဆာနှင့် အဝတ်တန်ဆာတို့ကိုထုတ်၍ ရေဗက္ကာအား ပေး၏။ သူ့အစ်ကိုနှင့် သူ့မိခင်အားလည်း အဖိုးတန်သောလက်ဆောင်များကို ပေး၏။
ယေဇရေလမြို့သို့ ယေဟုရောက်လာကြောင်းကို ယေဇဗေလကြားလျှင် မျက်လုံးကိုအရောင်ခြယ်ပြီး ဆံကေသာကို ပြင်ဆင်ကာ ပြတင်းပေါက်မှ ကြည့်နေ၏။
ထို့နောက် သုံးရက်မြောက်နေ့တွင် ဧသတာသည် နန်းဝတ်နန်းစားကိုဝတ်ဆင်၍ ဘုရင့်ခန်းမဆောင်နှင့်မျက်နှာချင်းဆိုင် နန်းတွင်းဆောင်တွင် ရပ်နေ၏။ ရှင်ဘုရင်သည်လည်း ဘုရင့်ခန်းမဆောင်အဝင်ဝသို့မျက်နှာမူလျက် ခန်းမတွင်းရှိရာဇပလ္လင်ပေါ်တွင် စံမြန်းနေ၏။
ကိုယ်တော်၏မြင့်မြတ်သောအမျိုးသမီးများထဲတွင် ရှင်ဘုရင်တို့၏သမီးတော်များပါဝင်ကြပါ၏။ မိဖုရားသည် ဩဖိရရွှေ ဆင်မြန်းလျက် ကိုယ်တော်၏လက်ယာဘက်တွင် ရပ်နေပါ၏။
မိန်းမတို့သည် မိမိ၏အိမ်နီးချင်းထံမှလည်းကောင်း၊ မိမိအိမ်၌တည်းခိုနေထိုင်သောသူထံမှလည်းကောင်း ငွေထည်များ၊ ရွှေထည်များနှင့် အဝတ်အစားများကို တောင်း၍ သင်တို့သည် သင်တို့၏သားသမီးများကို ဝတ်ဆင်စေရမည်။ ဤသို့ဖြင့် သင်တို့သည် အီဂျစ်လူမျိုးတို့၏ဥစ္စာပစ္စည်းများကို သိမ်းယူရလိမ့်မည်”ဟု မိန့်တော်မူ၏။
အာရုန်ကလည်း “သင်တို့၏မယားနှင့် သားသမီးတို့၏နား၌ဆင်ထားသော ရွှေနားကွင်းများကိုချွတ်၍ ငါ့ထံသို့ယူဆောင်ခဲ့လော့”ဟု သူတို့အားဆို၏။
လူတို့သည် ထိုမကောင်းသောသတင်းကိုကြားကြသောအခါ ငိုကြွေးမြည်တမ်းလျက် မည်သူမျှ မိမိ၏အဆင်တန်ဆာကို မဆင်ဘဲနေကြ၏။
စေတနာစိတ်ရှိသော ယောက်ျားမိန်းမအပေါင်းတို့သည် ရင်ထိုး၊ နားကွင်း၊ လက်စွပ်၊ ဆွဲကြိုး စသည့်ရွှေတန်ဆာအမျိုးမျိုးတို့ကိုယူဆောင်လာကြ၏။ လူတိုင်း ထာဝရဘုရားထံ ချီလွှဲရာပူဇော်သက္ကာအဖြစ် ရွှေကို ချီလွှဲကြ၏။
ကြေးနီအင်တုံနှင့်ကြေးနီခြေတိုင်ကို တွေ့ဆုံစည်းဝေးရာတဲတော်၏အဝင်ဝ၌အစေခံသော အမျိုးသမီးတို့၏ကြေးမုံဖြင့် လုပ်ထား၏။
အို ဇိအုန်မြို့၊ နိုးလော့။ နိုးလော့။ သင့်ခွန်အားကို ဝတ်ဆင်လော့။ အို သန့်ရှင်းသောဂျေရုဆလင်မြို့၊ သင်၏တင့်တယ်သောအဝတ်တို့ကို ဝတ်ဆင်လော့။ အကြောင်းမူကား အရေဖျားမလှီးသောသူ၊ ညစ်ညူးသောသူတို့သည် သင့်အထဲသို့ နောက်တစ်ဖန်ဝင်ရကြမည်မဟုတ်။
ငါသည် ထာဝရဘုရား၌ အလွန်ဝမ်းမြောက်မည်။ ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌ ရွှင်လန်းမည်။ အကြောင်းမူကား သတို့သားသည် ခေါင်းပေါင်းပေါင်းထားသကဲ့သို့၊ သတို့သမီးသည် ရတနာများဖြင့် ကိုယ်ကိုတန်ဆာဆင်ထားသကဲ့သို့ ကိုယ်တော်သည် ငါ့ကို ကယ်တင်ခြင်းအဝတ်တန်ဆာဆင်ယင်ပေး၍ ဖြောင့်မတ်ခြင်းဝတ်ရုံလွှမ်းခြုံစေတော်မူပြီ။
အပျိုကညာသည် မိမိအဆင်တန်ဆာကိုလည်းကောင်း၊ သတို့သမီးသည် မိမိမင်္ဂလာဆောင်ဝတ်စုံကိုလည်းကောင်း မေ့လျော့နိုင်မည်လော။ သို့သော် ငါ၏လူတို့သည် ကာလကြာမြင့်စွာ ငါ့ကိုမေ့လျော့ကြပြီ။
အို ဖျက်ဆီးခြင်းခံရသောသူ၊ သင်မည်သို့ပြုမည်နည်း။ ကတ္တီပါနီကိုဝတ်ဆင်ခြင်း၊ ရွှေတန်ဆာဆင်ယင်ခြင်း၊ မျက်လုံးအလှပေါ်အောင်အရောင်ခြယ်ခြင်းဖြင့် သင့်ကိုယ်သင် အချည်းနှီးလှပစေပြီ။ သင်ချစ်သောသူတို့သည် သင့်ကိုစွန့်ပစ်ပြီ။ သင့်အသက်ကိုသတ်ရန် ရှာကြံကြပြီ။
ထို့ပြင် တမန်ကိုစေလွှတ်၍ ရပ်ဝေးမှယောက်ျားတို့ကို ခေါ်၏။ ထိုယောက်ျားတို့ရောက်လာသောအခါ သင်သည် ရေမိုးချိုးလျက်၊ မျက်လုံးတို့ကို ခြယ်သလျက်၊ အဆင်တန်ဆာများ ဆင်ယင်လျက်၊
သင်တို့သည် ဤလောက၏ပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာသည် မည်သည့်အရာဖြစ်သည်ကို ပိုင်းခြားသိရှိနိုင်ရန် စိတ်နှလုံးကို အသစ်ပြုပြင်ခြင်းဖြင့် ပုံသဏ္ဌာန်ပြောင်းလဲခြင်းရှိကြလော့။