သို့သော် အကောင်းအဆိုးသိကျွမ်းရာအပင်၏အသီးကို မစားရ။ အကြောင်းမူကား ထိုအသီးကိုစားသောနေ့တွင် သင်သည် မုချသေရမည်”ဟု ပညတ်ထားတော်မူ၏။
၁ တိ 5:6 - မြန်မာ့စံမီသမ္မာကျမ်း အပျော်အပါးလိုက်စားသောမုဆိုးမမူကား အသက်ရှင်လျက်ပင် သေဆုံးလေပြီ။ Common Language Bible သို့ရာတွင်အပျော်အပါးမက်သောမုဆိုး မမူကား အသက်ရှင်လျက်ပင်ရှိသော်လည်း အသေကဲ့သို့ဖြစ်၏။- Garrad Bible အ ပျော် အ ပါး မက် သော မု ဆိုး မ မူ ကား အ သက် ရှင် လျက် ပင် အ သေ ဖြစ်၏။ Judson Bible ကာမဂုဏ်စည်းစိမ်၌ပျော်မွေ့သော မုဆိုးမမူကား၊ အသက်ရှိလျက်ပင် အသေဖြစ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် အပျော်အပါးမက်သော မုဆိုးမမှာမူ အသက်ရှင်လျက်ပင် အသေကဲ့သို့ ဖြစ်၏။ |
သို့သော် အကောင်းအဆိုးသိကျွမ်းရာအပင်၏အသီးကို မစားရ။ အကြောင်းမူကား ထိုအသီးကိုစားသောနေ့တွင် သင်သည် မုချသေရမည်”ဟု ပညတ်ထားတော်မူ၏။
မိမိ၏အစေအပါးကို ငယ်ရွယ်စဉ်မှစ၍ အလိုလိုက်လျှင် နောက်ဆုံးတွင် သူသည် မိုက်ရိုင်းစော်ကားတတ်သူဖြစ်သွားလိမ့်မည်။
“ငါတို့သည် မနက်ဖြန်သေရမည်ဖြစ်၍ စားကြသောက်ကြကုန်စို့”ဟု ဆိုလျက် သိုးနွားတို့ကိုသတ်၍ အသားစားကြ၏။ စပျစ်ဝိုင်သောက်လျက် ရွှင်မြူးဝမ်းမြောက်ကြ၏။
အို ဘေဘီလုံသမီးပျို၊ မြေမှုန့်ပေါ်တွင် ဆင်းထိုင်လော့။ အို ခါလဒဲသမီး၊ ရာဇပလ္လင်ပေါ်မဟုတ်၊ မြေကြီးပေါ်တွင် ထိုင်လော့။ သင့်ကို နူးညံ့သိမ်မွေ့သောသူဟု ခေါ်တော့မည်မဟုတ်။
စားကောင်းသောက်ဖွယ်များ စားခဲ့ရသောသူတို့သည်လည်း လမ်းများပေါ်မှာ ငတ်မွတ်သေကျေကြရလေပြီ။ ကြက်သွေးရောင်အိပ်ရာပေါ်မှာ စံစားခဲ့ရသောသူတို့သည်လည်း နောက်ချေးပုံပေါ်၌ အိပ်ရလေပြီ။
ယေရှုကလည်း“ငါ့နောက်သို့လိုက်လော့။ လူသေတို့သည် မိမိတို့၏လူသေတို့ကို သင်္ဂြိုဟ်ကြပါလေစေ”ဟု မိန့်တော်မူ၏။
ငါ၏ဝိညာဉ်ကိုလည်း အချင်းဝိညာဉ်၊ ကောင်းသောအရာအမြောက်အမြားတို့ကို နှစ်ပေါင်းများစွာအတွက် သိုမှီးထားလျက်ရှိပြီ။ အနားယူလော့။ စားသောက်ပျော်မွေ့လော့ဟူ၍ ငါပြောမည်’ဟု ဆိုလေ၏။
ထို့နောက် ရက်များမကြာမီ သားငယ်သည် မိမိ၌ရှိသမျှတို့ကိုစုစည်းပြီးလျှင် ဝေးလံသောတိုင်းပြည်သို့ခရီးထွက်၍ ထိုအရပ်၌ အထိန်းအကွပ်မရှိအသက်ရှင်လျက် မိမိ၏အမွေပစ္စည်းများကို ဖြုန်းတီးလေ၏။
အကြောင်းမူကား ငါ၏ဤသားသည် သေဆုံးခဲ့သော်လည်း ပြန်ရှင်လာပြီး ပျောက်ဆုံးခဲ့သော်လည်း ပြန်တွေ့ရပြီ’ဟု ဆိုလေ၏။ ထို့နောက် သူတို့သည် ပျော်ပွဲရွှင်ပွဲကိုအစပြုကြလေ၏။
သို့သော် သင်၏ညီသည် သေဆုံးခဲ့သော်လည်း အသက်ပြန်ရှင်ပြီး ပျောက်ဆုံးခဲ့သော်လည်း ပြန်တွေ့ရသည်ဖြစ်၍ ယခုဝမ်းမြောက်ပျော်ရွှင်သင့်၏’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။
တစ်ခါက ခရမ်းရောင်ဝတ်ရုံနှင့် ပိတ်ချောထည်များကိုဝတ်ဆင်ကာ နေ့စဉ် စည်းစိမ်ခံစားလျက် ပျော်မွေ့နေသည့် သူဌေးတစ်ဦးရှိ၏။
သို့မဟုတ်လျှင် မည်သည့်အရာကိုကြည့်ရှုရန် ထွက်သွားကြသနည်း။ နူးညံ့သောအဝတ်များဝတ်ဆင်ထားသောသူကိုလော။ တင့်တယ်သောအဝတ်များဝတ်ဆင်လျက် သောက်စားပျော်ပါးနေသောသူတို့သည် နန်းတော်များ၌ရှိကြ၏။
တစ်ချိန်က သင်တို့သည် မိမိတို့၏အပြစ်နှင့်ကျူးလွန်သောအပြစ်များ၌သေနေကြ၍
ကျူးလွန်သောအပြစ်များ၌ သေနေသောငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူ၏။ (သင်တို့သည် ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းခံရကြ၏။)
အကြောင်းမူကား ထင်ရှားလာသောအရာရှိသမျှသည် အလင်းဖြစ်၏။ သို့ဖြစ်၍ “အိပ်ပျော်နေသောသူ၊ နိုးလော့။ သေသောသူတို့ထဲမှ ထမြောက်လော့။ ထိုအခါ ခရစ်တော်သည် သင့်အား အလင်းကိုပေးတော်မူလိမ့်မည်”ဟု ဆိုထား၏။
သင့်ရန်သူတို့သည် သင့်မြို့အားလုံးကိုဝိုင်းထား၍ အကျပ်အတည်းထဲသို့ရောက်စေသောကြောင့် သင့်တွင်ရှိသော အလွန်နူးညံ့သိမ်မွေ့သောယောက်ျားပင်လျှင် မိမိညီအစ်ကို၊ မိမိရင်ခွင်၌ရှိသောမယား၊ ကျန်ရှိသောမိမိသားသမီးတို့အပေါ် တွန့်တိုလိမ့်မည်။
သင့်ရန်သူတို့သည် သင့်မြို့ကိုဝိုင်းထား၍ အကျပ်အတည်းထဲသို့ရောက်စေသောကြောင့် မြေပေါ်ခြေမချဖူးသည့် နူးညံ့သိမ်မွေ့သောမိန်းမပင်လျှင် မိမိရင်ခွင်၌ရှိသောယောက်ျား၊ မိမိသားသမီးတို့အပေါ် တွန့်တိုလိမ့်မည်။
ကျူးလွန်သောအပြစ်များနှင့် ကိုယ်ကာယ၏အရေဖျားမလှီးခြင်းအဖြစ်၌ သေနေသောသင်တို့ကို ဘုရားသခင်သည် ခရစ်တော်နှင့်အတူအသက်ရှင်စေတော်မူ၍ ငါတို့ကျူးလွန်သောအပြစ်အလုံးစုံတို့ကို ခွင့်လွှတ်တော်မူပြီး
အကြောင်းမူကား သူတို့ထဲမှ အချို့တို့သည် အိမ်များသို့ မသိမသာဝင်ပြီးလျှင် တပ်မက်ခြင်းအမျိုးမျိုး၏သွေးဆောင်ရာသို့လိုက်ပါလျက် အပြစ်ကိုထပ်တလဲလဲပြုနေသော မိန်းမမိုက်များကို သိမ်းသွင်းကြ၏။
သင်တို့သည် မြေကြီးပေါ်တွင် အပျော်အပါးလိုက်စား၍ ဇိမ်ခံနေကြပြီ။ သတ်ရန်လျာထားသောနေ့အတွက် မိမိတို့စိတ်နှလုံးကို ဆူဖြိုးအောင်ကျွေးမွေးကြပြီ။
သူသည် မိမိကိုယ်ကိုချီးမြှောက်၍ စည်းစိမ်ခံစားခဲ့သည်နှင့်အမျှ သူ့အား ညှဉ်းဆဲခြင်းနှင့်ဝမ်းနည်းကြေကွဲခြင်းတို့ကို ပေးကြလော့။ အဘယ်ကြောင့်ဆိုသော် သူက ‘ငါသည် မိဖုရားဖြစ်၏။ မုဆိုးမ မဟုတ်။ ဝမ်းနည်းကြေကွဲခြင်းကိုလည်း မည်သည့်အခါမျှ ကြုံတွေ့ရလိမ့်မည်မဟုတ်’ဟု မိမိစိတ်ထဲ၌ဆိုသောကြောင့်ဖြစ်၏။
သာဒိမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးနှင့် ကြယ်ခုနစ်လုံးရှိသောသူက ဤသို့မိန့်တော်မူ၏။ သင်၏လုပ်ဆောင်မှုများကို ငါသိ၏။ သင်သည် အသက်ရှင်နေသည်ဟု နာမည်ခံထားသော်လည်း သေသောသူဖြစ်၏။
ရှမွေလက “အာမလက်ဘုရင်အာဂတ်မင်းကြီးကို ငါ့ထံခေါ်ခဲ့လော့”ဟု ဆိုလျှင် အာဂတ်သည် “ခါးသီးသောသေခြင်းဘေးမှ လွတ်ပြီ”ဟု တွေးလျက် ဝမ်းသာအားရနှင့် ရှမွေလထံသို့ လာခဲ့၏။
သင်တို့က ‘အသင်နာဗလ၊ အသက်ရှည်ပါစေ။ ချမ်းမြေ့ပါစေ။ သင့်အိမ်သူအိမ်သားများလည်း ချမ်းမြေ့ကြပါစေ။ သင်၌ရှိသောသူအပေါင်းတို့လည်း ချမ်းမြေ့ကြပါစေ။