နားမထောင်လျှင်မူကား သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦး၏ထွက်ဆိုချက်အားဖြင့် စကားအားလုံးကိုအတည်ပြုစေရန်အခြားတစ်ဦး၊ သို့မဟုတ် နှစ်ဦးကို သင်နှင့်အတူခေါ်သွားလော့။
၁ တိ 5:19 - မြန်မာ့စံမီသမ္မာကျမ်း သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦးမရှိလျှင် အသင်းတော်အကြီးအကဲအပေါ်စွပ်စွဲချက်ကို လက်မခံနှင့်။ Common Language Bible သက်သေခံသူအနည်းဆုံးနှစ်ဦးသုံးဦးမရှိ လျှင် သင်းအုပ်ဆရာအားပြစ်တင်စွပ်စွဲချက် ကိုနားမထောင်နှင့်။- Garrad Bible နှစ် ဦး သုံး ဦး တို့ သက် သေ မ ခံ လျှင် ဥ က္က ဋ္ဌ အ ပေါ် တွင် စွဲ ဆို ချက် ကို လက် မ ခံ နှင့်။ ပြစ် မှား သူ တို့ ကို ကား ကြွင်း သူ တို့ ပါ ကြောက် ရွံ့ စေ ခြင်း ငှါ ရှိ သ မျှ တို့ မျက် မှောက် တွင် ဆုံး မ လော့။ Judson Bible သက်သေခံနှစ်ဦးသုံးဦး မရှိလျှင်၊ သင်းအုပ်၌ အပြစ်တင်သော စကားကို နားမထောင်နှင့်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သက်သေနှစ်ဦး၊ သုံးဦးမရှိလျှင် သင်းအုပ်အပေါ် စွပ်စွဲခြင်းကို လက်မခံနှင့်။ |
နားမထောင်လျှင်မူကား သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦး၏ထွက်ဆိုချက်အားဖြင့် စကားအားလုံးကိုအတည်ပြုစေရန်အခြားတစ်ဦး၊ သို့မဟုတ် နှစ်ဦးကို သင်နှင့်အတူခေါ်သွားလော့။
ထို့ကြောင့် ပိလတ်မင်းသည် သူတို့ရှိရာအပြင်သို့ ထွက်လာ၍ “သင်တို့သည် ဤသူအပေါ်၌ မည်သည့်စွပ်စွဲချက်ကို တင်ကြသနည်း”ဟု မေးလေ၏။
သင်တို့၏ပညတ်တရားကျမ်း၌လည်း ‘သက်သေနှစ်ဦးထွက်ဆိုသည့်သက်သေခံချက်သည် အမှန်ဖြစ်၏’ဟု ရေးထား၏။
သူတို့သည် ထိုအတိုင်းပြုလျက် ၎င်းကို ဗာနဗနှင့်ရှောလုတို့၏လက်မှတစ်ဆင့် အသင်းတော်အကြီးအကဲများထံသို့ ပေးပို့ကြ၏။
သို့သော် စွပ်စွဲခံရသူတစ်စုံတစ်ဦးသည် စွပ်စွဲသောသူနှင့်မျက်နှာချင်းဆိုင်၍ စွပ်စွဲချက်နှင့်ပတ်သက်ပြီး ချေပပြောဆိုခွင့်မရမီ သူ့ကိုလွှဲအပ်ပေးခြင်းသည် ရောမတို့၏ဓလေ့ထုံးစံမဟုတ်ကြောင်း သူတို့အား အကျွန်ုပ်ဖြေကြားခဲ့ပါသည်။
ယခု တတိယအကြိမ် သင်တို့ထံသို့ ငါလာခဲ့မည်။ သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦး၏ထွက်ဆိုချက်အားဖြင့် စကားအားလုံးသည် အတည်ပြုခြင်းခံရလိမ့်မည်။
သေဒဏ်ခံရမည့်သူသည် သက်သေထွက်ဆိုသူနှစ်ဦးသုံးဦးရှိလျှင် သေဒဏ်ခံရမည်။ သက်သေထွက်ဆိုသူတစ်ဦးတည်းသာရှိလျှင် သေဒဏ်မခံရ။
တစ်စုံတစ်ယောက် ပြုမိသောဒုစရိုက်၊ ကျူးလွန်မိသောအပြစ် တစ်ခုခုအတွက် သက်သေထွက်ဆိုသူတစ်ဦးတည်းသာရှိလျှင် သူ၏စကား အတည်မဖြစ်ရ။ မည်သည့်ပြစ်မှုမဆို သက်သေနှစ်ဦးသုံးဦး၏ထွက်ဆိုသောစကားအားဖြင့်သာ အတည်ဖြစ်ရမည်။
အသင်းတော်အကြီးအကဲများ၏လက်တင်ခြင်းနှင့်တကွ ပရောဖက်ပြုဟောပြောခြင်းအားဖြင့် သင့်အပေါ်ပေးအပ်ထား၍ သင်၌ရှိသည့်ဆုကျေးဇူးကို လျစ်လျူမရှုနှင့်။
ကောင်းစွာစီမံအုပ်ချုပ်နေသောအသင်းတော်အကြီးအကဲများ အထူးသဖြင့် နှုတ်ကပတ်တော်ဝေငှခြင်းနှင့် သွန်သင်ခြင်းတို့အတွက် အားထုတ်လုပ်ဆောင်နေသောအကြီးအကဲများသည် နှစ်ဆသောဂုဏ်ပြုခြင်းကို ခံထိုက်သည်ဟု မှတ်ယူလော့။
အသင်းတော်အကြီးအကဲသည် အပြစ်တင်စရာမရှိသောသူ၊ မယားတစ်ဦးတည်းရှိသောသူဖြစ်ရမည်။ သူ၏သားသမီးတို့သည်လည်း ယုံကြည်သူများဖြစ်ရမည်ဖြစ်ပြီး အပျော်ကြူးခြင်းကြောင့်စွပ်စွဲခံရသူများ၊ သို့မဟုတ် နာခံမှုမရှိသောသူများမဖြစ်ရ။
မောရှေ၏ပညတ်တရားကိုငြင်းပယ်သောသူသည် သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦး၏သက်သေခံချက်အားဖြင့် သက်ညှာခြင်းမရှိဘဲ သေဒဏ်ခံရ၏။