အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ တိ 1:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဤ​ညွှန်ကြားချက်​၏​ရည်ရွယ်ချက်​ပန်းတိုင်​ကား စင်ကြယ်​သော​စိတ်နှလုံး၊ ကြည်လင်​သော​အသိစိတ်​နှင့် ဟန်ဆောင်​မှု​ကင်း​သော​ယုံကြည်​ခြင်း​တို့​မှ​ဖြစ်ပေါ်​လာ​သည့် ချစ်​ခြင်း​မေတ္တာ​ဖြစ်​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ဤ​သို့​ပ​ညတ်​ရ​ခြင်း​အ​ကြောင်း​မှာ​သန့်​စင် သော​မေတ္တာ၊ ကြည်​လင်​သော​သြတ္တပ္ပ​စိတ်​နှင့် စစ်​မှန်​သော​ယုံ​ကြည်​ခြင်း​ကို​နှိုး​ဆွ​ပေး လို​၍​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထို မိန့် မှာ ချက်၏ အ ကျိုး ကား စင် ကြယ် သော နှ လုံး၊ ကြည် လင် သော သြ တ္တ ပ္ပ စိတ်၊ အ ယောင် မ ဆောင် ယုံ ကြည် သော သ ဘော များ မှ ပေါ် လာ သည့် ချစ် ခြင်း မေ တ္တာ တည်း။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​သို့ ပ​ညတ်​ထား​ခြင်း၏ အ​ချုပ်​အ​ခြာ​မူ​ကား၊ စင်​ကြယ်​သော စိတ်​နှ​လုံး​နှင့်​လည်း​ကောင်း၊ ကိုယ်​ကို​ကိုယ်​သိ​သော​စိတ် ကြည်​လင်​ခြင်း​နှင့်​လည်း​ကောင်း၊ မှန်​သော ယုံ​ကြည်​ခြင်း​နှင့်​လည်း​ကောင်း၊ စပ်​ဆိုင်​သော ချစ်​ခြင်း​မေ​တ္တာ​ဖြစ်​သ​တည်း။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ဤသို့ ညွှန်ကြားရသည့် ရည်ရွယ်ချက်​မှာ ဖြူစင်သော​နှလုံးသား၊ စစ်မှန်သော​ယုံကြည်ခြင်း၊ လိပ်ပြာသန့်သော​စိတ်​တို့မှ ဖြစ်ပေါ်လာသော ချစ်ခြင်း​မေတ္တာ​နှင့် အချင်းချင်း​ချစ်ကြ​ရန် ဖြစ်၏။

အခန်းကိုကြည့်ပါ။



၁ တိ 1:5
43 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​ကား အပြစ်ကင်း​သော​လက်​နှင့် ဖြူစင်​သော​စိတ်နှလုံး​ရှိ​သူ​၊ အချည်းနှီး​သော​အရာ​၌ စိတ်ဝိညာဉ်​မှီဝဲဆည်းကပ်​ခြင်း​မ​ရှိ​သူ​၊ လိမ်လည်လှည့်ဖြား​၍​ကျိန်ဆို​ခြင်း​မ​ပြု​သူ​ပင် ဖြစ်​၏​။


အို ဘုရားသခင်​၊ အကျွန်ုပ်​အထဲ​၌ စင်ကြယ်​သော​စိတ်နှလုံး​ကို ဖန်ဆင်း​တော်မူ​ပါ​။ အကျွန်ုပ်​အတွင်း​ထဲ၌ တည်ကြည်​သော စိတ်သဘော​ကို အသစ်​ပြုပြင်​တော်မူ​ပါ​။


အို ဂျေရုဆလင်​မြို့​၊ ကယ်တင်​ခြင်း​ခံရ​ရန် ဆိုးညစ်​သော​သင်​၏​စိတ်နှလုံး​ကို သန့်ရှင်းစင်ကြယ်​စေ​လော့​။ ယုတ်ညံ့​သော​အကြံအစည်​များ​ကို သင့်​စိတ်​ထဲ​၌ မည်မျှ​ကြာ​အောင် ရှိ​နေ​စေ​မည်နည်း​။


ငါ​က ‘​သင်​သည် ငါ့​ကို​ကြောက်ရွံ့​လိမ့်မည်​၊ ငါ​၏​ဆုံးမစကား​ကို နာခံ​လိမ့်မည်၊ ထို့ကြောင့် သင့်​ကို တစ်ခုမျှ​ဒဏ်​မ​ခတ်​၊ သင့်​နေရာ​ကို မ​ဖျက်ဆီး’​ဟု ဆို​သော်လည်း စင်စစ် သူ​တို့​၏​အပြုအမူ​များ​မှာ ပိုမို​ဆိုးဝါး​လာ​၏​။


ကောင်း​သော​သူ​သည် ကောင်း​သော​အရာ​များ​ကို ကောင်း​သော​ဘဏ္ဍာတိုက်​ထဲမှ ထုတ်ဖော်​တတ်​၏။ မကောင်း​သော​သူ​သည်​လည်း မကောင်း​သော​အရာ​များ​ကို မကောင်း​သော​ဘဏ္ဍာတိုက်​ထဲမှ ထုတ်ဖော်​တတ်​၏။


စိတ်နှလုံး​ဖြူစင်​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ဘုရားသခင်​ကို​မြင်​ရ​ကြ​လိမ့်မည်။


ဘုရားသခင်​သည် သူ​တို့​နှင့်​ငါ​တို့​ကို လုံးဝ​ခွဲခြား​တော်​မ​မူ​ဘဲ ယုံကြည်​ခြင်း​အားဖြင့် သူ​တို့​၏​စိတ်နှလုံး​ကို စင်ကြယ်​စေ​တော်မူ​၏။


ပေါလု​သည် တရား​လွှတ်တော်​အဖွဲ့​ကို စေ့စေ့​ကြည့်​လျက် “ညီအစ်ကို​တို့၊ အကျွန်ုပ်​သည် ယနေ့​တိုင်အောင် ဘုရားသခင်​ရှေ့​တော်​၌ ကြည်လင်​သော​အသိစိတ်​အပြည့်အဝ​ဖြင့် ပြုမူ​နေထိုင်​ခဲ့​သည်”​ဟု ဆို​၏။


ထို့ကြောင့် အကျွန်ုပ်​သည် ဘုရားသခင်​ရှေ့၊ လူ​တို့​ရှေ့တွင် အပြစ်တင်​စရာ​ကင်း​သော အသိစိတ်​အမြဲ​ထားရှိ​ရန် ကြိုးစား​အားထုတ်​ပါ​သည်။


ခရစ်တော်​သည် ယုံကြည်​သော​သူ​တိုင်း ဖြောင့်မတ်​ခြင်း​ကို​ရရှိ​ရန် ပညတ်​တရား​၏​အဆုံးသတ်​ရာ​ဖြစ်​တော်မူ​၏။


ချစ်​ခြင်း​မေတ္တာ​သည် ဟန်ဆောင်​မှု​နှင့်​ကင်း​ရ​မည်။ မကောင်း​သော​အရာ​ကို​ရွံမုန်း​၍ ကောင်း​သော​အရာ​ကို​တွယ်တာ​ကြ​လော့။


အစားအစာ​ကြောင့် သင်​၏​ညီအစ်ကို​ကို ဝမ်းနည်း​စေ​လျှင် သင်​သည် မေတ္တာ​ဖြင့် အသက်ရှင်​လျှောက်လှမ်း​သည်​မ​ဟုတ်​တော့​ပေ။ ခရစ်တော်​က ကိုယ်စား​အသေခံ​ပေး​တော်မူ​သော သင့်​ညီအစ်ကို​ကို သင်​၏​အစားအစာ​ကြောင့် မ​ပျက်စီး​စေ​နှင့်။


ငါ​သည် ခရစ်တော်​၌ မုသား​မ​ပါ ဟုတ်မှန်​ရာ​ကို​ပြော​မည်။ ငါ​၏​အသိစိတ်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် ငါ​နှင့်အတူ​သက်သေခံ​လျက်​နေ​သည့်​အကြောင်း​ကား


ငါ​သည် လူ့​ဘာသာ​စကား​နှင့် ကောင်းကင်​တမန်​၏​ဘာသာ​စကား​တို့​ကို ပြော​နိုင်​သော်လည်း မေတ္တာ​မ​ရှိ​လျှင် မြည်ဟည်း​သော​ကြေး​မောင်း​၊ သို့မဟုတ် စူးရှ​စွာ​မြည်​သော လင်းကွင်း​ကဲ့သို့​ဖြစ်​၏။


ငါ​တို့​၏​ဝါကြွား​စရာ​အကြောင်းမှာ ဤသို့​ဖြစ်​၏။ ငါ​တို့​သည် လောက​၌၊ အထူးသဖြင့် သင်​တို့​ရှေ့မှောက်​၌ လောကီ​ဉာဏ်ပညာ​ကို​အမှီ​မ​ပြု​ဘဲ ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​သာ အမှီပြု​လျက် ဘုရားသခင်​ထံမှ​လာ​သော ရိုးသား​ဖြူစင်​ခြင်း​တို့​ဖြင့် အသက်ရှင်​နေထိုင်​ခဲ့​ကြောင်း ငါ​တို့​၏​အသိစိတ်​သည် သက်သေခံ​၏။


ဝိညာဉ်​တော်​၏​အသီးအပွင့်​မူကား ချစ်​ခြင်း၊ ဝမ်းမြောက်​ခြင်း၊ ငြိမ်သက်​ခြင်း၊ စိတ်ရှည်​ခြင်း၊ ကျေးဇူးပြု​ခြင်း၊ ကောင်းမြတ်​ခြင်း၊ သစ္စာစောင့်​ခြင်း၊


ခရစ်တော်​ယေရှု​၌​မူကား အရေဖျား​လှီး​ခြင်း​ဖြစ်စေ၊ အရေဖျား​မ​လှီး​ခြင်း​ဖြစ်စေ မည်သည့်​အရာ​ကို​မျှ မ​စွမ်းဆောင်​နိုင်။ မေတ္တာ​အားဖြင့်​လုပ်ဆောင်​သော ယုံကြည်​ခြင်း​က​သာ စွမ်းဆောင်​နိုင်​၏။


အို အစ္စရေး​လူမျိုး​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​ထံမှ မည်သည့်​အရာ​ကို​တောင်း​သနည်း​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကြောက်ရွံ့​ရ​မည်​၊ လမ်း​တော်​ရှိသမျှ​ကို လိုက်လျှောက်​ရ​မည်​၊ ကိုယ်တော်​ကို​ချစ်​ရ​မည်​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့​ဖြင့် ဝတ်ပြု​ရ​မည်​၊


ငါ့​သား​တိမောသေ၊ သင်​နှင့်​ပတ်သက်၍ ယခင်​ပရောဖက်ပြု​ဟောပြော​ထား​သည့်​အရာ​များ​နှင့်အညီ ဤ​ညွှန်ကြားချက်​ကို သင့်​အား ငါ​ပေး​၏။ ဤသည်ကား သင်​သည် ယုံကြည်​ခြင်း​နှင့်​ကြည်လင်​သော​အသိစိတ်​တို့​ကို​စွဲကိုင်​လျက် ထို​ပရောဖက်ပြု​ဟောပြော​ထား​သည့်​အရာ​များ​အားဖြင့် ကောင်း​သော​တိုက်ပွဲ​ကို တိုက်ခိုက်​နိုင်​မည့်​အကြောင်း​တည်း။


အချို့​သော​သူ​တို့​သည် ထို​အသိစိတ်​ကို ပစ်ပယ်​ကြ​သည့်​အတွက် ယုံကြည်​ခြင်း​အရာ​၌ သင်္ဘော​ပျက်စီး​ဆုံးရှုံး​မှု​ကို​ခံရ​ကြ​ပြီ။


ယုံကြည်​ခြင်း​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ကြည်လင်​သော​အသိစိတ်​ဖြင့် စွဲကိုင်​ထား​သော​သူ​များ​ဖြစ်​ရ​မည်။


ငါ​သည် နေ့​ရော​ည​ပါ​ဆုတောင်း​သောအခါ သင့်​အကြောင်း​ကို အမြဲမပြတ်​သတိရ​လျက် စင်ကြယ်​သော​အသိစိတ်​ဖြင့် ဘိုးဘေး​တို့​လက်ထက်​က​ပင် ဝတ်ပြု​လာ​ခဲ့​သော ဘုရားသခင်​၏​ကျေးဇူး​တော်​ကို ငါ​ချီးမွမ်း​၏။


သင်​၌​ရှိ​သည့် ဟန်ဆောင်​မှု​ကင်း​သော​ယုံကြည်​ခြင်း​ကို​လည်း ငါ​သတိရ​၏။ ထို​ယုံကြည်​ခြင်း​သည် သင်​၏​အဖွား​လောဣ​နှင့် သင်​၏​မိခင်​ဥနိတ်​တို့​၌ ဦးစွာ​တည်ရှိ​၍ ယခု သင်​၌​လည်း တည်ရှိ​သည်​ဟု ငါ​ယုံကြည်​စိတ်ချ​၏။


ထို့ကြောင့် သင်​သည် လူငယ်​တို့​၏​တပ်မက်​ခြင်း​များ​ကို​ရှောင်​၍ စင်ကြယ်​သော​စိတ်နှလုံး​ဖြင့် သခင်​ဘုရား​ကို​ပတ္ထနာ​ပြု​သော​သူ​တို့​နှင့်အတူ ဖြောင့်မတ်​ခြင်း၊ ယုံကြည်​ခြင်း၊ ချစ်​ခြင်း​နှင့် ငြိမ်သက်​ခြင်း​တို့​ကို လက်ကိုင်ပြု​လော့။


စင်ကြယ်​သော​သူ​တို့​အတွက် ခပ်သိမ်း​သော​အရာ​တို့​သည် စင်ကြယ်​ကြ​၏။ သို့သော် ညစ်ညူး​၍ ယုံကြည်​ခြင်း​မ​ရှိ​သော​သူ​တို့​အတွက်​မူကား မည်သည့်​အရာ​မျှ မ​စင်ကြယ်​သည်​သာမက သူ​တို့​၏​စိတ်နှလုံး​နှင့်​အသိစိတ်​တို့​သည်​လည်း ညစ်ညူး​ကြ​၏။


ငါ​တို့​၏​စိတ်နှလုံး​ကို ဆိုးညစ်​သော​အသိစိတ်​နှင့်​ကင်းစင်​စေရန် ပက်ဖျန်း​ခြင်း​ခံယူ​လျက် ကိုယ်ခန္ဓာ​ကို​လည်း စင်ကြယ်​သော​ရေ​ဖြင့်​ဆေးကြော​ကာ ယုံကြည်​ခြင်း​နှင့်ဆိုင်သော​စိတ်ချမှု​အပြည့်အဝ​နှင့် ဖြောင့်မှန်​သော​စိတ်နှလုံး​တို့​ဖြင့် အထံ​တော်​သို့ တိုးဝင်​ချဉ်းကပ်​ကြ​ကုန်စို့။


ငါ​တို့​အတွက် ဆုတောင်း​ပေး​ကြ​လော့။ အကြောင်းမူကား ငါ​တို့​၌ ကြည်လင်​သော​အသိစိတ်​ရှိ​ကြ​သည်​ဟု ငါ​တို့​ယုံကြည်​စိတ်ချ​လျက် အရာရာ​၌ လျောက်ပတ်​စွာ​အသက်ရှင်​နေထိုင်​ရန်​အလို​ရှိ​ကြ​၏။


ထာဝရ​ဝိညာဉ်​တော်​အားဖြင့် အပြစ်​အနာအဆာ​ကင်း​သော မိမိ​ကိုယ်ကို ဘုရားသခင်​ထံ​ပူဇော်​ခဲ့​သည့် ခရစ်တော်​၏​သွေး​တော်​သည် အသက်ရှင်​သော​ဘုရားသခင်​ကို ငါ​တို့​ဝတ်ပြု​မည့်​အကြောင်း သေ​ခြင်း​နှင့်ဆိုင်သော​အကျင့်​များ​မှ ငါ​တို့​၏​အသိစိတ်​ကို မည်မျှ​ပို၍​စင်ကြယ်​စေ​လိမ့်မည်​နည်း။


ဘုရားသခင်​ထံ​တော်​သို့ ချဉ်းကပ်​ကြ​လော့။ သို့ပြုလျှင် ကိုယ်တော်​သည် သင်​တို့​ထံ ချဉ်းကပ်​တော်မူ​လိမ့်မည်။ အပြစ်သား​တို့၊ သင်​တို့​လက်​ကို စင်ကြယ်​စေ​ကြ​လော့။ စိတ်နှစ်ခွ​ရှိ​သော​သူ​တို့၊ သင်​တို့​စိတ်နှလုံး​ကို သန့်ရှင်း​စင်ကြယ်​စေ​ကြ​လော့။


သင်​တို့​သည် သမ္မာတရား​ကို​နာခံ​ခြင်း​အားဖြင့် သင်​တို့​၏​စိတ်​ဝိညာဉ်​များ​ကို သန့်ရှင်း​စင်ကြယ်​စေ​ပြီး ဟန်ဆောင်​မှု​ကင်း​သည့် ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​ကို​ရရှိ​ကြ​သည်​ဖြစ်၍ ဖြူစင်​သော​စိတ်နှလုံး​ဖြင့် အချင်းချင်း​ခိုင်မြဲ​စွာ​ချစ်​ကြ​လော့။


သို့သော် နူးညံ့​သိမ်မွေ့​သော​စိတ်၊ ကြောက်ရွံ့​ရိုသေ​သော​စိတ်​နှင့် ကြည်လင်​သော​အသိစိတ်​တို့​ဖြင့် ဖြေရှင်း​ပြောဆို​ကြ​လော့။ သို့ပြုလျှင် ခရစ်တော်​၌​ရှိ​သည့် သင်​တို့​၏​ကောင်း​သော​အသက်ရှင်​နေထိုင်​မှု​ကို ကဲ့ရဲ့​ရှုတ်ချ​သော​သူ​တို့​သည် သင်​တို့​ကို ပုတ်ခတ်​ပြောဆို​သည့်​အတွက် အရှက်ရ​ကြ​လိမ့်မည်။


ဤ​အရာ​သည် ယခု သင်​တို့​ကို​ကယ်တင်​သော ဗတ္တိဇံ​ကို​ပုံဆောင်​၏။ ဗတ္တိဇံ​သည် ကိုယ်ကာယ​၏​အညစ်အကြေး​ကို ချွတ်ပယ်​ခြင်း​မ​ဟုတ်​ဘဲ ယေရှု​ခရစ်တော်​၏​ရှင်ပြန်​ထမြောက်​ခြင်း​အားဖြင့် ကြည်လင်​သော​အသိစိတ်​ကို ဘုရားသခင်​ထံ​တောင်းလျှောက်​ခြင်း​ဖြစ်​၏။


ချစ်​ခြင်း​မေတ္တာ​သည် များစွာ​သော​အပြစ်​တို့​ကို ဖုံးအုပ်​တတ်​သည်​ဖြစ်၍ ခပ်သိမ်း​သော​အရာ​တို့​ထက် အချင်းချင်း​ကြား​၌ ခိုင်မြဲ​သော​ချစ်​ခြင်း​မေတ္တာ​ရှိ​ကြ​လော့။


ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​၌ ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​ကို​လည်းကောင်း၊ ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​၌ ချစ်​ခြင်း​မေတ္တာ​ကို​လည်းကောင်း လုံ့လ​ဝီရိယ​ရှိသမျှ​ဖြင့် ထပ်ဆင့်​ဖြည့်စွက်​ကြ​လော့။


ဖြောင့်မတ်​ခြင်း​တရား​ကို​မ​ကျင့်သုံး​သော​သူ​တိုင်း​သည် ဘုရားသခင်​နှင့်​မ​စပ်ဆိုင်။ မိမိ​ညီအစ်ကို​ကို​မ​ချစ်​သော​သူ​သည်​လည်း ဘုရားသခင်​နှင့်​မ​စပ်ဆိုင်။ ဤသို့သော​အားဖြင့် ဘုရားသခင်​၏​သားသမီး​များ​နှင့် မာရ်နတ်​၏​သားသမီး​များ​ကို ခွဲခြား​သိရှိ​နိုင်​၏။


ဘုရားသခင်​၏​ပညတ်​တော်​ကား သား​တော်​ယေရှု​ခရစ်တော်​၏​နာမ​တော်​ကို​ယုံကြည်​၍ ငါ​တို့​အား​ပေး​ထား​သည့်​ပညတ်​တော်​အတိုင်း အချင်းချင်း​ချစ်​ကြ​ရန်​ဖြစ်​၏။


ကိုယ်တော်​၌ ဤသို့​မျှော်လင့်​ထား​သော​သူ​တိုင်း​သည် ကိုယ်တော်​သန့်ရှင်း​စင်ကြယ်​တော်မူ​သည့်​နည်းတူ မိမိကိုယ်ကို​သန့်ရှင်း​စင်ကြယ်​စေ​တတ်​၏။