Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ယော 3:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ဘုရားသခင်​၏​ပညတ်​တော်​ကား သား​တော်​ယေရှု​ခရစ်တော်​၏​နာမ​တော်​ကို​ယုံကြည်​၍ ငါ​တို့​အား​ပေး​ထား​သည့်​ပညတ်​တော်​အတိုင်း အချင်းချင်း​ချစ်​ကြ​ရန်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 ကိုယ်​တော်​၏​ပ​ညတ်​တော်​ဟူ​မူ​ကား​ငါ​တို့ သည်​ဘု​ရား​သ​ခင်​၏​သား​တော်​ယေ​ရှု​ခ​ရစ် ကို​ယုံ​ကြည်​ရ​ကြ​မည်။ ထို​အ​ရှင်​မိန့်​တော်​မူ သည်​အ​တိုင်း အ​ချင်း​ချင်း​တစ်​ယောက်​ကို တစ်​ယောက်​ချစ်​ရ​ကြ​မည်​ဟူ​၍​ဖြစ်​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ပ ညတ် တော် ကား သား တော် ယေ ရှု ခ ရစ်၏ နာ မ တော် ကို ယုံ ကြည်၍ မိန့် တော် မူ ခဲ့ သည့် အ တိုင်း အ ချင်း ချင်း ချစ် ကြ ရ မည် ဟူ၍ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ဟူ​မူ​ကား၊ သား​တော်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ရ​မည်။ သား​တော် ပ​ညတ်​တော်​မူ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း ချစ်​ရ​မည်​ဟူ​သော ပ​ညတ်​တော်​ပေ​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 ဘုရားသခင် ပညတ်တော်မူသည်​မှာ သားတော်​ယေရှု​ခရစ်တော်​၏ နာမတော်​ကို ယုံကြည်​၍ ကျွန်ုပ်တို့​ကို ပညတ်တော်မူသည့်​အတိုင်း အချင်းချင်း ချစ်ကြ​ရန် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ယော 3:23
24 ပူးပေါင်းရင်းမြစ်များ  

သား​တော်​ကို​နမ်း​ကြ​လော့​။ သို့မဟုတ်လျှင် အမျက်​တော်​ထွက်​သဖြင့် သင်​တို့​သည် လမ်း​၌​ပျက်စီး​ကြ​ရ​လိမ့်မည်​။ အကြောင်းမူကား ကိုယ်တော်​၏​အမျက်​တော်​မီး​သည် တစ်ခဏချင်း​တွင်​တောက်လောင်​လိမ့်မည်​။ ကိုယ်တော်​ကို​ခိုလှုံ​သော​သူ​အပေါင်း​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။


ဒုတိယ​ပညတ်ချက်​သည်​လည်း ၎င်း​နည်းတူ​ဖြစ်​ပြီး ‘ကိုယ့်​ဝန်းကျင်​၌​ရှိ​သော​သူ​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်’ဟူ၍ ဖြစ်​၏။


ထိုအခါ မိုးတိမ်​သည်​ပေါ်လာ​၍ သူ​တို့​ကို​ဖုံးလွှမ်း​ပြီးလျှင် “ဤ​သူ​ကား ငါ​၏​ချစ်​သား​ပေတည်း။ သူ့​စကား​ကို​နားထောင်​ကြ​လော့”​ဟု မိုးတိမ်​ထဲမှ အသံ​တော်​ထွက်ပေါ်​လာ​၏။


သို့ရာတွင် ကိုယ်တော်​ကို​လက်ခံ​သမျှ​သော​သူ​တည်းဟူသော ကိုယ်တော်​၏​နာမ​တော်​ကို​ယုံကြည်​သော​သူ​တို့​အား ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ရ​သော​အခွင့်​ကို ပေး​တော်မူ​၏။


သင်​တို့​အချင်းချင်း​ချစ်​ကြ​လော့။ သင်​တို့​ကို ငါ​ချစ်​သည့်​နည်းတူ သင်​တို့​သည်​လည်း အချင်းချင်း​ချစ်​ကြ​လော့​ဟူသော​ပညတ်​ချက်​အသစ်​ကို သင်​တို့​အား ငါ​ပေး​၏။


သင်​တို့​စိတ်​ပူပန်​ခြင်း​မ​ရှိ​ကြ​နှင့်။ ဘုရားသခင်​ကို​ယုံကြည်​ကြ​လော့။ ငါ့​ကို​လည်း​ယုံကြည်​ကြ​လော့။


ငါ​၏​ပညတ်​ချက်​ကား ‘ငါ​သည် သင်​တို့​ကို​ချစ်​သကဲ့သို့ သင်​တို့​အချင်းချင်း​ချစ်​ကြ​လော့’ဟူ၍ ဖြစ်​၏။


ထာဝရ​အသက်​ဟူသည်မှာ တစ်ဆူတည်း​သော စစ်မှန်​သည့်​ဘုရား​ဖြစ်​တော်မူ​သော ကိုယ်တော်​ကို​လည်းကောင်း၊ ကိုယ်တော်​စေလွှတ်​တော်မူ​သော ယေရှု​ခရစ်တော်​ကို​လည်းကောင်း သိကျွမ်း​ခြင်း​ပင်​ဖြစ်​ပါ​၏။


ပသခါ​ပွဲတော်​အတောအတွင်း ဂျေရုဆလင်​မြို့​၌ ယေရှု​ရှိ​တော်မူ​စဉ် များစွာ​သော​လူ​တို့​သည် ကိုယ်တော်​ပြု​တော်မူ​သော​နိမိတ်​လက္ခဏာ​တို့​ကို မြင်​ရ​သဖြင့် ကိုယ်တော်​၏​နာမ​တော်​ကို​ယုံကြည်​ကြ​၏။


သား​တော်​ကို​ယုံကြည်​သော​သူ​သည် ပြစ်ဒဏ်​စီရင်​ခြင်း​ကို​မ​ခံရ။ မ​ယုံကြည်​သော​သူ​မူကား ဘုရားသခင်​၏​တစ်ပါးတည်း​သော​သား​တော်​၏​နာမ​တော်​ကို မ​ယုံကြည်​သောကြောင့် ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​ပြီ​ဖြစ်​၏။


ယေရှု​က“ဘုရားသခင်​၏​အမှု​တော်​မှာ ဘုရားသခင်​စေလွှတ်​တော်မူ​သော​သူ​ကို ယုံကြည်​ခြင်း​ပင်​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


သူ​တို့​က​လည်း “သခင်​ယေရှု​ကို​ယုံကြည်​လော့။ သို့ပြုလျှင် သင်​နှင့် သင်​၏​အိမ်သူအိမ်သား​တို့​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်”​ဟု ဆို​ကြ​၏။


ခရစ်တော်​သည် ငါ​တို့​ကို​ချစ်​တော်မူ​၍ ငါ​တို့​အတွက် မိမိကိုယ်ကို ပူဇော်သက္ကာ​နှင့်​ယဇ်​တည်းဟူသော မွှေးကြိုင်​သည့်​ရနံ့​အဖြစ် ဘုရားသခင်​ထံ ဆက်ကပ်​အပ်နှံ​တော်မူ​သည့်​နည်းတူ ချစ်​ခြင်း​မေတ္တာ​၌ အသက်ရှင်​လျှောက်လှမ်း​ကြ​လော့။


ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​နှင့်​ပတ်သက်၍​မူကား သင်​တို့​ထံ​ရေးသား​ရန် မ​လိုအပ်​ပေ။ အကြောင်းမှာ သင်​တို့​ကိုယ်တိုင်​သည် အချင်းချင်း​ချစ်​ကြ​ရန် ဘုရားသခင်​ထံမှ သင်ယူ​ထား​သော​သူ​များ​ဖြစ်​ကြ​၏။


ခရစ်တော်​ယေရှု​သည် အပြစ်သား​တို့​ကို​ကယ်တင်​ရန် ဤ​လောက​သို့​ကြွလာ​တော်မူ​၏​ဟူသော​စကား​သည် သစ္စာ​စကား​ဖြစ်​ပြီး အပြည့်အဝ​လက်ခံ​ထိုက်​သော​စကား​ဖြစ်​၏။ ထို​အပြစ်သား​များ​ထဲတွင် ငါ​သည် အဆိုးဆုံး​ဖြစ်​၏။


သင်​တို့​သည် သမ္မာတရား​ကို​နာခံ​ခြင်း​အားဖြင့် သင်​တို့​၏​စိတ်​ဝိညာဉ်​များ​ကို သန့်ရှင်း​စင်ကြယ်​စေ​ပြီး ဟန်ဆောင်​မှု​ကင်း​သည့် ညီအစ်ကို​ချင်း​ချစ်​သော​မေတ္တာ​ကို​ရရှိ​ကြ​သည်​ဖြစ်၍ ဖြူစင်​သော​စိတ်နှလုံး​ဖြင့် အချင်းချင်း​ခိုင်မြဲ​စွာ​ချစ်​ကြ​လော့။


ချစ်​ခြင်း​မေတ္တာ​သည် များစွာ​သော​အပြစ်​တို့​ကို ဖုံးအုပ်​တတ်​သည်​ဖြစ်၍ ခပ်သိမ်း​သော​အရာ​တို့​ထက် အချင်းချင်း​ကြား​၌ ခိုင်မြဲ​သော​ချစ်​ခြင်း​မေတ္တာ​ရှိ​ကြ​လော့။


ချစ်​ရ​သော​သူ​တို့၊ သင်​တို့​ထံ ငါ​ရေး​လိုက်​သော​ပညတ်​သည် ပညတ်​သစ်​မ​ဟုတ်။ အစအဦး​က​ပင် သင်​တို့​၌​ရှိ​သော ပညတ်​ဟောင်း​သာ​ဖြစ်​၏။ ထို​ပညတ်​ဟောင်း​သည် သင်​တို့​ကြား​ခဲ့​ရ​သော နှုတ်ကပတ်တော်​ဖြစ်​၏။


ငါ​တို့​သည် အချင်းချင်း​ချစ်​ကြ​ရ​မည်​ဟူသော ဤ​သတင်း​စကား​သည် အစအဦး​ကပင် သင်​တို့​ကြားနာ​ရ​သော​သတင်းစကား​ဖြစ်​၏။


မည်သူမဆို ယေရှု​သည် ဘုရားသခင်​၏​သား​တော်​ဖြစ်​ကြောင်း​ဝန်ခံ​လျှင် ဘုရားသခင်​သည် ထို​သူ​၌​တည်​တော်မူ​၍ ထို​သူ​သည်​လည်း ဘုရားသခင်​၌​တည်​၏။


“ဘုရားသခင်​ကို​ချစ်​သော​သူ​သည် မိမိ​ညီအစ်ကို​ကို​လည်း ချစ်​ရ​မည်”​ဟူသော ဤ​ပညတ်​တော်​ကို ကိုယ်တော်​ထံမှ ငါ​တို့​ရရှိ​ကြ​၏။


ဘုရားသခင့်​သား​တော်​၏​နာမ​တော်​ကို​ယုံကြည်​သော​သင်​တို့​ထံ ဤ​အရာ​များ​ကို ငါ​ရေး​လိုက်​ခြင်း​မှာ သင်​တို့​သည် ထာဝရ​အသက်​ကို​ရရှိ​ပြီ​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​စေရန်​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ