ပညတ်တရား၊ သက်သေခံတော်မူချက်တို့ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ ဤစကားနှင့်အညီ မပြောဆိုကြလျှင် သူတို့ထဲ၌ အရုဏ်အလင်းမရောက်သေး။
၁ ကော 9:8 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ဤအရာများကို လူ့သဘောအားဖြင့် ပြောဆိုနေသလော။ ပညတ်တရားသည်လည်း ထိုသို့ဆိုထားသည်မဟုတ်လော။ Common Language Bible ယခုဖော်ပြသည့်ဥပမာများသာမက၊ ပညတ်ကျမ်းကလည်းဤအတိုင်းပင်ထောက် ခံပေသည်။- Garrad Bible လူ့ အ လိုက် သာ မ က ပ ည တ္တိ ကျမ်း လည်း ထို သို့ အ ဆို ရှိ သည် မ ဟုတ် လော။ Judson Bible လောကီဝေါဟာရအားဖြင့်သာ ဤသို့ ငါဆိုသလော။ ပညတ်တရားသည်လည်း ဤသို့ပင်ဆိုသည် မဟုတ်လော။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် ဤအရာများကို လူ့အမြင်ဖြင့်သာ ပြောနေသလော။ ပညတ်တရားသည်လည်း ဤအတိုင်းပင် ဖော်ပြထားသည်မဟုတ်လော။ |
ပညတ်တရား၊ သက်သေခံတော်မူချက်တို့ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ ဤစကားနှင့်အညီ မပြောဆိုကြလျှင် သူတို့ထဲ၌ အရုဏ်အလင်းမရောက်သေး။
သို့ဖြစ်လျှင် ငါတို့သည် ယုံကြည်ခြင်းကြောင့် ပညတ်တရားကို ပယ်ဖျက်ကြသလော။ လုံးဝမပယ်ဖျက်ကြ။ ပညတ်တရားကို တည်မြဲတည်စေကြ၏။
သို့ရာတွင် ငါတို့၏မတရားမှုသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို ထင်ရှားစေလျှင် မည်သို့ဆိုရမည်နည်း။ လူသားတစ်ဦးအနေဖြင့်ငါဆိုသော် အမျက်တော်ကိုသက်ရောက်စေတော်မူသောဘုရားသခင်သည် မဖြောင့်မတ်သောအရှင်ဖြစ်သလော။
သင်တို့၏သွေးသားဇာတိအားနည်းသောကြောင့် ငါသည် လောကီဝေါဟာရအားဖြင့် ပြောဆို၏။ ယခင်က သင်တို့သည် မိမိတို့၏ကိုယ်အင်္ဂါများကို ညစ်ညူးခြင်းနှင့်တရားမဲ့ခြင်းတို့၏ကျွန်အဖြစ် ဆက်သ၍ တရားမဲ့ခြင်းထဲသို့ ရောက်ခဲ့ကြသည့်နည်းတူ ယခု မိမိတို့၏ကိုယ်အင်္ဂါများကို ဖြောင့်မတ်ခြင်း၏ကျွန်အဖြစ် ဆက်သ၍ သန့်ရှင်းခြင်းသို့ရောက်ကြလော့။
မိန်းမတို့သည် အသင်းတော်တွင် တိတ်ဆိတ်စွာနေကြရမည်။ အကြောင်းမူကား သူတို့၌ ဟောပြောရသောအခွင့်မရှိ။ ပညတ်တရား၌လည်းဆိုထားသည့်အတိုင်း သူတို့သည် နာခံမှုရှိကြရမည်။
သို့သော် ငါ၏ထင်မြင်ချက်အရ သူသည် အိမ်ထောင်မပြုဘဲနေလျှင် သာ၍မင်္ဂလာရှိ၏။ ငါ၌လည်း ဘုရားသခင်၏ဝိညာဉ်တော်ရှိသည်ဟု ငါမှတ်ယူ၏။
ညီအစ်ကိုတို့၊ ငါဟောပြောသည့်ကောင်းမြတ်သောသတင်းသည် လူကဖန်တီးထားသောအရာမဟုတ်ကြောင်း သင်တို့အား ငါသိစေလိုပါ၏။
သင်တို့သည် ငါတို့ထံမှကြားနာသော ဘုရားသခင်၏နှုတ်ကပတ်တရားကို လက်ခံကြသောအခါ လူတို့၏စကားအဖြစ်မဟုတ်ဘဲ ၎င်း၏စစ်မှန်သည့်အဖြစ်အတိုင်း တစ်နည်းဆိုသော် ယုံကြည်သောသင်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသော ဘုရားသခင်၏နှုတ်ကပတ်တရားအဖြစ် လက်ခံကြသောကြောင့် ငါတို့သည် ဘုရားသခင်ကို အမြဲမပြတ်ကျေးဇူးတင်ကြ၏။
ထို့ကြောင့် ဤညွှန်ကြားချက်ကို ငြင်းပယ်သောသူသည် လူကိုမဟုတ်ဘဲ သင်တို့အား မိမိ၏သန့်ရှင်းသောဝိညာဉ်တော်ကိုပေးတော်မူသောဘုရားသခင်ကို ငြင်းပယ်၏။