သို့သော် ဘုရားသခင်သည် ဆိုးယုတ်သောသူအား “ငါ၏ပြဋ္ဌာန်းချက်များကိုပြောကြား၍ ငါ၏ပဋိညာဉ်ကိုနှုတ်၌ဆောင်ထားခြင်းသည် သင်နှင့်မည်သို့ဆိုင်သနည်း။
၁ ကော 9:27 - မြန်မာ့စံမီသမ္မာကျမ်း သူတစ်ပါးကို သွန်သင်ပြီးမှ ငါကိုယ်တိုင်ကျရှုံးသောသူ မဖြစ်စေရန် ငါသည် မိမိကိုယ်ခန္ဓာကို ထိုးနှက်၍ နာခံစေ၏။ Common Language Bible ငါသည်သူတစ်ပါးတို့အားပြိုင်ပွဲဝင်ရန်ခေါ် ဖိတ်ခဲ့ပြီးနောက် မိမိကိုယ်တိုင်ပြိုင်ပွဲမှအပယ် မခံရစေရန်ငါ၏ကိုယ်ခန္ဓာကိုမာကြောအောင် ထိုးကြိတ်၍ချုပ်ထိန်း၏။ Garrad Bible ကိုယ် တိုင် ထုတ် ပယ် ခံ ရ မည် စိုး ၍ ငါ့ ခ န္ဓာ ကို ထု သတ် လျက် နှိမ် နှင်း တတ် သ တည်း။ Judson Bible သူတစ်ပါးကို ဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသောသူ မဖြစ်ရမည်အကြောင်း၊ ကိုယ်ကိုထိုး၍ နှိပ်စက်လေ့ရှိ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတစ်ပါးကို ဟောပြောပြီးမှ မိမိကိုယ်တိုင်က အရည်အချင်းမပြည့်မီဘဲနေမည်ကို ကျွန်ုပ်စိုးရွံ့သောကြောင့် ကျွန်ုပ်သည် အားကစားသမားကဲ့သို့ မိမိကိုယ်ခန္ဓာကို ထိုးနှက်၍ ထိန်းချုပ်၏။ |
သို့သော် ဘုရားသခင်သည် ဆိုးယုတ်သောသူအား “ငါ၏ပြဋ္ဌာန်းချက်များကိုပြောကြား၍ ငါ၏ပဋိညာဉ်ကိုနှုတ်၌ဆောင်ထားခြင်းသည် သင်နှင့်မည်သို့ဆိုင်သနည်း။
အလက်နှင့် အလက်တို့၏ပွင့်ဖတ်အုံများသည် ဆီမီးခုံနှင့်တစ်သားတည်းဖြစ်၏။ ဆီမီးခုံတစ်ခုလုံးကို ရွှေစင်တစ်တုံးတည်းနှင့် ထုလုပ်၏။
ထိုသူတို့ကို ထာဝရဘုရားပယ်တော်မူပြီဖြစ်၍ သူတို့သည် ပယ်ထားသောငွေဟူ၍ အခေါ်ခံရမည်။
သို့သော် ဤမုဆိုးမသည် ငါ့ကိုအနှောင့်အယှက်ပေးလှသည်ဖြစ်၍ သူ့အတွက် တရားသဖြင့်စီရင်ပေးမည်။ သို့မဟုတ်လျှင် သူသည် အဖန်ဖန်လာ၍ နောက်ဆုံး၌ ငါ့ကို ပင်ပန်းနွမ်းနယ်စေလိမ့်မည်’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။
လူသည် ကမ္ဘာလောကတစ်ခုလုံးကိုရရှိသော်လည်း သူကိုယ်တိုင်ပျက်စီးလျှင်၊ သို့မဟုတ် ဆုံးရှုံးလျှင် မည်သည့်အကျိုးရှိမည်နည်း။
ယုဒသည် မိမိနေရာသို့သွားရန် တမန်တော်အရိုက်အရာမှ ရွေ့လျောဖောက်ပြန်သွားသည်ဖြစ်၍ ဤအမှုတော်လုပ်ငန်းနှင့် တမန်တော်အရိုက်အရာကိုဆက်ခံရန် ဤသူနှစ်ဦးထဲမှ ကိုယ်တော်ရွေးကောက်သောသူကို ဖော်ပြတော်မူပါ”ဟု ဆုတောင်းကြ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် သွေးသားဇာတိအလိုအတိုင်းအသက်ရှင်လျှင် သေကြရမည်။ သို့သော် ဝိညာဉ်တော်အားဖြင့် ကိုယ်ခန္ဓာ၏လုပ်ဆောင်မှုများကိုသေစေလျှင် သင်တို့သည် အသက်ရှင်ကြလိမ့်မည်။
ထို့ကြောင့် အစားအစာသည် ငါ၏ညီအစ်ကိုကို မှားယွင်းစေလျှင် ငါ့ညီအစ်ကိုအား မမှားယွင်းစေရန် ငါသည် အသားကို ကာလအစဉ်အဆက် မည်သည့်အခါမျှ စားမည်မဟုတ်။
ပြိုင်ပွဲဝင်သောသူတိုင်းသည် အရာရာ၌ မိမိကိုယ်ကိုချုပ်တည်းတတ်၏။ သူတို့သည် ယိုယွင်းပျက်စီးတတ်သော သရဖူကိုရရှိရန် ထိုသို့ပြုကြ၏။ ငါတို့မူကား ယိုယွင်းပျက်စီးခြင်းနှင့်ကင်းသော သရဖူကိုရရှိရန် ထိုသို့ပြုကြ၏။
ကြိုးပမ်းအားထုတ်ခြင်းနှင့် ပင်ပန်းခက်ခဲခြင်း၊ မကြာခဏအိပ်ရေးပျက်ခြင်း၊ အစာငတ်ခြင်းနှင့် ရေငတ်ခြင်း၊ မကြာခဏ အစာပြတ်လပ်ခြင်း၊ ချမ်းအေးဒဏ်ခံရခြင်းနှင့် အဝတ်အချည်းစည်းနေရခြင်းတို့ကိုလည်း ကြုံတွေ့ခဲ့ရ၏။
ထို့ကြောင့် တရားနှင့်မညီမေထုန်ပြုခြင်း၊ ညစ်ညူးခြင်း၊ ကိလေသာပြင်းပြခြင်း၊ ဆိုးယုတ်သောတပ်မက်ခြင်းနှင့် ရုပ်တုကိုးကွယ်ခြင်းတည်းဟူသော လောဘလွန်ကျူးခြင်း စသည့်မြေကြီးနှင့်ဆိုင်သောကိုယ်အင်္ဂါများကို သေစေကြလော့။
ထို့ကြောင့် သင်သည် လူငယ်တို့၏တပ်မက်ခြင်းများကိုရှောင်၍ စင်ကြယ်သောစိတ်နှလုံးဖြင့် သခင်ဘုရားကိုပတ္ထနာပြုသောသူတို့နှင့်အတူ ဖြောင့်မတ်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို လက်ကိုင်ပြုလော့။
ချစ်ရသောသူတို့၊ သင်တို့သည် ဧည့်သည်အာဂန္တုများဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ကိုဆန့်ကျင်တိုက်ခိုက်သော ကိုယ်ကာယတပ်မက်ခြင်းများကို ရှောင်ကြဉ်ကြရန် ငါတိုက်တွန်းနှိုးဆော်ပါ၏။
သူတို့သည် ဖြောင့်တန်းသောလမ်းကိုစွန့်ခွာ၍ လမ်းလွဲကာ မတရားမှုကြောင့်ရရှိသောအဖိုးအခကိုနှစ်သက်သည့် ဗော်သော်၏သား ဗာလမ်၏လမ်းစဉ်ကိုလိုက်ကြ၏။