Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 50:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 သို့သော် ဘုရားသခင်​သည် ဆိုးယုတ်​သော​သူ​အား “​ငါ​၏​ပြဋ္ဌာန်းချက်​များ​ကို​ပြောကြား​၍ ငါ​၏​ပဋိညာဉ်​ကို​နှုတ်​၌​ဆောင်​ထား​ခြင်း​သည် သင်​နှင့်​မည်သို့​ဆိုင်​သနည်း​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က​သူ​ယုတ်​မာ အား ``သင်​သည်​အ​ဘယ်​ကြောင့်​ငါ​၏​ပ​ညတ်​တော်​တို့​ကို ရွတ်​ဆို​ရ​ပါ​သ​နည်း။ ငါ​၏​ပ​ဋိ​ညာဉ်​တော်​အ​ကြောင်း​ကို​အ​ဘယ်​ကြောင့် ပြော​ဆို​ရ​ပါ​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 လူ ဆိုး တို့ အား လည်း၊ သင် သည် ငါ့ ထုံး ဖွဲ့ ချက် များ ကို ကြား ပြော ခြင်း၊ ငါ့ ပ ဋိ ညာဉ် တ ရား တော် ကို နှုတ် မြွက် ခြင်း နှင့် မည် သို့ ဆိုင် သ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 မ​တ​ရား​သော​သူ​ကို​ကား၊ သင်​သည် ငါ၏​အ​ထုံး​အ​ဖွဲ့​တို့​ကို ကြား​ပြော၍ ငါ၏​ပ​ဋိ​ညာဉ်​တ​ရား​ကို မြွက်​ဆို​ခြင်း​ငှာ အ​ဘယ်​သို့​ဆိုင်​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 50:16
20 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​သည် မိမိ​ကို​ကြောက်ရွံ့​သော​သူ​တို့​နှင့်​ရင်းနှီးကျွမ်းဝင်​တော်မူ​၏​။ မိမိ​၏​ပဋိညာဉ်​တော်​ကို​လည်း သူ​တို့​အား သိ​စေ​တော်မူ​၏​။


မိုက်မဲ​သော​သူ​တို့​၏​နှုတ်​မှ​သုတ္တံ​စကား​သည် ခြေမသန်စွမ်း​သော​သူ​၏​တွဲလျား​ကျ​နေ​သည့် ခြေ​တို့​နှင့်​တူ​၏​။


ဘုရားရှင်​က​လည်း “​ဤ​လူမျိုး​သည် နှုတ်​ဖြင့် ချဉ်းကပ်​၍ နှုတ်ခမ်း​ဖြင့် ငါ့​ကို​ဂုဏ်ပြုချီးမွမ်း​ကြ​၏​။ သူ​တို့​၏​စိတ်နှလုံး​မူကား ငါ​နှင့်​ဝေး​လှ​၏​။ သူ​တို့​သည် လူ​တို့​သွန်သင်​သော​ပညတ်ချက်​အရ ငါ့​ကို ကြောက်ရွံ့​ကြ​၏​။


ထာဝရဘုရား​က “​ဆိုးယုတ်​သော​သူ​တို့​၌ ငြိမ်သက်​ခြင်း​မ​ရှိ​”​ဟု မိန့်​တော်မူ​၏​။


ဆိုးယုတ်​သော​သူ​သည် ဆိုးယုတ်မှု​ကို​ပြု​ရာ​မှ ပြန်လှည့်​၍ ဖြောင့်မတ်​မှန်ကန်​သော​အမှု​ကို​ပြု​လျှင် သူ​သည် မိမိ​အသက်ဝိညာဉ်​ကို ကယ်တင်​ရာ​ရောက်​မည်​။


ဘုရားသခင်​သည် ဝိညာဉ်​ဖြစ်​တော်မူ​၍ ဘုရားသခင်​ကို​ကိုးကွယ်​သော​သူ​တို့​သည် ဝိညာဉ်​နှင့်​သမ္မာတရား​အားဖြင့် ကိုးကွယ်​ရ​မည်”​ဟု မိန့်​တော်မူ​၏။


သူတစ်ပါး​ကို သွန်သင်​ပြီးမှ ငါ​ကိုယ်တိုင်​ကျရှုံး​သော​သူ မ​ဖြစ်​စေရန် ငါ​သည် မိမိ​ကိုယ်ခန္ဓာ​ကို ထိုးနှက်​၍ နာခံ​စေ​၏။


ထို​ပဋိညာဉ်​သည် သူ​တို့​ဘိုးဘေး​များ​၏​လက်​ကို​ဆွဲ​၍ အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​လာ​စဉ်​က သူ​တို့​နှင့် ငါ​ပြု​ခဲ့​သော​ပဋိညာဉ်​နှင့်​တူ​လိမ့်မည်​မ​ဟုတ်။ သူ​တို့​သည် ငါ​၏​ပဋိညာဉ်​၌​မ​တည်​သောကြောင့် ငါ​သည်​လည်း သူ​တို့​ကို​လျစ်လျူ​ရှု​ထား​၏”​ဟု ထာဝရ​ဘုရား​မိန့်​တော်မူ​၏။


သူ​တို့​သည် ဖြောင့်တန်း​သော​လမ်း​ကို​စွန့်ခွာ​၍ လမ်းလွဲ​ကာ မတရားမှု​ကြောင့်​ရရှိ​သော​အဖိုးအခ​ကို​နှစ်သက်​သည့် ဗော်သော်​၏​သား ဗာလမ်​၏​လမ်းစဉ်​ကို​လိုက်​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ