ကိုယ်တော်သည် အကျွန်ုပ်၏စိတ်နှလုံးကို ကျယ်စွာဖွင့်ပေးတော်မူသည်ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်လမ်းအတိုင်း ပြေးပါမည်။
၁ ကော 9:21 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ဘုရားသခင်၏ပညတ်တရားနှင့် ကင်းဝေးသောသူမဟုတ်ဘဲ ခရစ်တော်၏ပညတ်တရားအောက်၌ရှိသော်လည်း ပညတ်တရားနှင့်ကင်းဝေးသောသူတို့ကိုရရှိနိုင်ရန် ပညတ်တရားနှင့်ကင်းဝေးသောသူတို့တွင် ပညတ်တရားနှင့်ကင်းဝေးသောသူကဲ့သို့ဖြစ်၏။ Common Language Bible ထိုနည်းတူစွာလူမျိုးခြားများထံတွင် အမှု တော်ဆောင်စဉ်သူတို့ကိုကယ်တင်နိုင်ရန် ပညတ် တရားကိုမကျင့်သုံးဘဲ လူမျိုးခြားကဲ့သို့ နေထိုင်၏။ ဤသို့ဆိုရာ၌ငါသည်ဘုရား သခင်၏ပညတ်တော်ကို မလိုက်နာဟုမဆို လို။ အမှန်အားဖြင့်ဆိုသော် ငါသည်ခရစ်တော် ၏တရားတော်ကို လိုက်နာကျင့်သုံးသူဖြစ် သည်။- Garrad Bible ခ ရစ် တော့် တ ရား အောက် နေ သူ ဟုတ် သော် လည်း တ ရား မဲ့ သူ တို့ ကို ရ ခြင်း ငှာ ထို သူ တို့ ရှေ့ တ ရား မဲ့ သူ အ ဖြစ်၊ Judson Bible ဘုရားသခင့်ရှေ့တော်၌ တရားမဲ့မနေ၊ ခရစ်တော်၏တရားကို ကျင့်သောသူဖြစ်သော်လည်း၊ ပညတ်တရားမဲ့သောသူတို့ကို ရခြင်းအလိုငှာ ပညတ်တရားမဲ့သောသူတို့၌ ပညတ်တရားမဲ့သောသူကဲ့သို့ ဖြစ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဂျူးလူမျိုးတို့၏ပညတ်တရားကို မကျင့်သုံးသော လူမျိုးခြားတို့နှင့်အတူရှိစဉ်က ထိုသူတို့ကို ကယ်တင်နိုင်ရန် ပညတ်တရားကို မကျင့်သုံးသောသူကဲ့သို့ နေထိုင်၏။ သို့ရာတွင် ဘုရားသခင်၏ ပညတ်တရားကို လျစ်လျူမရှု၊ ခရစ်တော်၏ ပညတ်တရားကို နာခံကျင့်သုံး၏။ |
ကိုယ်တော်သည် အကျွန်ုပ်၏စိတ်နှလုံးကို ကျယ်စွာဖွင့်ပေးတော်မူသည်ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏ပညတ်တော်လမ်းအတိုင်း ပြေးပါမည်။
အကြောင်းမူကား သန့်ရှင်းသောဝိညာဉ်တော်နှင့်ငါတို့သည် လိုက်နာရန်လိုအပ်သည့်အောက်ပါအချက်များမှတစ်ပါး အခြားမည်သည့်ဝန်ထုပ်ဝန်ပိုးကိုမျှ သင်တို့အပေါ်မတင်ရန် ဆုံးဖြတ်ထားကြ၏။
ထို့နောက် သူတို့သည် မြို့များကိုဖြတ်သွားရင်း ဂျေရုဆလင်မြို့၌ရှိသောတမန်တော်များနှင့် အသင်းတော်အကြီးအကဲများဆုံးဖြတ်ထားသောစည်းမျဉ်းတို့ကို စောင့်ထိန်းစေရန် လူတို့အားပေးအပ်ကြ၏။
လူမျိုးခြားတို့ထဲမှ ယုံကြည်လာသောသူတို့အတွက်မူကား ရုပ်တုအားပူဇော်ထားသောအရာ၊ သွေး၊ လည်ညှစ်သတ်ထားသောတိရစ္ဆာန်နှင့် တရားနှင့်မညီမေထုန်ပြုခြင်းတို့ကို ရှောင်ကြဉ်ရန် ငါတို့ဆုံးဖြတ်၍ စာရေးသားပေးပို့ကြပြီ”ဟု ဆိုကြ၏။
ပညတ်တရားမပါဘဲ အပြစ်ပြုသောသူရှိသမျှသည် ပညတ်တရားမပါဘဲ ပျက်စီးကြလိမ့်မည်။ ပညတ်တရားအောက်၌ရှိလျက် အပြစ်ပြုသောသူရှိသမျှသည်လည်း ပညတ်တရားအားဖြင့် စီရင်ခြင်းခံရကြလိမ့်မည်။
ပညတ်တရားမရှိသောလူမျိုးခြားတို့သည် ပညတ်တရား၏ပြဋ္ဌာန်းချက်များကို အလိုအလျောက်လိုက်နာကျင့်သုံးကြသောအခါ သူတို့၌ပညတ်တရားမရှိသော်လည်း သူတို့ကိုယ်တိုင်သည် မိမိတို့အတွက် ပညတ်တရားဖြစ်ကြပြီး
တစ်နည်းဆိုသော် ငါသည် အတွင်းဝိညာဉ်လူအားဖြင့် ဘုရားသခင်၏တရားတော်၌ နှစ်သက်ဝမ်းမြောက်လျက်ရှိသော်လည်း
သို့သော် ငါတို့၏သခင်ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။ ဤသို့ဖြင့် ငါသည် မိမိစိတ်နှလုံးအားဖြင့် ဘုရားသခင်၏တရားတော်ကို အစေခံလျက်ရှိသော်လည်း သွေးသားဇာတိအားဖြင့် အပြစ်နှင့်ဆိုင်သောတရားကို အစေခံလျက်ရှိ၏။
ဤသည်ကား သွေးသားဇာတိအလိုအတိုင်းမဟုတ်ဘဲ ဝိညာဉ်တော်အလိုအတိုင်း အသက်ရှင်လျှောက်လှမ်းနေကြသောငါတို့၌ ပညတ်တရား၏ပြဋ္ဌာန်းချက်များ ပြည့်စုံစေရန်ဖြစ်၏။
ဤအချက်ကိုသာ သင်တို့ထံမှ ငါသိလို၏။ သင်တို့သည် ဝိညာဉ်တော်ကို ပညတ်တရားနှင့်ဆိုင်သောအကျင့်အားဖြင့် ခံယူရရှိကြသလော၊ သို့မဟုတ် ကြားနာ၍ယုံကြည်သောအားဖြင့် ခံယူရရှိကြသလော။
အချင်းချင်း၏ဝန်ထုပ်ဝန်ပိုးများကို ကူညီထမ်းရွက်ပေးကြလော့။ ထိုသို့ပြုခြင်းအားဖြင့် သင်တို့သည် ခရစ်တော်၏တရားတော်ကို ပြည့်စုံစေကြလိမ့်မည်။
ထာဝရဘုရားက “ထိုနေ့ရက်များနောက်တွင် အစ္စရေးအမျိုးနှင့် ငါပြုမည့်ပဋိညာဉ်ကား ဤသို့တည်း။ ငါသည် ငါ၏ပညတ်တရားတို့ကို သူတို့၏အသိဉာဏ်ထဲတွင် ထည့်သွင်း၍ သူတို့၏စိတ်နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်ပြီး သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်ကြလိမ့်မည်။