ထို့နောက် သူ့အား “သင်သည် ငါနှင့်အတူ ရက်ပေါင်းများစွာနေရမည်။ ပြည့်တန်ဆာ ပြန်မလုပ်ရ။ အခြားယောက်ျားတို့နှင့် မပေါင်းဖော်ရ။ ငါသည်လည်း သင့်အပေါ် ထိုသို့ပြုမည်”ဟု ငါဆို၏။
၁ ကော 7:4 - မြန်မာ့စံမီသမ္မာကျမ်း မယားသည် မိမိကိုယ်ခန္ဓာကိုမပိုင်၊ လင်ယောက်ျားကသာပိုင်၏။ ထို့အတူ လင်ယောက်ျားသည်လည်း မိမိကိုယ်ခန္ဓာကိုမပိုင်၊ မယားကသာပိုင်၏။ Common Language Bible မယားသည်မိမိကိုယ်ခန္ဓာကိုမပိုင်။ လင်သာ လျှင်ပိုင်၏။ ထိုနည်းတူလင်သည်မိမိကိုယ်ခန္ဓာ ကိုမပိုင်။ မယားသာလျှင်ပိုင်၏။- Garrad Bible မ ယား သည် ကိုယ့် ခ န္ဓာ ကို ကိုယ် မ ပိုင်၊ လင် သာ ပိုင်၏။ လင် လည်း ကိုယ့် ခ န္ဓာ ကို ကိုယ် မ ပိုင်၊ မ ယား သာ ပိုင် ၏။ Judson Bible မိန်းမသည် မိမိကိုယ်ကိုမပိုင်၊ လင်သည်ပိုင်၏။ ထိုနည်းတူ ယောက်ျားသည်လည်း မိမိကိုယ်ကိုမပိုင်၊ မယားသည်ပိုင်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဇနီးသည် မိမိကိုယ်ခန္ဓာကို မပိုင်။ ခင်ပွန်းကသာ ပိုင်၏။ ထို့အတူ ခင်ပွန်းသည် မိမိကိုယ်ခန္ဓာကို မပိုင်။ ဇနီးကသာ ပိုင်၏။ |
ထို့နောက် သူ့အား “သင်သည် ငါနှင့်အတူ ရက်ပေါင်းများစွာနေရမည်။ ပြည့်တန်ဆာ ပြန်မလုပ်ရ။ အခြားယောက်ျားတို့နှင့် မပေါင်းဖော်ရ။ ငါသည်လည်း သင့်အပေါ် ထိုသို့ပြုမည်”ဟု ငါဆို၏။
သို့ဖြစ်၍ သင်တို့အား ငါဆိုသည်ကား တရားနှင့်မညီမေထုန်ပြုခြင်းကြောင့်မဟုတ်ဘဲ မိမိမယားကိုကွာရှင်း၍ အခြားမိန်းမနှင့်ထိမ်းမြားစုံဖက်သောသူသည် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏”ဟု မိန့်တော်မူ၏။
ယောက်ျားသည် မိမိမယားအပေါ်ပြုအပ်သောဝတ်ကို ပြုရမည်။ မိန်းမသည်လည်း မိမိလင်ယောက်ျားအပေါ် ထိုနည်းတူပြုရမည်။
သင်တို့သည် ဆုတောင်းခြင်းအတွက် အပြည့်အဝဆက်ကပ်နိုင်မည့်အကြောင်း ခေတ္တခဏခွဲခွာပြီးနောက် ပြန်၍ပေါင်းသင်းနေထိုင်ရန် နှစ်ဦးသဘောတူညီချက်ဖြင့်မဟုတ်လျှင် အချင်းချင်း၏ခံစားခွင့်ကို မပေးဘဲမနေကြနှင့်။ သို့မဟုတ်လျှင် စာတန်သည် သင်တို့၏ မိမိကိုယ်ကိုမချုပ်တည်းနိုင်မှုအပေါ် အခွင့်ကောင်းယူ၍ သင်တို့အား ဖြားယောင်းသွေးဆောင်လိမ့်မည်။