အကြောင်းမူကား ကိုယ်တော်၏အမျက်တော်သည် ခဏသာဖြစ်၏။ ကိုယ်တော်၏ကျေးဇူးတော်မူကား တစ်သက်လုံးတည်၏။ နေဝင်ချိန်၌ ငိုကြွေးခြင်းသည် လာ၍တည်းခိုသော်လည်း နံနက်အချိန်၌ ရွှင်လန်းစွာကြွေးကြော်ခြင်းသည် ရောက်လာ၏။
၁ ကော 7:30 - မြန်မာ့စံမီသမ္မာကျမ်း ငိုကြွေးသောသူတို့သည် မငိုကြွေးသကဲ့သို့လည်းကောင်း၊ ဝမ်းမြောက်သောသူတို့သည် ဝမ်းမြောက်ခြင်းမရှိသကဲ့သို့လည်းကောင်း၊ ဝယ်ယူသောသူတို့သည် မည်သည့်အရာကိုမျှ မပိုင်ဆိုင်သကဲ့သို့လည်းကောင်း နေကြပါစေ။ Common Language Bible ငိုကြွေးသူများသည်ဝမ်းမနည်းသကဲ့သို့ လည်းကောင်း၊ ရယ်မောသူများသည်ဝမ်းမမြောက် သကဲ့သို့လည်းကောင်းနေအပ်၏။ ဥစ္စာပစ္စည်း ဝယ်ယူသူများသည်ထိုဥစ္စာပစ္စည်းကိုမပိုင် သကဲ့သို့နေအပ်၏။- Judson Bible ငိုကြွေးသောသူသည် မငိုကြွေးသကဲ့သို့ ဖြစ်ရမည်။ ဝမ်းမြောက်သောသူသည် ဝမ်းမမြောက်သကဲ့သို့ ဖြစ်ရမည်။ ဥစ္စာဝယ်သောသူသည် အလျှင်းမရှိသကဲ့သို့ ဖြစ်ရမည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ငိုကြွေးသောသူတို့သည် မငိုကြွေးသကဲ့သို့လည်းကောင်း၊ ဝမ်းမြောက်သောသူတို့သည် ဝမ်းမမြောက်သကဲ့သို့လည်းကောင်း၊ ဝယ်ယူသောသူတို့သည် ထိုဥစ္စာပစ္စည်းများကို မပိုင်ဆိုင်သကဲ့သို့လည်းကောင်း နေသင့်၏။ |
အကြောင်းမူကား ကိုယ်တော်၏အမျက်တော်သည် ခဏသာဖြစ်၏။ ကိုယ်တော်၏ကျေးဇူးတော်မူကား တစ်သက်လုံးတည်၏။ နေဝင်ချိန်၌ ငိုကြွေးခြင်းသည် လာ၍တည်းခိုသော်လည်း နံနက်အချိန်၌ ရွှင်လန်းစွာကြွေးကြော်ခြင်းသည် ရောက်လာ၏။
ငိုကြွေးရသောအချိန်နှင့် ရယ်မောရသောအချိန်ရှိ၏။ မြည်တမ်းရသောအချိန်နှင့် ကခုန်ရသောအချိန်ရှိ၏။
သေခြင်းကို ထာဝရပျက်စီးစေတော်မူမည်။ ဘုရားရှင်ထာဝရဘုရားသည် လူခပ်သိမ်းတို့၏မျက်နှာမှ မျက်ရည်ကို သုတ်ပေးတော်မူမည်။ မိမိလူမျိုးတော်ခံရသောကဲ့ရဲ့ပြစ်တင်ခြင်းကို မြေတစ်ပြင်လုံးမှဖယ်ရှားတော်မူမည်။ ထိုသို့ ထာဝရဘုရားမိန့်တော်မူပြီ။
ဂျေရုဆလင်မြို့တွင်နေထိုင်သော အို ဇိအုန်မြို့သားတို့၊ သင်တို့ ငိုကြွေးရတော့မည်မဟုတ်။ ကိုယ်တော်သည် သင်တို့အော်ဟစ်သောအခါ သင်တို့ကို အမှန်ပင်သနားတော်မူမည်။ သင်တို့အော်ဟစ်သံကို ကြားသောအခါ ထူးတော်မူမည်။
အချိန်ကျရောက်ပြီ။ နေ့ရက်ရောက်လာလေပြီ။ လူအပေါင်းတို့အား ငါအမျက်ထွက်သည်ဖြစ်၍ ဝယ်သူလည်း ဝမ်းမမြောက်နှင့်၊ ရောင်းသူလည်း မညည်းတွားနှင့်။
သို့သော် အာဗြဟံက ‘ငါ့သား၊ သင်သည်အသက်ရှင်စဉ်အခါ မိမိအတွက် ကောင်းသောအရာများကိုရရှိခဲ့၍ လာဇရုသည် မကောင်းသောအရာများကိုရရှိခဲ့ကြောင်း သတိရလော့။ ယခုမူကား သူသည်ဤနေရာတွင် နှစ်သိမ့်ခြင်းကိုခံစားရ၍ သင်သည် ဝေဒနာပြင်းစွာခံစားနေရ၏။
ယခုဆာလောင်နေသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဝပြောခြင်းသို့ရောက်ကြလိမ့်မည်။ ယခုငိုကြွေးနေသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ရယ်မောကြလိမ့်မည်။
ယခု ဝလင်စွာစားရသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဆာလောင်ကြလိမ့်မည်။ ယခု ရယ်မောသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြလိမ့်မည်။
ထို့အတူ သင်တို့သည် ယခုဝမ်းနည်းခြင်းရှိကြသော်လည်း ငါသည် သင်တို့နှင့် တစ်ဖန် ပြန်တွေ့မည်ဖြစ်သောကြောင့် သင်တို့၏စိတ်နှလုံးသည် ဝမ်းမြောက်ခြင်းဖြင့် ပြည့်စုံကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို မည်သူမျှ သင်တို့ထံမှ မနုတ်ယူနိုင်ရာ။
ညီအစ်ကိုတို့၊ ဤသို့ငါဆို၏။ အချိန်အခါကုန်လုနီးပြီဖြစ်သောကြောင့် ယခုမှစ၍ မယားရှိသောသူတို့သည် မယားမရှိသောသူကဲ့သို့လည်းကောင်း၊
လောကအရာကိုသုံးစွဲသောသူတို့သည်လည်း ၎င်းကိုအပြည့်အဝမသုံးစွဲသကဲ့သို့ နေကြပါစေ။ အကြောင်းမူကား ဤလောက၏ပုံစံအဖြစ်သနစ်သည် ရွေ့လျားကွယ်ပျောက်သွားမည်။
သူသည် မိမိကိုယ်ကိုချီးမြှောက်၍ စည်းစိမ်ခံစားခဲ့သည်နှင့်အမျှ သူ့အား ညှဉ်းဆဲခြင်းနှင့်ဝမ်းနည်းကြေကွဲခြင်းတို့ကို ပေးကြလော့။ အဘယ်ကြောင့်ဆိုသော် သူက ‘ငါသည် မိဖုရားဖြစ်၏။ မုဆိုးမ မဟုတ်။ ဝမ်းနည်းကြေကွဲခြင်းကိုလည်း မည်သည့်အခါမျှ ကြုံတွေ့ရလိမ့်မည်မဟုတ်’ဟု မိမိစိတ်ထဲ၌ဆိုသောကြောင့်ဖြစ်၏။
အကြောင်းမူကား ပလ္လင်တော်အလယ်တွင်ရှိသောသိုးသငယ်တော်သည် သူတို့ကိုအုပ်ထိန်း၍ အသက်ရေထွက်ရာစမ်းရေတွင်းသို့ သူတို့ကိုလမ်းပြပို့ဆောင်တော်မူလိမ့်မည်။ ဘုရားသခင်သည်လည်း သူတို့၏မျက်စိမှ မျက်ရည်ရှိသမျှတို့ကို သုတ်ပေးတော်မူလိမ့်မည်”ဟု ဆို၏။