ထို့ကြောင့် သင်တို့သည် မည်သည့်အရာကိုစားရမည်နည်း၊ မည်သည့်အရာကိုသောက်ရမည်နည်းဟု မရှာကြံကြနှင့်။ စိုးရိမ်ပူပန်ခြင်းလည်းမရှိကြနှင့်။
၁ ကော 7:21 - မြန်မာ့စံမီသမ္မာကျမ်း ခေါ်ယူတော်မူခြင်းခံရစဉ် ကျွန်ဖြစ်လျှင် စိတ်အနှောင့်အယှက်မဖြစ်နှင့်။ သို့သော် လွတ်လပ်သူဖြစ်နိုင်လျှင် ထိုအခွင့်အရေးကိုအသုံးပြုလော့။ Common Language Bible ရွေးကောက်တော်မူခြင်းခံရချိန်တွင်သင်သည် ကျွန်ဖြစ်ပါလျှင်ကိစ္စမရှိ။ သို့သော်ကျွန်အဖြစ် မှလွတ်မြောက်ခွင့်ရမည်ဆိုပါကထိုအခွင့် ကိုယူလော့။- Garrad Bible ကျွန် အ ဖြစ်၌ ခေါ် ထား တော် မူ သ လော။ အ ရေး မ ယူ နှင့်။ လွတ် ခွင့် ရ ရှိ လျှင် သာ ခံ ယူ တော့။ Judson Bible အစေခံကျွန်ဖြစ်၍ ခေါ်တော်မူခြင်းကျေးဇူးကို ခံရလျှင် စိုးရိမ်ခြင်းမရှိနှင့်။ သို့သော်လည်း လွတ်ခြင်းသို့ ရောက်နိုင်လျှင် လွတ်ရသောအခွင့်ကို သာ၍ သုံးဆောင်လော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင် ရွေးကောက်တော်မူစဉ်က သင်သည် ကျွန်ဖြစ်နေပါကလည်း မပူပန်နှင့်။ သို့သော် ကျွန်အဖြစ်မှ လွတ်ခွင့်ရလျှင် ထိုအခွင့်အရေးကို ရယူလော့။ |
ထို့ကြောင့် သင်တို့သည် မည်သည့်အရာကိုစားရမည်နည်း၊ မည်သည့်အရာကိုသောက်ရမည်နည်းဟု မရှာကြံကြနှင့်။ စိုးရိမ်ပူပန်ခြင်းလည်းမရှိကြနှင့်။
သင်တို့သည် ကိုယ့်ကိုယ်ကိုယ်သတိထားကြလော့။ သို့မဟုတ်လျှင် အပျော်ကြူးခြင်း၊ သောက်စားမူးယစ်ခြင်းနှင့် အသက်ရှင်ရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ကြောင့် သင်တို့စိတ်နှလုံးလေးလံထိုင်းမှိုင်းနေကြစဉ် ထိုနေ့ရက်သည် ကျော့ကွင်းကဲ့သို့ သင်တို့အပေါ်သို့ ရုတ်တရက်ကျရောက်လာလိမ့်မည်။
အကြောင်းမူကား ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ ဗတ္တိဇံခံကြပြီး အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်းကို သောက်ရကြ၏။
အကြောင်းမူကား ကျွန်ဖြစ်စဉ် သခင်ဘုရား၌ ခေါ်ယူတော်မူခြင်းခံရသောသူသည် သခင်ဘုရားအားဖြင့်လွတ်လပ်ခွင့်ရသူဖြစ်၏။ ထိုနည်းတူ လွတ်လပ်သူဖြစ်စဉ် ခေါ်ယူတော်မူခြင်းခံရသောသူသည် ခရစ်တော်၏ကျွန်ဖြစ်၏။
သင်တို့အားလုံးသည် ခရစ်တော်ယေရှု၌ တစ်လုံးတစ်ဝတည်းဖြစ်ကြသောကြောင့် ဂျူးလူမျိုးနှင့်ဂရိလူမျိုးဟူ၍မရှိ။ ကျွန်နှင့်လွတ်လပ်သူဟူ၍မရှိ။ ယောက်ျားနှင့်မိန်းမဟူ၍လည်းမရှိ။
ငါသည် ဆင်းရဲချို့တဲ့သောကြောင့် ဤသို့ဆိုသည်မဟုတ်။ အကြောင်းမူကား မည်သည့်အခြေအနေ၌မဆို ကျေနပ်ရောင့်ရဲတတ်ရန် ငါသည် သင်ယူခဲ့ပြီ။
မည်သည့်အမှုကိုမျှ မစိုးရိမ်ဘဲ အရာရာ၌ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းခြင်းနှင့်အသနားခံခြင်းတို့ဖြင့် သင်တို့တောင်းခံလိုသောအရာများကို ဘုရားသခင်အား သိစေကြလော့။
ထိုသို့ဖန်ဆင်းပြုပြင်ရာ၌ ဂရိလူမျိုးနှင့်ဂျူးလူမျိုး၊ အရေဖျားလှီးထားသောသူနှင့်မလှီးထားသောသူ၊ သကုသိလူနှင့်လူရိုင်း၊ ကျွန်နှင့်လွတ်လပ်သူဟူ၍မရှိ။ ခရစ်တော်သည် အလုံးစုံဖြစ်ပြီး အလုံးစုံတို့၌ရှိတော်မူ၏။
အသက်ရှင်နေထိုင်မှုတွင် ငွေကိုတပ်မက်ခြင်းမရှိဘဲ မိမိ၌ရှိသောအရာနှင့် ရောင့်ရဲကြလော့။ အကြောင်းမူကား “ငါသည် မည်သည့်အခါမျှ သင့်ကိုစွန့်ခွာမည်မဟုတ်။ မည်သည့်အခါမျှ သင့်ကိုပစ်ပယ်မည်မဟုတ်”ဟု ကိုယ်တော်မိန့်တော်မူ၏။
ဘုရားသခင်သည် သင်တို့ကို ဂရုစိုက်တော်မူသည်ဖြစ်၍ သင်တို့၏စိုးရိမ်ပူပန်ခြင်းရှိသမျှတို့ကို အထံတော်၌ အပ်နှံကြလော့။